[Zawgyi]

သရုပ္ေဆာင္ေလာက ကလူေတြဟာလည္း တျခားအလုပ္အကိုင္လုပ္ကိုင္ေနၾကတဲ႔ လူေတြလုိပါပဲ။ အတတ္ရွိသလို အက်လည္းရွိၾကပါတယ္။ Hollywood မွာအေကာင္းဆံုးသရုပ္ေဆာင္မႈအတြက္ကို ေအာစကာဆု ေပးျပီးေတာ႔ ဆိုးဝါးတဲ႔ သရုပ္ေဆာင္မႈအတြက္ကိုေတာ႔ ေရႊေရာင္ ခ်ယ္ထားတဲ႔ ပလတ္စတစ္ ရက္စ္ဘယ္ရီသီးေပး ႀကတယ္။

ပလတ္စတစ္ ရက္စ္ဘယ္ရီသီး ရဲ႕တန္ဖိုးဟာ ၄.၉၇ ေဒၚလာပဲ ရွိပါတယ္။ ဒီဆုကိုေတာ႔ ေအာစကာဆု မေပးခင္ တရက္အလိုမွာ အဆိုးဝါးဆံုး သရုပ္ေဆာင္ကို ေပးအပ္ေလ႔ရွိပါတယ္။ ဒီေန႔ေတာ႔ ဒီဆုေတြရရွိခဲ႔ဖူးတဲ႔ သရုပ္ေဆာင္ေတြအေၾကာင္းေျပာျပေပးသြားမွာပါ။

(၁) Halle Berry

Halle Berry ဟာလူမည္းအမ်ိဳးသမီးေတြထဲမွာ ပထမဆံုး Best Actress အတြက္ ေအာစကဆု ရရွိခဲ႔တဲ႔ သူပါ။ ၂၀၀၂ ခုနွစ္ Monster’s Ball ဇာတ္ကားနဲ႔ ဒီဆုကို ရရွိခဲ႔တာပါ။ ဆန္႔က်င္ဘက္ ပလတ္စတစ္ ရက္စ္ဘယ္ရီသီးဆုကိုေတာ႔ ၂၀၀၅ ခုနွစ္ Catwoman ရုပ္ရွင္ နဲ႔ရရွိခဲ႔ပါတယ္။ သူမဟာ ဆုေပးပြဲကို တတ္ေရာက္ခဲ႔ျပီး ကိုယ္တုိင္ ဆုလက္ခံယူခဲ႔ပါတယ္။

(၂) John Travolta

John Travolta ဟာ Pulp Fiction နဲ႔ Saturday Night Fever ဇာတ္ကားေတြအတြက္ ေအာ္စကာဆုေပးပြဲမွာ ၂ ႀကိမ္တိုင္တိုင္ ဆန္ခါတင္ စာရင္းဝင္ဖူးပါတယ္။

သူဟာ အဆိုးဝါးဆံုး သရုပ္ေဆာင္မႈအတြက္ Golden Raspberry ဆုကို ဆယ္စုနွစ္တစုအတြင္း ၂ ႀကိမ္တိုင္တိုင္ ဆန္ခါတင္စာရင္းမွာပါဝင္ခဲ႔ပါတယ္။ ယခုအခ်ိန္ထိဆိုရင္ေတာ႔ ၈ ႀကိမ္တိတိရွိသြားပါျပီ။

သူကိုယ္တိုင္ ဒါရိုက္တာလုုပ္ျပီး ရိုက္ကူးထုတ္လုပ္ခဲ႔တဲ႔ Battlefield Earth ဇတ္ကားဟာ Golden Raspberry ဆု ၅ ဆု ရရွိခဲ႔တဲ႔အထိ ဆိုးဝါးခဲ႔ပါတယ္။

(၃) Jennifer Lawrence

Jennifer Lawrence ဟာ ေအာစကာအတြက္ ဆန္ခါတင္ ၄ ႀကိမ္အထိ ပါဝင္ဖူးျပီး ၁ ႀကိမ္ရရွိထားပါတယ္။ ေအာစကာဆုကိုေတာ႔ Silver Linings Playbook ဇာတ္ကားနဲ႔ ၂၀၁၃ ခုနွစ္မွာ ရရွိခဲ႔တာပါ။

ဒါေပမဲ႔ သူမဟာ ၂၀၁၈ ခုနွစ္မွာ Golden Raspberry အတြက္ ဆန္ခါတင္စာရင္းမွာ ပါဝင္ဖူးပါတယ္။ ကံေကာင္းစြာနဲ႔ ဆုနဲ႔ လႊဲေခ်ာ္ခဲ႔ပါတယ္။

(၄) Will Smith

Will Smith ဟာေအာစကာဆုအတြက္ ၂ ႀကိမ္တိတိ ဆန္ခါတင္ စာရင္းမွာပါဝင္ဖူးပါတယ္။ The Pursuit of Happyness နဲ႔ Ali ဇာတ္ကားေတြမွာ အေကာင္းဆံုးသရုပ္ေဆာင္နိူင္ခဲ႔တဲ႔အတြက္ေႀကာင္႔ ဆန္ခါတင္ မွာပါဝင္ခဲ႔တာပါ။

ဒါ႔အျပင္ Will Smith ဟာ After Earth နဲ႔ Wild Wild West ဇာတ္ကားေတြအတြက္ Golden Raspberry ဆုမွာ နွစ္ခါ ဆန္ခါတင္ ပါဝင္ခဲ႔ပါေသးတယ္။

(၅) Eddie Redmayne

Eddie ဟာ The Theory of Everything ဇာတ္ကားနဲ႔ ၂၀၁၅ ခုနွစ္မွာ အေကာင္းဆံုးအမ်ိဳးသားသရုပ္ေဆာင္ဆု ေအာစကာ ရရွိခဲ႔ပါတယ္။

ေနာက္တစ္နွစ္အႀကာမွာလည္း The Danish Girl ဆိုတဲ႔ဇာတ္ကားနဲ႔ ဆန္ကာတင္စာရင္းမွာ ပါဝင္လာခဲ႔ပါေသးတယ္။ ဒါေပမဲ႔ ဆုနဲ႔လႊဲေခ်ာ္ခဲ႔ပါတယ္။ အဲ႔နွစ္မွာ Leonardo DiCaprio ကေအာ္စကာဆု ဆြတ္ခူးခဲ႔တာပါ။

Eddie ဟာေအာ္စကာဆုအျပင္ Jupiter Ascending ဆိုတဲ႔ဇာတ္ကားမွာ သရုပ္ေဆာင္မႈ ဆိုးဝါးခဲ႔တာေႀကာင္႔ Golden Raspberry ေပးအပ္ျခင္းခံခဲ႔ရပါတယ္။

Source: Bright Side

[Unicode]

သရုပ်ဆောင်လောက ကလူတွေဟာလည်း တခြားအလုပ်အကိုင်လုပ်ကိုင်နေကြတဲ့ လူတွေလိုပါပဲ။ အတတ်ရှိသလို အကျလည်းရှိကြပါတယ်။ Hollywood မှာအကောင်းဆုံးသရုပ်ဆောင်မှုအတွက်ကို အောစကာဆု ပေးပြီးတော့ ဆိုးဝါးတဲ့ သရုပ်ဆောင်မှုအတွက်ကိုတော့ ရွှေရောင် ချယ်ထားတဲ့ ပလတ်စတစ် ရက်စ်ဘယ်ရီသီးပေး ကြတယ်။

ပလတ်စတစ် ရက်စ်ဘယ်ရီသီး ရဲ့တန်ဖိုးဟာ ၄.၉၇ ဒေါ်လာပဲ ရှိပါတယ်။ ဒီဆုကိုတော့ အောစကာဆု မပေးခင် တရက်အလိုမှာ အဆိုးဝါးဆုံး သရုပ်ဆောင်ကို ပေးအပ်လေ့ရှိပါတယ်။ ဒီနေ့တော့ ဒီဆုတွေရရှိခဲ့ဖူးတဲ့ သရုပ်ဆောင်တွေအကြောင်းပြောပြပေးသွားမှာပါ။

(၁) Halle Berry

Halle Berry ဟာလူမည်းအမျိုးသမီးတွေထဲမှာ ပထမဆုံး Best Actress အတွက် အောစကဆု ရရှိခဲ့တဲ့ သူပါ။ ၂၀၀၂ ခုနှစ် Monster’s Ball ဇာတ်ကားနဲ့ ဒီဆုကို ရရှိခဲ့တာပါ။ ဆန့်ကျင်ဘက် ပလတ်စတစ် ရက်စ်ဘယ်ရီသီးဆုကိုတော့ ၂၀၀၅ ခုနှစ် Catwoman ရုပ်ရှင် နဲ့ရရှိခဲ့ပါတယ်။ သူမဟာ ဆုပေးပွဲကို တတ်ရောက်ခဲ့ပြီး ကိုယ်တိုင် ဆုလက်ခံယူခဲ့ပါတယ်။

(၂) John Travolta

John Travolta ဟာ Pulp Fiction နဲ့ Saturday Night Fever ဇာတ်ကားတွေအတွက် အော်စကာဆုပေးပွဲမှာ ၂ ကြိမ်တိုင်တိုင် ဆန်ခါတင် စာရင်းဝင်ဖူးပါတယ်။

သူဟာ အဆိုးဝါးဆုံး သရုပ်ဆောင်မှုအတွက် Golden Raspberry ဆုကို ဆယ်စုနှစ်တစုအတွင်း ၂ ကြိမ်တိုင်တိုင် ဆန်ခါတင်စာရင်းမှာပါဝင်ခဲ့ပါတယ်။ ယခုအချိန်ထိဆိုရင်တော့ ၈ ကြိမ်တိတိရှိသွားပါပြီ။

သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Battlefield Earth ဇတ်ကားဟာ Golden Raspberry ဆု ၅ ဆု ရရှိခဲ့တဲ့အထိ ဆိုးဝါးခဲ့ပါတယ်။

(၃) Jennifer Lawrence

Jennifer Lawrence ဟာ အောစကာအတွက် ဆန်ခါတင် ၄ ကြိမ်အထိ ပါဝင်ဖူးပြီး ၁ ကြိမ်ရရှိထားပါတယ်။ အောစကာဆုကိုတော့ Silver Linings Playbook ဇာတ်ကားနဲ့ ၂၀၁၃ ခုနှစ်မှာ ရရှိခဲ့တာပါ။

ဒါပေမဲ့ သူမဟာ ၂၀၁၈ ခုနှစ်မှာ Golden Raspberry အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ဖူးပါတယ်။ ကံကောင်းစွာနဲ့ ဆုနဲ့ လွှဲချော်ခဲ့ပါတယ်။

(၄) Will Smith

Will Smith ဟာအောစကာဆုအတွက် ၂ ကြိမ်တိတိ ဆန်ခါတင် စာရင်းမှာပါဝင်ဖူးပါတယ်။ The Pursuit of Happyness နဲ့ Ali ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိူင်ခဲ့တဲ့အတွက်ကြောင့် ဆန်ခါတင် မှာပါဝင်ခဲ့တာပါ။

ဒါ့အပြင် Will Smith ဟာ After Earth နဲ့ Wild Wild West ဇာတ်ကားတွေအတွက် Golden Raspberry ဆုမှာ နှစ်ခါ ဆန်ခါတင် ပါဝင်ခဲ့ပါသေးတယ်။

(၅) Eddie Redmayne

Eddie ဟာ The Theory of Everything ဇာတ်ကားနဲ့ ၂၀၁၅ ခုနှစ်မှာ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု အောစကာ ရရှိခဲ့ပါတယ်။

နောက်တစ်နှစ်အကြာမှာလည်း The Danish Girl ဆိုတဲ့ဇာတ်ကားနဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆုနဲ့လွှဲချော်ခဲ့ပါတယ်။ အဲ့နှစ်မှာ Leonardo DiCaprio ကအော်စကာဆု ဆွတ်ခူးခဲ့တာပါ။

Eddie ဟာအော်စကာဆုအပြင် Jupiter Ascending ဆိုတဲ့ဇာတ်ကားမှာ သရုပ်ဆောင်မှု ဆိုးဝါးခဲ့တာကြောင့် Golden Raspberry ပေးအပ်ခြင်းခံခဲ့ရပါတယ်။

Source: Bright Side