ဇာတိမြေ

ဒီတစ်ခေါက်မှာတော့ ဂျပန် – မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးဇာတ်လမ်းလေးဖြစ်ပြီး ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် မိမိနိုင်ငံအပေါ် လွမ်းဆွတ်တမ်းတ ချစ်မြတ်နိုးပြီး တန်ဖိုးထားစေချင်သော ဇာတ်ကားကြီးအဖြစ် ရိုက်ကူးတင်ဆက်ထားတဲ့ “ဇာတိမြေ”ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။

ပြသပေးသွားမယ့်ရုံများ

Junction City, Junction Square, City Mall , MawTin

Brother of The Year

မတည့်အတူနေ မောင်နှမ နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက် မကျေနပ်ချက်လေးတွေကို ဟာသလေးတွေရောပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ “Brother of the year”  ဆိုတဲ့ ထိုင်းဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ပြသပေးသွားမယ့်ရုံများ

Junction City, Junction Square, City Mall , MawTin

Mission Impossible: Fallout

နိုင်ငံတကာနှင့် တပြေးညီပြသသွားမည့် ရင်ခုန်စိတ်လှုပ်ရှားစရာ အက်ရှင်ခန်းတွေချည်းပဲ ကြည့်ရှုရမယ့် Tom Cruise ရဲ့ “Mission Impossible: Fallout” အက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall , Mingalar, Mingalar Sanpya Cineplex, Mingalar Cineplex (Gamone Pwint), Mingalar Cinema 2(Dagon Centre (II), Nay Pyi Taw Cinema , Thwin

ကာဗွန်ဒိုင်အောက်ဆိုဒ် CO2

https://www.youtube.com/watch?v=1Tj_Q8itWC4

သည်းထိတ်ရင်ဖို ကြောက်စရာကောင်းတဲ့ သရဲကားမှကြည့်ချင်သူတွေအတွက် Co2 ကာဗွန်ဒိုင်အောက်ဆိုဒ် မြန်မာဇာတ်ကားကို ဒါရိုက်တာဝိုင်းမှ ရိုက်ကူးထားပြီး ဖွေးဖွေး၊ ကျော်ထက်အောင်၊ အလင်းရောင်နဲ့ ရတနာဗိုတို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပြသပေးသွားမည့်ရုံများ

Mingalar Sanpya Cineplex, Mingalar Cineplex (Gamone Pwint), Mingalar Cinema 2(Dagon Centre (II), Thamada Cinema, Thwin

တိမ်တိုက်တံတား

မြန်မာဒမာကားဖြစ်တဲ့ တိမ်တိုက်တံတားကတော့ ဒါရိုက်တာဩရသရိုက်ကူးထားပြီး နေတိုး ၊ ထွန်းထွန်း ၊ ခင်ဝင့်ဝါအပြင် Ngayen Tran တို့ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, MawTin

ကြွေ

https://www.youtube.com/watch?v=UgIZs9_yA6w

တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်ရွှင်စရာလေးတွေကို ရိုက်ကူးတင်ဆက်ထားပြီး လူငယ်သဘာဝအတိုင်း ကျောင်းက နာမည်ကြီး ခပ်ချောချောကောင်မလေးတစ်ယောက်ကို ရိုးရိုးအအ ကောင်လေးတစ်ယောက်က ဘယ်လိုပိုးပန်းမလဲဆိုတာ ဟာသလေးရောပြီး ပုံဖော်ရိုက်ကူးထားတဲ့ “ကြွေ” မြန်မာ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သားညီ ရိုက်ကူးပြီး လွှမ်းပိုင် ၊ အိချောပို ၊ ရဲအောင်နဲ့ စိုးမြတ်သူဇာတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square

Skyscraper

Skyscraper ရုပ်ရှင်ကားကတော့ အက်ရှင်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရားကတော့ FBI agent တစ်ယောက်က မိုးမျှော်တာဝါကို အပိုင်သိမ်း အနုကြမ်းစီးထားတဲ့ အကြမ်းဖက်သူတွေလက်ထဲကနေ သူ့မိသားစုကို သက်စွန့်ဆံဖျား သွားရောက်ကယ်တင်တဲ့အကြောင်းကို ရိုက်ကူထားတာဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City, City Mall

Dhadak

အိန္ဒိယနိုင်ငံရဲ့ လူ့အသိုင်းအ၀န်းတွေကြား လူတန်းစားခွဲခြားမှုကို အဓိကရိုက်ကူးထားပြီး အဲ့ဒီ လူတန်းစားခွဲခြားမှုပြဿနာကြားမှာ အရမ်းချစ်ကြတဲ့ လူငယ်ချစ်သူနှစ်ယောက် ဘယ်လိုမျိုးအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ စိတ်လှုပ်စားဖွယ် ကြည့်ရှုရမယ့် “Dhadak” Hindi ရုပ်ရှင်ပဲဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Junction City

ဝိုင်းကြီးချုပ် စပွန်ဆာ

ဟာသကားကိုမှ ကြိုက်တာဆိုရင်တော့ဖြင့် စပွန်ဆာ အမ်းနည်းမျိုးစုံကို ဇာတ်စုံခင်းထားပြီး ပရိသတ်တွေတစ်ဝါးဝါးရယ်ရပြီး ဘဝအမောတွေပြေပျောက်စေမဲ့ ” ဝိုင်းကြီးချုပ်စပွန်ဆာ”ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Mingalar Sanpya Cineplex, Mingalar Cineplex (Gamone Pwint), Shae Saung

ဘော်ဘော်ကထှော်

https://www.youtube.com/watch?v=Rs1K600X2hc&t=7s

မြန်မာဟာသဇာတ်လမ်းဖြစ်တဲ့ ဘော်ဘော်ကထှော် ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်မှရိုက်ကူထားပြီး မြင့်မြတ်၊ ရာဇာနေဝင်း၊ ခင်လှိုင်၊ ဂျိုကာ၊ ရွေသမီးအပြင် ဆုအိမ်စံတို့ပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Mingalar Sanpya Cineplex, Mingalar Cineplex (Gamone Pwint), Mingalar Waziyar Cinema

Show Time @ Junction Cinemas
Sunday – Thursday: 10AM, 1PM, 4PM, 7PM
Friday – Saturday: 10AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas
Every day: 10 AM, 12.30 PM, 3.30 PM, 6.30 PM & 9.30 PM

Cinema Telephone Booking Contacts
Junction Maw Tin | 01 225 244
Junction City | 01 9253591, 01 9253592
Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineplex | 09 260 887 035 — 36, 01 230 3 165
Mingalar Cineplex (Gamone Pwint) | 09 779 054 671 — 73
Mingalar Cinema 2(Dagon Centre (II) | 09 732 54 091 — 92