Venom

ဂျာနယ်လစ်သမားတစ်ယောက်ဖြစ်တဲ့ Eddie Brock က နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ Life Foundation ကိုတည်ထောင်သူ Carlton Drake ကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ အမြဲတမ်းကြိုးစားနေသူတစ်ဦးပါ။ Drake ရဲ့ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေကို စုံစမ်းနေရင်းနဲ့မှ Eddie ခန္ဓာကိုယ်ဟာ ထူးဆန်းတဲ့ ဂြိုလ်သားအသွင်ပြောင်းသွားပြီး အံ့သြစရာကောင်းလောက်အောင် ထူးခြားတဲ့ စွမ်းအင်တဲ့ရလာပါတော့တယ်။ မမျှော်လင့်ဘဲ စွမ်းအင်တွေရလာတဲ့အခါမှာ Eddie တစ်ယောက် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာပဲ ကြည့်ရှူခံစားလိုက်ကြပါနော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Nay Pyi Taw Cinema, Mingalar San Pya, Mingalar Gamone Pwint, Mingalar Dagon Center II, Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkala

အဝေးချစ်

https://youtu.be/MRMbHvON5KU

အညာသားလေးတစ်ယောက်မို့ မိမိချစ်သူနဲ့ လိုက်ဖက်မှုမရှိပါဘူးဆိုပြီး သိမ်ငယ်စိတ်ဝင်နေတဲ့ မောင်လေးတစ်ယောက်နဲ့ မိမိရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ထင်ပြီး ကိုယ်ခြယ်လှယ်ချင်သလို ခြယ်လှယ်လို့ရတယ်လို့ ယူဆတဲ့အတွက် မောင်လေးကသာ သူနဲ့ အသင့်တော်ဆုံးလို့ ယူဆနေတဲ့ မမတစ်ယောက်၊ သူတို့နှစ်ယောက်က ချစ်ရဲ့သားနဲ့ အဝေးချစ်နဲ့ပဲ ဖြေသိမ့်ကြရတော့မှာလား။ ဒီမေးခွန်းလေးရဲ့အဖြေကို ရှာဖို့အတွက် ချစ်သက်မွန်နဲ့ အလင်းရောင်တို့ သရုပ်ဆောင်ထားပြီး စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထုလေးကို ပုံဖော်ရိုက်ကူးထားတဲ့ အဝေးချစ်ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုဖို့ မမေ့ကြနဲ့နော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St. John), Junctio Mawtin, Thwin Cinema, Mingalar Sein Gay Har (Hlaing Thar Yar0, Mingalar North Okkala, Top Royal (Parami Sein Gay Har), Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar San Pya, Shay Saung Cinema, Mingalar Thein Gyi Zay

မှော်ကျောက်စာ

မှော်ကျောက်စာ ရုပ်ရှင်ကားကြီးကတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးထားပြီး မြင့်မြတ်၊ ထွန်းထွန်း၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ရွှေမှုန်ရတီနဲ့ မေမြင့်မိုရ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကွီးဂျင်းကောင်ရဲ့ ဟာသမြောက်အောင် ဘယ်လိုသရုပ်ဆောင်ထားသလဲ၊ ရှေးဘဝက ဘယ်လိုရေစက်တွေများ သူတို့ကြားမှာ ဖြစ်တည်ခဲ့လို့ အခုလိုပြန်လည်တွေ့ဆုံကြတာလဲဆိုတာကိုတော့ မှော်ကျောက်စာရုပ်ရှင်ကားကြီးထဲ ဝင်ရောက်စီးမြောဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square

The Pool

Day နဲ့ သူ့ချစ်သူကောင်မလေး Pinky တို့က သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေပေါ့။ မမျှော်လင့်ဘဲ သူတို့နှစ်ယောက်ကြား ကံကြမ္မဆိုးက ဝင်လာပါတယ်။ သူတို့ အပန်းဖြေနေကျ ရေကူးကန်ကြီးက ချို့ယွင်းမှုတစ်ခုကြောင့် ရေတွေ ခမ်းသွားပြီး တိုက်တိုက်ဆိုင်ဆိုင် သူတို့ကလည်း ၆ မီတာ နက်တဲ့ ရေကူးကန်ထဲမှာ ပိတ်မိသွားတာပေါ့။ ကံဆိုးမှုကလည်း ဆက်တိုက်ဆိုသလိုပဲ သူတို့ဒုက္ခရောက်နေတဲ့အချိန်မှာပဲ မိကျောင်းကြီးတစ်ကောင်က ရောက်ချလာပါတော့တယ်။ ကူကယ်ရာမဲ့နေတဲ့ သူတို့စုံတွဲနှစ်ယောက်လုံး မိကျောင်းရန်က လွတ်မြောက်ပါ့မလား။ အသက်ရှင်ရက် ရေကူးကန်ထဲက ထွက်သွားရပါ့မလားဆိုတာကိုတော့ ပိတ်ကားထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ သွားကြည့်လိုက်ကြပါနော်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema, Shay Saung Cinema, Mingalar Gamone Pwint (Hledan- San Yeik Nyein)

The Little Mermaid

Disney ကာတွန်းကားတွေနဲ့ ကြီးပြင်းခဲ့ရသူတွေအဖို့ The Little Mermaid ဇာတ်ကားလေးက ပရိတ်သတ်တွေနဲ့ စိမ်းမှာ မဟုတ်ပါဘူး။ လူသားတစ်ယောက်ကို ချစ်မိသွားတဲ့ ရေသူမလေး၊ အချစ်ကို တန်ဖိုးထားတဲ့ ရေသူမလေးက ကာတွန်းကားထဲက ရေသူမလေးလိုပဲ မင်းသားလေးနဲ့ ညားပါ့မလား၊ ဒါမှမဟုတ် ရေသူမလေးရဲ့ဝိညာဉ်ကို ထိန်းချုပ်ထားတဲ့ မှော်ဆရာကြီးဆီမှာပဲ တစ်သက်လုံးပိတ်မိနေမလားဆိုတာကိုတော့ The Little Mermaid ဇာတ်ကားကြီးကို သွားကြည့်လိုက်ကြပါဦး။

ပြသပေးသွားမည့် ရုံများ

Junction City

တည်ကြက်

https://youtu.be/1KJU87eb9Zk

အက်ရှင်ကားတွေကိုမှ စိတ်ဝင်စားတယ်ဆိုတဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအတွက် ပြည်သူ့အချစ်တော် မင်းသားကြီး ကိုနေတိုး၊ နေမျိုးအောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လဲ့၊ နန်းခေမာ၊ မေမြတ်နိုး၊ ချောကလျာ၊ ကြည်ဖြူရှင်းသန့်စတဲ့ သရုပ်ဆောင်ပေါင်းများစွာပါဝင်အားဖြည့်ထားတဲ့ တည်ကြက်အက်ရှင်ကားကြီးကို သွားရောက်ကြည့်ရှုဖို့အတွက် ဖိတ်ခေါ်လိုက်တယ်နော်။

ပြသပေးသွားမည့် ရုံများ

Thamada Cinema, Mingalar San Pya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Wazi Yar

Johnny English: Strikes Again

အွန်လိုင်းအဖျက်သမားများက ဗြိတိန်နိုင်ငံမှာ တိတ်တဆိတ်လျှို့ဝှက်လှုပ်ရှားနေကြရတဲ့ အေးဂျင့်တွေရဲ့သရုပ်မှန်ကို ဖော်ထုတ်လိုက်တဲ့အခါ အငြိမ်းစားယူလိုက်ပြီဖြစ်တဲ့ Johnny English ရဲ့ စွန့်စားခန်းအသစ်ကတော့ တဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ Johnny ရဲ့ပထမဆုံးလုပ်ရမဲ့တာဝန်ကတော့ ကွန်ပျူတာနောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတဲ့ အဖျက်သမားက ဘယ်သူလဲဆိုတာ စုံစမ်းဖော်ထုတ်ရမှာဖြစ်ပြီး သူ့ရဲ့သူလျှိုတာဝန်တစ်လျှောက်မှာ ဘယ်လိုအလွဲလေးတွေနဲ့ ပရိတ်သတ်ကို ရယ်ရွှင်အောင်လုပ်မလဲဆိုတာကို ပိတ်ကားထက်မှာပဲ သွားကြည့်လိုက်ကြပါတော့နော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John)

ဓားငပြူး

ဓားငပြူးကတော့ ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးပြီး မြင့်မြတ်၊ ရွှေသမီး၊ ခင်လှိုင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားဟာသ သရုပ်ဆောင်များစွာနဲ့ ပါဝင်အားဖြည့်ရိုက်ကူးထားတဲ့ မြန်မာဟာသရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Shae Saung Cinema, Junction City

The Predator 2018

The Predator က ၂၀၁၈ ခုနှစ် အမေရိကန် သိပ္ပံဆန်ဆန် စိတ်ကူးယဉ်ဝတ္ထုဖြစ်ပါတယ်။ Predator ရုပ်ရှင်ဇာတ်ကားတွေထဲမှာ စတုတ္ထမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒါရိုက်တာ Shabe Black ရိုက်ကူးထားတဲ့ သိပ္ပံဆန်ဆန်ဇာတ်ကားတွေကိုမှ ကြည့်ရှုချင်သူတွေအတွက် ရုံတင်နေပြီဆိုတာကို သတင်းကောင်းပါးလိုက်ရပါတယ်။

ပြသပေးသွားမည့်ရုံများ

Nay Pyi Taw Cinema

Show Time @ Junction Cinemas

Sunday _ Thursday: 10 AM, 1PM, 4PM, 7PM

Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas

Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM

Cinema Telephone Booking Contacts

Junction Maw Tin | 01 225 244

Junction City | 01 9253591, 01 9252592

Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cinemas| 09 260 887 035 __ 36, 01 230 3 165

Mingalar Cinemas (Gamone Pwint) | 09 779 054 671 __ 73

Mingalar Cinema 2 (Dagon Center II) | 09 732 54 091 __ 92