Crazy Rich Asians

စာရေးဆရာ Kevin Kwan ရဲ့ The Best Seller ဆု ရရှိထားတဲ့ ဝတ္ထုလေးကို ဇာတ်လမ်းအသွင်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ သာမန်ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Rachel Chu ဆိုသူက သူမရဲ့ချစ်သူ Nick က လူချမ်းသာအသိုင်းအဝိုင်းက သူငှေးသားလေးတစ်ယောက်ဆိုတာ သိပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ကြားက အချစ်ရေးက ဘာဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်ပိတ်ကားထက်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော်။

ပြသပေးသွားမည့်ရုံများ

Junction City, City Mall (St. John), Nay Pyi Taw Cinema, Mingalar Sanpya

Satyamev Jayate

Indian Action ဇာတ်ကားကြီးတွေ မလွတ်တမ်းအားပေးတဲ့ ပရိတ်သတ်တွေအတွက် Satyamev Jayate ဆိုတဲ့ အက်ရှင်ဇာတ်ကားကြီးကို သွားကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီကားထဲမှာ Veer ဆိုတဲ့ ဇာတ်ဆောင်မင်းသားက အကျင့်ပျက်ချစားနေတဲ့ လူတစ်စုကို ဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကို အမိုက်စားကြည့်ရမှာမို့ မလွတ်တမ်းသွားအားပေးကြရအောင်နော်။

ပြသပေးသွားမည့်ရုံများ

Junction City, City Mall, Junction Mawtin

ဟီးဟီးဟားဟား

https://youtu.be/35Og1VyfD-M

မဟုတ်မခံစိတ်ဓာတ်ရှိပြီး ဆင်းရဲသားတွေ အပေါ်မှာ သနားကြင်နာတတ်တဲ့စိတ်ထားရှိတဲ့ ဓားပြဗိုလ်မလေး ဘင်လာခင်၊ ဆင်းရဲသားတွေဆီကနေ အမြတ်ကြီးစားနေတဲ့ လောဘသားတွေကို ဓားပြတိုက်ပြီး ဆင်းရဲသားတွေကို ဝေမျှပေးတဲ့ ဓားပြဗိုလ်မလေးနဲ့ ငွေတိုးချေးစားနေတဲ့ ကွီး ဂျင်းကောင်တို့ နှစ်ယောက် တွေ့ဆုံးကြမယ်ဆိုရင် ဘယ်လိုဟာသအခန်းလေးတွေ ပါလဲမလာဆိုတာကို သိချင်ရင်တော့ ဟီးဟီးဟားဟားကို သွားကြည့်ကြပါနော်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall, Junction Mawtin, Thwin, Mingalr ( Thein Gee Zay), Shae Saung, Mingalar Dagon Center II, Mingalar Sanpya, Mingalar Gamone Pwint, Top Royal ( Parami Sein Gay Har), Mingalr Sein Gay Har ( Hlaing Thar Yar)

Mile 22

CIA Agent တစ်ယောက်ဖြစ်တဲ့ James Silva နဲ့ သူ့အဖွဲ့က အရမ်းကို အရေးကြီးပြီး အန္တရာယ်ရှိတဲ့ တာဝန်တစ်ရပ်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတစ်ခုက အမေရိကန်သံရုံးမှာ ထိန်းသိမ်းခံထားရတဲ့ အရည်အချင်းရှိတဲ့ နိုင်ငံခြားသားသတင်းပေးတစ်ယောက်ကို လေဆိပ်ကနေ ပြည်ပသို့ လုံလုံခြုံခြုံရောက်သွားအောင် ပို့ဆောင်ပေးဖို့ပါ။ သံရုံးကနေ လေဆိပ်အကွာအဝေးက ၂၂ မိုင်ပါ။ CIA Agent နဲ့ သူ့အဖွဲ့တွေ တာဝန်ပြီးမြောက်ပါ့မလား၊ ဘယ်လိုအခက်အခဲအတားအဆီးတွေ ကြုံရမလဲဆိုတာ သိရအောင် Mile 22 ဆိုတဲ့ အက်ရှင်ဇာတ်ကားကြီးကို သွားကြည့်လိုက်ပါနော်။

ပြသပေးသွားမည့်ရုံများ

Nay Pyi Taw Cinema, Mingalar Cineplex ( Gamone Pwint )

နာနာဘာဝချစ်သူ

https://youtu.be/rdI957J2eXQ

အချစ်သရဲဟာသကားကြီးကတော့ ပရိသတ်တွေကို မတူညီတဲ့ ရသတွေနဲ့ ကြည့်ရှုခံစားရအောင် ပြုလုပ်ပေးပါလိမ့်မယ်။ ဗေလုဝနေတဲ့အိမ်မှာ ဘာ့ကြောင့်သရဲမက မကျွတ်မလွတ်ဘဲ ရှိနေရခြင်းအကြောင်းအရင်းကို သိချင်တယ်ဆိုရင်တော့ နာနာဘာဝချစ်သူကားလေးကို သွားကြည့်ဖို့ လက်တို့ပါရစေ။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square

ဣတ္ထိယ

https://youtu.be/odAeN4iHykc

စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ဖွေးဖွေးတို့သုံးယောက် အပြိုင်သရုပ်ဆောင်ထားပြီး အလင်းရောင်ပါဝင်အားဖြည့်ထားတဲ့ ဣတ္ထိယရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေရဲ့ ဘဝအမောကို ပြေပျောက်စေမှာမို့လိုက် သွားကြည့်လိုက်ကြဦးနော်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square

အဆိုတော်တွေ နေတဲ့ရွာ

အဆိုတော်တွေနေတဲ့

အအ…အိအိ….အူးအူး….ကဲ….အန်ကယ်ရဲ့ Vocal Training မှာဘယ်လိုတွေတိုင်ပတ်ပြီးရယ်လိုက်ရတာအူတောင်နာတယ်ဆိုတဲ့အဆိုတော်တွေနေတဲ့ရွာရုပ်ရှင်ဇာတ်ကားကြီးကိုMingalar Cinemasအဆင့်မြင့်ရုပ်ရှင်ရုံများတွင် ပြသနေပြီနော်…..

Posted by Mingalar Cinemas on Saturday, August 25, 2018

ပင်ပန်းသမျှဘဝအမောအပန်းတွေ ပြေပျောက်ဖို့အတွက် အဆိုတော်တွေ နေတဲ့ရွာဆိုတဲ့သရုပ်ဆောင်တွေမြောက်များစွာ ပါဝင်အားဖြည့်ထားတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်လိုက်ကြဦးနော်။

ပြသသွားမည့်ရုံများ

Thamada Cinema, Mingalar Sanpya, Mingalar ( Ga Mone Pwint), Mingalar Sein Gay Har ( Hlaing Thar Yar), Mingalar Waziyar

Along With The Gods: The Last 49 Days

၂၀၁၇ ခုနှစ်တုန်းကရုံတင်ပြသသွားတဲ့ Along With The Gods: The Two Worlds ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးရဲ့အဆက်ပါ။ Joo Ho-min ရဲ့ Webtoon ပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ Action စိတ်ကူးယဉ်ဇာတ်လမ်းကောင်းလေးဖြစ်တာမို့လို့ ကိုရီးယားကားနှစ်သက်မြတ်နိုးတဲ့ ပရိသတ်တွေအတွက် လက်လွတ်မခံသင့်တဲ့ ဇာတ်လမ်းလေးမို့ သွားကြည့်လိုက်ကြဦးနော်။

ပြသသွားမည့်ရုံများ

Nay Pyi Taw Cinema

မင်္ဂလာခုတင်

https://youtu.be/PU9Kq2AE75I

ပရိသတ်အချစ်တော် ဂျင်းကောင်လို့နာမည်ပြောင်ပေးထားတဲ့ မြင့်မြတ်နဲ့ ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးကို ရယ်မောပျော်ရွှင်နိုင်ဖို့သွားရောက်အားပေးကြရအောင်နော်။

ပြသသွားမည့်ရုံများ

Shae Saung Cinema, Mingalar (Gamone Pwint)

Show Time @ Junction Cinemas
Sunday – Thursday: 10AM, 1PM, 4PM, 7PM
Friday – Saturday: 10AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas
Every day: 10 AM, 12.30 PM, 3.30 PM, 6.30 PM & 9.30 PM

Cinema Telephone Booking Contacts
Junction Maw Tin | 01 225 244
Junction City | 01 9253591, 01 9253592
Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineplex | 09 260 887 035 — 36, 01 230 3 165
Mingalar Cineplex (Gamone Pwint) | 09 779 054 671 — 73
Mingalar Cinema 2(Dagon Centre (II) | 09 732 54 091 — 92