Hunter Killer
အမေရိကန် ရေတပ်ခေါင်းဆောင် Joe Glass က အာတိတ်သမုဒ္ဒရာရဲ့ ပင်လယ်ပြင်တစ်နေရာမှာ တာဝန်ကျပါတယ်။ သူ့ရဲ့ တာဝန်ကတော့ ရုရှားသမ္မတကို ပြန်ပေးဆွဲသွားပြီး အာဏာသိမ်းကာ ကမ္ဘာကြီးတစ်ခုလုံးကို ခြယ်လှယ်ချုပ်ကိုင်ချင်တဲ့ ရုရှားလျှို့ဝှက်အဖွဲ့တစ်ဖွဲ့ နှိမ်နင်းဖို့ပါပဲ။ Joe တစ်ယောက် ပြန်ပေးဆွဲခံလိုက်ရတဲ့ ရုရှားသမ္မတကြီးကို ပြန်လည်ကယ်ဆယ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပေါ်လာမယ့်အရေးကို တားဆီနိုင်ပါ့မလားဆိုတာကိုတော့ Hunter Killer ဇာတ်ကားလေးကို သွားကြည့်ရင်း အဖြေရှာလိုက်ကြရအောင်။
ပြသပေးသွားမည့် ရုံများ
Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein)
ကြတ်ဂူ
https://youtu.be/PN21a9-9wsI
ကယားပြည်နယ် လွိုင်ကော်မြို့အနီးမှာရှိတဲ့ ပရလောကသားတွေနဲ့ ဆက်စပ်နေတဲ့ ဂူတစ်ဂူ၊ ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဂူအကြောင်းနဲ့ ကယားရိုးရာဓလေ့ပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ ကြတ်ဂူကို ရုံတင်နေပြီဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။
ပြသပေးသွားမည့် ရုံများ
Thamada Cinema, Thwin Cinema, Mingalar (Thein Gyi Zay), Mingalar Dangon Centre II, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Waziyar, Top Royal Parami Sein Gay Har, Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tarmwe (Bayint Naung)
မုန်းစွဲ
https://youtu.be/vxqlBSMJgQg
ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနဲ့ အခြားအနုပညာရှင်များလည်း အင်တိုက်အားတိုက်နဲ့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး။ အသံပိုင်းစနစ်ရော ရုပ်ရှင်ဇာတ်အိမ်ရော ခိုင်မာတဲ့အပြင် အနုပညာရှင်တွေရဲ့ ကြိုးစားမှုတွေက ပရိသတ်တို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစေမှာဖြစ်လို့ သွားကြည့်လိုက်ကြဦးနော်။
ပြသပေးသွားမည့် ရုံများ
Mingalar Sein Gay Har (Hlaing Thar Yar)
The Nutcracker And The Four Realms
ဒီဇာတ်ကားလေးကတော့ အမေရိကန် စိတ်ကူးယဉ်ဆန်ဆန်နဲ့ စွန့်စားခန်းတွေလည်း ပါတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။ ဒီကားလေးရဲ့ အကြောင်းအရာကတော့ ကောင်မလေးတစ်ယောက်က သူမရဲ့ ဆုံးပါးသွားတဲ့ အမေဆီကနေ မှော်ဥလေးတစ်လုံးကို လက်ခံရာရှိခဲ့ရာကနေ စတင်ခဲ့တာပါ။ အဲ့ဒီဥလေးကို ဖွင့်ဖို့ဆိုရင် သော့လေးတစ်ချောင်းလိုပါတယ်။ အဲ့သော့လေးကို ရှာဖို့ သူမက မှော်နိုင်ငံလေးထဲကို မထင်မှတ်ပဲ ရောက်ရှိသွားပါတော့တယ်။ အဲ့ဥလေးက ဘယ်လိုအထူးအဆန်းလေးတွေပါမလဲဆိုတာကို ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှုကြဖို့ သတင်းကောင်းပါးလိုက်တယ်နော်။
ပြသပေးသွားမည့် ရုံများ
Mingalar Cineplex (Gamone Pwint), Shae Saung Cinema
မီ
https://youtu.be/vM6ffpTjJcA
ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုပ်ရှင်ကြည့်ချစ်ပရိတ်သတ်တွေကို အထူးတလည် ပြောပြနေစရာတောင် လိုမယ်မထင်ပါဘူး။ Trailer လေးထွက်လာကတည်းက ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံထားရတဲ့ ဒရာမာဇာတ်ကားကောင်းတစ်ကားပါပဲ။ ပိုင်ဖြိုးသုရဲ့ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေ၊ နေတိုးရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေအပြင် အခြားအနုပညာရှင်ပေါင်းများစွာရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်၊ ဒါရိုက်တာ ဏကြီးရဲ့ ထိမိလှတဲ့ ရိုက်ကူးချက်တွေကို မျက်ဝါးထင်ထင်တွေ့ မြင်ရမှာပါ။ ရုပ်ရှင်ကားကောင်းတစ်ကားကို ငတ်မွတ်နေတဲ့သူတွေအတွက် ကြည့်ရတာ အားရစေမယ့် ရုပ်ရှင်ဒရာမာ ဇာတ်ကားကြီးပါပဲ။
ပြသပေးသွားမည့် ရုံများ
Shae Saung Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tarmwe (Bayint Nayung)
Thugs Of Hindostan
ဒီဇာတ်ကားကတော့ အက်ရှင်နဲ့ စွန့်စားခန်းတွေပါတဲ့ အိန္ဒိယဇာတ်ကားတစ်ကားပါ။ နာမည်ကျော်ရုပ်ရှင်မင်းသားကြီး အမီတာဘဂျမ်း၊ 3 Idiots ထဲက မင်းသားတစ်လက်ဖြစ်တဲ့ Aamir Khan နဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ Katrina Kaif တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ပင်လယ်ဓားပြဇာတ်ကားလေးပါ။
ပြသပေးသွားမည့် ရုံများ
Nay Pyi Taw Cinema
အမုန်းတွေခေါက်ထားလိုက်
ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ဟာသကားလေးပါ။ နေတိုး၊ ရဲအောင်၊ မိုးဟေကိုနဲ့ မြတ်ကေသီအောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ တစ်ပတ်တာလုံး အလုပ်လုပ်ခဲ့ရတော့ ဘဝအမောတွေပြေရအောင်လို့ ဒီဟာသကားလေးကို သွားကြည့်ဖို့ မမေ့ကြနဲ့နော်။
ပြသပေးသွားမည့် ရုံများ
Junction Maw Tin, Junction City, Junction Square
Rampant
Zombie ကားတွေကိုမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ ရုပ်ရှင်ကြည့်ချစ်ပရိသတ်တွေအတွက် Train To Busan ဇာတ်ကားနဲ့ ခပ်ဆင်ဆင် ဇာတ်ကားလေးတစ်ကားရုံတင်နေပါပြီ။ မျက်မှောက်ခေတ်ကာလက Zombie တွေမဟုတ်ဘဲ ရှေးခေတ်တုန်းက Zombie တွေကရော ဘယ်လိုပုံစံရှိနေမလဲ။ ဘယ်လိုဖြစ်လို့ Zombie အဖြစ် ပြောင်းလဲသွားတာလဲ။ ပြောင်းလဲသွားတဲ့ Zombie တွေကရော ဘယ်လိုအန္တရာယ်တွေပေးသလဲဆိုတာကို အဖြေရှာဖို့အတွက် Rampant ဆိုတဲ့ ကိုရီးယားကားလေးကို သွားရောက်ကြည့်ရှုလိုက်ကြပါဦးနော်။
ပြသပေးသွားမည့် ရုံများ
Nay Pyi Taw Cinema
မှော်ဝင်သမန်းကျား
ရုပ်ရှင်ဇာတ်ကားနာမည်ကတော့ မှော်ဝင်သမန်းကျားတဲ့၊ နာမည်ကြားလိုက်ရုံနဲ့တင် ကြောက်ဖို့ကောင်းနေပါပြီနော်။ သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။ ဒီဇာတ်ကားထဲမှာ ရန်အောင်၊ မင်းမော်ကွန်း၊ သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်းဆင့်နေခြည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မှော်ဝင်သမန်းကျား ရုံတင်နေပြီမို့ သွားကြည့်လိုက်ကြဦးနော်။
ပြသပေးသွားမည့် ရုံများ
Shae Saung Cinema
Show Time @ Junction Cinemas
Sunday _ Thursday: 10 AM, 1PM, 4PM, 7PM
Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM
Show Time @ Mingalar Cinemas
Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM
Cinema Telephone Booking Contacts
Junction Maw Tin | 01 225 244
Junction City | 01 9253591, 01 9252592
Junction Square | 01 527 055
City Mall | 09 764802081
Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165
Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73
Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92