Bboy သမားတွေအတွက် ကကွက်အဆန်းတွေစိတ်ဝင်တစားလိုက်ရှာကြတာတွေအပြင် Breakdancing နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေကိုလည်း အရူးအမူး စုဆောင်းကြလိမ့်မယ် ထင်ပါတယ်။ တချို့ အကသမားတွေဆိုရင် ဒီလို Breakdancing ဇာတ်ကားတွေကို ကြည့်ရှူမိပြီး Bboy အဖြစ် အသက်မွေးဝမ်းကျောင်း ပြုဖို့ ရွေးချယ်လိုက်ကြတဲ့ သူတွေလည်းရှိပါတယ်။ Breakdancing ခွေတွေကို ရှာဖွေ ကြည့်ရှူလိုသူတွေအတွက် ခေတ်အဆက်ဆက် Breakdancing ကားကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Stomp the Yard

ဒီကားလေးကတော့ DJ ကောင်လေးတစ်ယောက်အကြောင်းစိတ်ဝင်စားဖွယ်ရာ ဖန်တီးပုံဖော်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ညီအကိုနှစ်ယောက် အကပြိုင်ပွဲတွေကို တက်ညီလက်ညီ ပြိုင်ခဲ့ကြပြီး ရင်ခုန်ရာအိပ်မက်တွေကို အတူတကွ လျှောက်လှမ်းကြပေမယ့် နောက်ဆုံးမှာတော့ DJ ကောင်လေးတစ်ယောက်သာ ကျန်ခဲ့ပါတယ်။

ဘဝကို စိတ်ပျက်လက်ပျက်ဖြတ်သန်းနေတုန်း အတန်းဖော်ကောင်မလေးတစ်ယောက်ကို တွေ့ဆုံခွင့်ရခဲ့ပြီး အကလောကထဲ ထပ်မံခြေစုံပစ် ပြန်လည် ဝင်ခဲ့တဲ့ အကြောင်းလေးပါ။ အချစ် ၊ ခွန်အား နဲ့ ကကွက်ဆန်းတွေအကြောင်းကို မြင်တွေ့ရမှာဖြစ်ပြီး ဒီကားလေးကတော့ 2007 ခုနှစ်ရဲ့ လူငယ် ဒရမ်မာကားကောင်းလေး တစ်ကားပါပဲ။

Beat Street

ဒီ Beat Street ဇာတ်ကားကတော့ 1984 ခုနှစ်က ထွက်တဲ့ အမေရိကန် ဒရမ်မာရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေက နယူးယောက်မြို့ရဲ့ Breakdancing ၊ DJ-ing နဲ့ Graffiti အကြောင်းတွေကိုပါ ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Breakin’

ဒီဇာတ်ကားလေးကလည်း 1984 ခုနှစ်က အမေရိကန်နိုင်ငံရဲ့ Breakdancing ယဉ်ကျေးမှုကို အခြေခံရိုက်ကူးထားတဲ့ ဟာသ ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်ပါ။ငယ်ရွယ်လှပတဲ့ Dancer ကောင်မလေးတစ်ယေက်အကြောင်းကို ဟာသရောစွက် ရိုက်ကူးထားတဲ့ ဒရမ်မာကားလေးဖြစ်ပါတယ်။

Wild Style

ဒီကားကလည်း 1983 ခုနှစ်က ကားလေးပါပဲ။ ဒီကားလေးထဲမှာ အဓိက ပုံဖော်ထားတာကတော့ ဂရပ်ဖစ်တီအနုပညာရှင် တစ်ယောက်ရဲ့ အကြောင်းကို ပုံဖော်ထားတာပါ။ ဇာတ်လမ်းထဲမှာတော့ အနုပညာရှင်လူငယ်တစ်ယောက်ရဲ့ ဘဝ ခံယူချက်နဲ့ အတူ အချစ်တွေပါဝင် ပုံဖော်ထားပါတယ်။ ဂရပ်ဖစ်တီဆိုပေမယ့်လည်း Breakdancing, Freestyle MCing နဲ့ Hip-Hopလောကအကြောင်း စုံစုံလင်လင် ရိုက်ကူးတင်ဆက်ထားတဲ့ ကားပဲဖြစ်ပါတယ်။

Breakin’ 2: Electric Boogaloo

ဒီကားကတော့ Breakin’ ကားရဲ့ နောက်ဆက်တွဲကားဖြစ်ပါတယ်။ Breakin’ ကားထဲက ပါဝင်ခဲ့တဲ့ Kelly, David နဲ့ Jason ဆိုတဲ့ Bboy လူငယ်လေး သုံးယောက်ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။ ရူးသွပ်မှုတွေအတွက် ရပ်တည်တဲ့နေရာမှာ ဘဝကို ဘယ်လို တည်ဆောက်ယူရသလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်ကြရမှာဖြစ်ပါတယ်။