ကြွေ

https://www.youtube.com/watch?v=TLU7VZgAAXs

တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်ရွှင်စရာလေးတွေကို ရိုက်ကူးတင်ဆက်ထားပြီး လူငယ်သဘာဝအတိုင်း ကျောင်းက နာမည်ကြီး ခပ်ချောချောကောင်မလေးတစ်ယောက်ကို ရိုးရိုးအအ ကောင်လေးတစ်ယောက်က ဘယ်လိုပိုးပန်းမလဲဆိုတာ ဟာသလေးရောပြီး ပုံဖော်ရိုက်ကူးထားတဲ့ “ကြွေ” မြန်မာ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ သားညီ ရိုက်ကူးပြီး လွှမ်းပိုင် ၊ အိချောပို ၊ ရဲအောင်နဲ့ စိုးမြတ်သူဇာတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall , MawTin

တိမ်တိုက်တံတား

https://www.youtube.com/watch?v=e1_JgRMhEdk

မြန်မာဒရာမာကားဖြစ်တဲ့ တိမ်တိုက်တံတားကတော့ ဒါရိုက်တာ  ဩရသရိုက်ကူးထားပြီး နေတိုး ၊ ထွန်းထွန်း ၊ ခင်ဝင့်ဝါ တို့အပြင် Ngayen Tran တို့ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall , MawTin

Incident In A Ghostland

အဒေါ်တော်သူဆီက အမွေရထားတဲ့ အိမ်ကြီးမှာ ဘယ်လို သည်းထိပ်ရင်ဖို ကိစ္စရပ်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို အင်္ဂလိပ်သရဲကားဖြစ်တဲ့ Incident in a Ghostland ကို ဒီတစ်ပတ် ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, City Mall

Skyscraper

Skyscraper ရုပ်ရှင်ကားကတော့ အက်ရှင်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရားကတော့ FBI agent တစ်ယောက်က မိုးမျှော်တာဝါကို အပိုင်သိမ်း အနုကြမ်းစီးထားတဲ့ အကြမ်းဖက်သူတွေလက်ထဲကနေ သူ့မိသားစုကို သက်စွန့်ဆံဖျား သွားရောက်ကယ်တင်တဲ့အကြောင်းကို ရိုက်ကူထားတာဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, Junction Maw Tin

ဝိညာဉ်စိမ်း

https://www.youtube.com/watch?v=MuqILN-gjaw&t=42s

သည်းထိတ်ရင်ဖို ကြိုက်တဲ့သူတွေဆိုရင်တော့ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးထားပြီး နိုင်ငံကျော်သရုပ်ဆောင်များဖြစ်ကြတဲ့ ကျော်သူ၊ ရန်အောင်၊ မင်းမော်ကွန်း၊ မြင့်မြတ်၊ ကျော်ကျော်ဗို၊ ဟိန်းဝေယံနှင့် စိုးမြတ်သူဇာတို့မှ အထူးသရုပ်ဆောင်ထားကြတဲ့  ဝိညာဉ်စိမ်းဆိုတဲ့ ဇာတ်ကားကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square

Ant-Man and the Wasp

Marvel ရဲ့ အမှန်အကန် ပရိသတ်တွေအတွက် အခုရုံတင်မယ့် 2018 Ant-Man and the Wasp  ဟာ ၂၀၁၅ မှာ ထွက်ခဲ့တဲ့ စူပါဟီးရိုး ဇာတ်ကားရဲ့အဆက်ပဲ ဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City , Nay Pyi Taw

ရာဇဝင် ရိုင်းခဲ့သည်

https://www.youtube.com/watch?v=CDhPxakRT-o&t=5s

မြန်မာကားတွေထဲကနေ ရုံတင်သွားမယ့် ဇာတ်ကားသစ်ကတော့ ဇေရဲထက် ၊ ရဲအောင် ၊ အောင်လေး ၊ ဇင်ဇင်ဇော်မြင့် ၊ ခင်ဇာခြည်ကျော် စတဲ့သရုပ်ဆောင်များစွာ ပါဝင်သော ရာဇဝင်ရိုင်းခဲ့သည် ဆိုတဲ့ ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City

တိုးကျော်မှန်နဲ့ နန်းဆန်တဲ့ရွာ

https://www.youtube.com/watch?v=PPRXaAM0kOc&t=91s

ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးထားပြီး ကျော်ရဲအောင် ၊ ပြေတီဦး ၊ ဗေလုဝ ၊ သင်ဇာဝင့်ကျော် ၊ အေးမြတ်သူ ၊ မေဆူးမောင် နဲ့ မိုးပွင့်ဖြူစတဲ့ သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ တိုးကျော်မှန်း နဲ့ နန်းဆန်တဲ့ရွာ ဟာသဇာတ်ကားပဲဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Mingalar Sanpya Cineplex, Shae Saung Cinema

ငဒူ

ဟာသမကျ ဒရမ်မာမကျကိုကြည့်ရှုချင်တယ်ဆိုရင်တော့ ငဒူဆိုတဲ့ မြန်မာဇာတ်ကားရှိပါတယ်။ ဒါရိုက်တာ ညွန့်မြန်မာ ညီညီမောင် ရိုက်ကူးထားပြီး မြင့်မြတ်၊ ရွှေမှုန်ရတီ၊ နန်းဆုဦးတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ပြသပေးသွားမယ့်ရုံများ

Mingalar Sanpya Cineplex, Shae Saung Cinema

ဘော်ဘော်ကထှော်

https://www.youtube.com/watch?v=Rs1K600X2hc&t=6s

မြန်မာဟာသဇာတ်လမ်းဖြစ်တဲ့ ဘော်ဘော်ကထှော် ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်မှရိုက်ကူထားပြီး မြင့်မြတ်၊ ရာဇာနေဝင်း၊ ခင်လှိုင်၊ ဂျိုကာ၊ ရွေသမီးအပြင် ဆုအိမ်စံတို့ ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Mingalar Sanpya Cineplex, Mingalar Cineplex (Gamone Pwint), Mingalar Cinema 2(Dagon Centre (II), Thamada Cinema, Thwin

ဝိုင်းကြီးချူပ် စပွန်ဆာ

https://www.youtube.com/watch?v=bvM-PVtAuMA

ဟာသကားကိုမှ ကြိုက်တာဆိုရင်တော့ဖြင့် စပွန်ဆာ အမ်းနည်းမျိုးစုံကို ဇာတ်စုံခင်းထားပြီး ပရိသတ်တွေတစ်ဝါးဝါးရယ်ရပြီး ဘဝအမောတွေပြေပျောက်စေမဲ့ ” ဝိုင်းကြီးချုပ်စပွန်ဆာ”ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Mingalar Sanpya Cineplex, Shae Saung Cinema, Mingalar Cineplex (Gamone Pwint)

Kuntilanak

Reality Show ပြိုင်ပွဲတစ်ခုမှာ အနိုင်ရဖို့အတွက် ကလေးတစ်စုဟာ Kuntilanakဆိုတဲ့ Indonesia ရိုးရာပုံပြင်ထဲက သရဲမဆိုတာ ရှိကြောင်းသက်သေပြဖို့အတွက် အိမ်အိုအဟောင်းကြီးထဲ လျှောက်ဝင်ကြည့်ကြပါတယ်။ ပျော်စရာကောင်းမယ်အထင်နဲ့ စွန့်စားခန်းထွက်မိကြတဲ့ ကလေးတစ်စုဟာ ပျော်စရာတွေအစား ထိတ်လန့်စရာ အိမ်မက်ဆိုးကြီးအဖြစ် မှန်အိုဟောင်းကြီး Mangkoedjiwo ထဲကနေ Kuntilanak သရဲမကြီး တကယ်ထွက်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ သိချင်ရင်တော့ အင်ဒို သရဲကားကို သွားကြည့်လိုက်ကြနော်။

ပြသပေးသွားမည့်ရုံများ

Nay Pyi Taw Cinema, Mingalar Cineplex (Gamone Pwint)

Show Time @ Junction Cinemas
Sunday – Thursday: 10AM, 1PM, 4PM, 7PM
Friday – Saturday: 10AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas
Every day: 10 AM, 12.30 PM, 3.30 PM, 6.30 PM & 9.30 PM

Cinema Telephone Booking Contacts
Junction Maw Tin | 01 225 244
Junction City | 01 9253591, 01 9253592
Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineplex | 09 260 887 035 — 36, 01 230 3 165
Mingalar Cineplex (Gamone Pwint) | 09 779 054 671 — 73
Mingalar Cinema 2(Dagon Centre (II) | 09 732 54 091 — 92