Crazy Rich Asians

စာရေးဆရာ Kevin Kwan ရဲ့ The Best Seller ဆု ရရှိထားတဲ့ ဝတ္ထုလေးကို ဇာတ်လမ်းအသွင်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ သာမန်ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Rachel Chy ဆိုသူက သူမရဲ့ချစ်သူ Nick က လူချမ်းသာအသိုင်းအဝိုင်းက သူငှေးသားလေးတစ်ယောက်ဆိုတာ သိပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ကြားက အချစ်ရေးက ဘာဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်ပိတ်ကားထက်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော်။

ပြသပေးသွားမည့်ရုံများ

Junction City, City Mall (St. John), Mingalar ( Dagon Center 2), Mingalar (Gamone Pwint)

Mamma Mia: Here We Go Again

၂၀၀၈ ခုနှစ်ကတည်းက ပရိသတ်တွေရဲ့ အသည်းစွဲရုပ်ရှင် Mamma Mia ရဲ့အဆက်ပါ။ ဟာသအချစ် Musical Movie လေးဖြစ်တဲ့အတွက် ရုပ်ရှင်လည်းကြည့် သီချင်းလည်းနားထောင်ချင်သူတွေအတွက် အံ့ဝင်ဂွင်ကျဖြစ်မှာ အမှန်ပါပဲ။

ပြသပေးသွားမည့်ရုံများ

Junction City

The Mermaid: Lake Of The Dead

Horror Movie တွေကို ကြည့်ချင်ကြပါတယ်ဆိုတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှုကို အမှန်အကန်ပေးစွမ်းနိုင်မဲ့ The Mermaid: Lake Of The Dead ကို သွားကြည့်ဖို့ အကြံပေးချင်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square

နာနာဘာဝချစ်သူ

https://youtu.be/rdI957J2eXQ

အချစ်သရဲဟာသကားကြီးကတော့ ပရိသတ်တွေကို မတူညီတဲ့ ရသတွေနဲ့ ကြည့်ရှုခံစားရအောင် ပြုလုပ်ပေးပါလိမ့်မယ်။ ဗေလုဝနေတဲ့အိမ်မှာ ဘာ့ကြောင့်သရဲမက မကျွတ်မလွတ်ဘဲ ရှိနေရခြင်းအကြောင်းအရင်းကို သိချင်တယ်ဆိုရင်တော့ နာနာဘာဝချစ်သူကားလေးကို သွားကြည့်ဖို့ လက်တို့ပါရစေ။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall, Junction, Mawtin

ဣတ္ထိယ

https://youtu.be/odAeN4iHykc

စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ဖွေးဖွေးတို့သုံးယောက် အပြိုင်သရုပ်ဆောင်ထားပြီး အလင်းရောင်ပါဝင်အားဖြည့်ထားတဲ့ ဣတ္ထိယရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေရဲ့ ဘဝအမောကို ပြေပျောက်စေမှာမို့လိုက် သွားကြည့်လိုက်ကြဦးနော်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall, Junction, Mawtin

လူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာရီ

ဘာသာမတူတဲ့ချစ်သူနှစ်ယောက်ချစ်ကြိုက်သွားတဲ့အခါမှာ ဘာသာရေးအစွဲကြီးတဲ့ကောင်မလေးဖခင်က သဘောတူပါ့မလား။ ချစ်သူနှစ်ယောက်ကြားမှာရော ဘယ်လိုအခက်အခဲလေးတွေရင်ဆိုင်ရမလဲသိချင်ရင်တော့ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို သွားအားပေးကြပါဦးနော်။

ပြသပေးသွားမည့်ရုံများ

Junction City, Mingalar ( Gamone Pwint), Shae Saung Cinema

အဆိုတော်တွေ နေတဲ့ရွာ

ပင်ပန်းသမျှဘဝအမောအပန်းတွေ ပြေပျောက်ဖို့အတွက် အဆိုတော်တွေ နေတဲ့ရွာဆိုတဲ့သရုပ်ဆောင်တွေမြောက်များစွာ ပါဝင်အားဖြည့်ထားတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်လိုက်ကြဦးနော်။

ပြသသွားမည့်ရုံများ

Thamada Cinema, Thwin, Mingalar (Thain Gee Zay), Mingalar Sanpya, Mingalar ( Ga Mone Pwint), Top Royal ( Parami Sein Gay Har), Mingalar Sein Gay Har ( Hlaing Thar Yar)

Christopher Robin

ကလေးဘဝကတုန်းက Winne The Pooh ကာတွန်းကားထဲက Christopher Robin လေးကြီးလာပြီးတော့ သူ့ရဲ့ငယ်ငယ်တုန်းကသူငယ်ချင်းတွေဖြစ်တဲ့ Pooh, Piglet, Tiger စတဲ့ အချစ်တော်လေးတွေကို Live Action အဖြစ်ပိတ်ကားထက်မှာ ကြည့်ရှုခံစားရမှာပါ။ Christopher Robin နဲ့ သူ့အပေါင်းအပါလေးတွေကို ချစ်တယ်ဆိုရင်တော့ မပျက်မကွက်သွားကြည့်လိုက်ကြဦးနော်။

ပြသသွားမည့်ရုံများ

Nay Pyi Taw Cinema

Along With The Gods: The Last 49 Days

၂၀၁၇ ခုနှစ်တုန်းကရုံတင်ပြသသွားတဲ့ Along With The Gods: The Two Worlds ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးရဲ့အဆက်ပါ။ Joo Ho-min ရဲ့ Webtoon ပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ Action စိတ်ကူးယဉ်ဇာတ်လမ်းကောင်းလေးဖြစ်တာမို့လို့ ကိုရီးယားကားနှစ်သက်မြတ်နိုးတဲ့ ပရိသတ်တွေအတွက် လက်လွတ်မခံသင့်တဲ့ ဇာတ်လမ်းလေးမို့ သွားကြည့်လိုက်ကြဦးနော်။

ပြသသွားမည့်ရုံများ

Nay Pyi Taw Cinema

The Meg

The Meg ကတော့ သည်းထိတ်ရင်ဖိုငါးမန်းကားလေးပါ။ Jason Statham, Li Bingbing, Rainn Wilson, Ruby Rose, Winston Chao, Cliff Curtis နဲ့ သူ့အပေါင်းအပါ သိပ္ပံပညာရှင်အဖွဲ့တွေက ကမ်းခြေမှာသောင်းကျန်းချင်သလို သောင်းကျန်းနေတဲ့ ၇၅ ပေ ရှည်တဲ့ငါးမန်းကြီးကို ဘယ်လိုနှိမ်နင်းမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ရုပ်ရှင်ပိတ်ကားထက်မှာ သွားရောက်အားပေးကြရအောင်နော်။

ပြသသွားမည့်ရုံများ

Nay Pyi Taw Cinema, Mingalar Sein Gay Har ( Hlaing Thar Yar)

မင်္ဂလာခုတင်

ပရိသတ်အချစ်တော် ဂျင်းကောင်လို့နာမည်ပြောင်ပေးထားတဲ့ မြင့်မြတ်နဲ့ ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးကို ရယ်မောပျော်ရွှင်နိုင်ဖို့သွားရောက်အားပေးကြရအောင်နော်။

ပြသသွားမည့်ရုံများ

Shae Saung Cinema, Mingalar Sanpya, Mingalar (Gamone Pwint), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar Waziyar

CO2

https://youtu.be/1Tj_Q8itWC4

ကိုယ့်ကို မချစ်မနှစ်သက်တဲ့သူတစ်ယောက်ကို ကိုယ့်ဆီစိတ်လည်လာအောင် အောက်လမ်းသုံးပြီးကြိုးစားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားလေးပါ။ ကောင်မလေးကရော ကိုယ့်ကိုတကယ်ချစ်လာပါ့မလား၊ အောက်လမ်းနည်းကြောင့် ဘယ်လိုရလဒ်တွေရလာမလဲသိချင်တယ်ဆိုရင်တော့ CO2 ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးဖို့ မမေ့ကြနဲ့နော်။

ပြသသွားမည့်ရုံများ

Shae Saung Cinema

Show Time @ Junction Cinemas
Sunday – Thursday: 10AM, 1PM, 4PM, 7PM
Friday – Saturday: 10AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas
Every day: 10 AM, 12.30 PM, 3.30 PM, 6.30 PM & 9.30 PM

Cinema Telephone Booking Contacts
Junction Maw Tin | 01 225 244
Junction City | 01 9253591, 01 9253592
Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineplex | 09 260 887 035 — 36, 01 230 3 165
Mingalar Cineplex (Gamone Pwint) | 09 779 054 671 — 73
Mingalar Cinema 2(Dagon Centre (II) | 09 732 54 091 — 92