[Zawgyi]

47 Meters Down Uncaged





 

Death Whispe





 

IT Chapter-2





 

ညစ်တွန်း





 

Mission Mangal


Source : FoxStarHindi


Junction City

 

ဘာလာလာ





 

Angel Has Fallen





 

ရူးအောင်ချစ်မယ့်သူ





 

Saaho


Source : T-Series


Nay Pyi Taw Cinema.

 

[Unicode]

47 Meters Down Uncaged

သည်းထိပ်ရင်ဖို ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် 47 Meters Down Uncaged လို့အမည်ရတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ ရေအောက် (၄၇) မီတာအကွာက ကြောက်မက်ဖွယ်ရာ လိုဏ်ဂူထဲကို ရောက်ရှိသွားခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေးအုပ်စု ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ရင်တထိတ်ထိတ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။ရေအောက်မှာဘယ်လိုထိတ်လန့်ကြောက်မက်ဖွယ်ကေင်းတဲ့ အန္တာရာယ်တွေနဲ့ ကြုံတွေ့ရမလဲ အဲ့ဒီအန္တာရာယ်တွေကိုကျော်လွားပြီး အသက်ဘေးကလွတ်မြောက်နိုင်မှာလားဆိုတာတော့ ပရိသတ်တွေကပဲ ရုပ်ရှင်ပိတ်ကားထက်မှာသွားရောက်ကြည့်ရှု့လိုက်ပါအုန်းနော်။

Source : KinoCheck International

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John).

 

Death Whispe

Death Whispe လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ထိတ်လန့်ဖွယ်ရာ Horror ဇာတ်ကားတွေကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ လုံးဝသွားကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။Death Whispe ဟာ အင်ဒိုနီးရှား Horror Movie ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Alex လို့အမည်ရတဲ့ ကောင်လေးဟာ နာမည်ကြီးအထက်တန်းကျောင်းမှာ ဝင်ခွင့်ရခဲ့ပေမယ့် အဲ့ဒီကျောင်းက ကျောင်းသားအချင်းချင်း အနိုင်ကျင့်ဆက်ဆံမှုတွေကိုကြုံတွေ့ရပြီးနောက် နေ့တိုင်းလိုလိုစိတ်ညစ်နေရပါတယ်။တစ်ရက်မှာတော့ Maggie ဆိုတဲ့အတန်းဖော်ကောင်မလေးနဲ့ တွေ့ဆုံသွားခဲ့ပြီး ရင်းနှီးသွားခဲ့ကြပါပြီး Alex နဲ့ Maggie တို့နှစ်ဦးကို အတန်းဖော်သူငယ်ချင်းတွေက သရဲခေါ်တဲ့နေရာမှာ အတင်းပါဝင်ခိုင်းခဲ့ပြီးတဲ့နောက်မှာ တကယ့်ကိုထူးဆန်းတဲ့အဖြစ်အပျက်တွေ သွေးပျက်ခြောက်ခြားဖွယ်ရာ အရာတွေနဲ့ ကြုံတွေ့ရပုံတွေကို ရင်တစ်ထိတ်ထိတ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။

Source : CJ ENTERTAINMENT

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John).

 

IT Chapter-2

ရုပ်ရှင်ချစ်ပရိသတ်တွေ စောင့်မျော်နေကြတဲ့ IT Chapter-2 ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေပါပြီနော်။ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ရုပ်ရှင်ဇာတ်ကားဟာဆိုရင် Horror ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်ကားတစ်ကားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ယခု (၂)နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ IT Chapter-2 ဇာတ်ကားမှာလည်း Evil Clown Pennywise ကြီးတစ်ယောက် Derry မြို့လေးကိုပြန်လည်ရောက်ရှိလာခဲ့ပြီး ဘယ်လိုတွေသွေးပျက်ဖွယ်ခြောက်လှန့်အုန်းမှာလဲ။ပထမကားမှာ ကလေးအရွှယ်လေးတွေအဖြစ်မြင်တွေ့ခဲ့ရတဲ့ The Losers’ Club သူတွေကလည်း အရွှယ်ရောက်လာပြီဖြစ်တာကြောင့် Pennywise ကြီးနဲ့ ဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်သွားကြအုန်းမှာလည်းဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှု့ခံစားကြရမှာဖြစ်ပါတယ်။

Source : Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw , Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung) ,Mingalar Cinemas Gold Class .

 

ညစ်တွန်း

ညစ်တွန်းရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာလူမင်းကိုယ်တိုင်ရိုက်ကူးပုံဖော်ထားပြီး လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ထက်ထက်ထွန်း တို့ကအဓိကသရုပ်ဆောင်တွေအဖြစ်ပါဝင်ရိုက်ကူးထားကာ နေဆန်း၊ ညောင်ညောင်၊ ရဲမွန်၊ ထူးသာ၊ သိန်းဇံ၊ သန်းသန်းစိုး၊ ဧည့်သည်သရုပ်ဆောင် ထွန်းထွန်းဝင်း၊ ချိုပြုံး၊ ဇော်မှိုင်း စတဲ့နာမည်ကြီးဝါရင့် သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ပုံမှန်ကြည့်နေကျရုပ်ရှင်ဇာတ်ကားတွေထဲက ခွဲထွက်ထားတဲ့ ညစ်တွန်းရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ နာမည်ကြီးမင်းသားနှစ်ဦးရဲ့ အားပြိုင်မှုတွေကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Source : Myanmar Cele Crazy

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin .

 

Mission Mangal

ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ချစ်ပရိသတ်တွေအတွက် Mission Mangal လို့ အမည်ရတဲ့ India ဇာတ်ကားကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ သိပ္ပံပညာရှင် Rakesh Dhawan ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် သိပ္ပံဇာတ်ကားကြီးဖြစ်ပါတယ်။အဆိုပါ Mission Mangal ဇာတ်ကားထဲမှာ သိပ္ပံပညာရှင် Rakesh Dhawan အဖြစ် မင်းသားချော Akshay Kumar ကသရုပ်ဆောင်ထားတာဖြစ်ပြီး India ရဲ့ အင်္ဂါဂြိုလ်ပေါ် ပထမဦးဆုံးလွှတ်တင်တဲ့ ဂြိုလ်တုအကြာင်းတွေ ၊ India သမိုင်းမှာ အကြီးမားဆုံး Mission တစ်ခုဖြစ်ခဲ့တဲ့အကြောင်းတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ခံစားကြရမှာဖြစ်ပါတယ်။

Source : FoxStarHindi

ပြသပေးသွားမည့် ရုံများ

Junction City

 

ဘာလာလာ

ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားတဲ့ ဘာလာလာ လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဟာသမှဟာသပါဆိုတဲ့ အခွီးတလိုင်းပရိသတ်တွေ ကြည့်ရှု့သင့်တဲ့ အချစ်ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ သက်မွန်မြင့်၊ ဟန်နီ၊ ဖူးပွင့်သခင်၊ ဇော်ဇော်အောင်၊ကေညီ၊ထူးခြား၊အောင်ဇော်မင်း ၊ အောင်သီဟ။မြတ်နိုး၊နန်းရွှေအိမ်နှင့် တခြားသောသရုပ်ဆောင်ပေါင်းများစွာပါဝင်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဟာသပိုင်းမှာတကယ်ကိုကျွမ်းကျင်တဲ့ သရုပ်ဆောင်ကောင်းများစွာနဲ့ ရိုက်ကူးထားပြီး ဘယ်သူတွေက ဘယ်လိုအရွှန်းဖောက်ကြအုန်းမလဲ ဘယ်လိုဝက်ဝက်ကွဲရယ်ရအုန်းမလဲဆိုတာတော့ ပရိသတ်တွေကပဲ သွားရောက်ကြည့်ရှု့လိုက်ပါအုန်းနော်။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Tha Ma Ta Cinema , Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

Angel Has Fallen

Fallen Film Series တွေရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Angel Has Fallen ရုပ်ရှင်ဇာတ်ကားကြီးကတော့ စတင်ရုံတင်ပြသနေပြီပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ Gerard Butler ကို Secret Service Agent တစ်ယောက်ဖြစ်တဲ့ Mike Banning အဖြစ်ထပ်မြင်တွေ့ရအုန်းမှာ ဖြစ်ပါတယ်။ Secret Service Agentတစ်ယောက်ဖြစ်တဲ့ Mike Banning ဟာသမ္မတ Allan Trumbullကို လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့ ချောက်ချခံရပြီးတဲ့နောက်ပိုင်း FBI အပါအဝင် သူ့ရဲ့ Sercrt Service ကအဖွဲ့ဝင်တွေပါ သူ့နောက်ကို အသည်းအသန်လိုက်ရှာကြပုံတွေကို အက်ရှင်ဆန်ဆန် စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Source : Movieclips Trailers

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema , Mingalar Cinemas Gold Class .

 

ရူးအောင်ချစ်မယ့်သူ

ဒါရိုက်တာအောင်ဇော်လင်း ရိုက်ကူးပုံဖော်ထားတဲ့ ရူးအောင်ချစ်မယ့်သူ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ပရိသတ်အချစ်တော် နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး ၊ မင်းသာကီ ၊ အိန္ဒြာကျော်ဇင် ၊ မေတိုးခိုင် တို့အပြင် ဝါရင့်ဇာတ်ပို့သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နိုင်ငံကျော်စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) ရဲ့ဝထ္ထု ဖြစ်တဲ့အပြင် တကယ့်ကိုသရုပ်ဆောင်ပိုင်းမှာသူမတူတဲ့ သရုပ်ဆောင်ချက်တွေနဲ့ မြင်တွေ့ရလေ့ရှိတဲ့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ အချစ်ဒရမ်မာဇာတ်ကားကြီးဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ အမြန်ဆုံးသွားရောက် ကြည့်ရှု့လိုက်ပါအုန်းနော်။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Tha Ma Ta Cinema , Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

Saaho

Saaho ရုပ်ရှင်ဇာတ်ကားကြီးကတော့ Baahubali မင်းသားအဖြစ်ပရိသတ်တွေသိကြတဲ့ ဘောလိဝုဒ်စတား Prabhas ရဲ့ အက်ရှင်ဇာတ်ကားအသစ်ဖြစ်ပါတယ်။ Waaji City ရဲ့ဒုစရိုက်ခေါင်းဆောင် Roy လုပ်ကြံခံရပြီး နောက်ပိုင်းမှာ ခေါင်းဆောင်ဖြစ်လာတဲ့ သားဖြစ်သူ Vishwank တစ်ယောက် လုပ်ကြံသူတွေကို ရှာဖွေလက်စားချေဖို့ ပြင်ဆင်ပါတော့တယ်။ ဒီအချိန်မှာ India မှာဒုစရိုက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ရဲဌာနဟာ ဒိတ်ဒိတ်ကြဲ စုံထောက် Ashokရဲ့ အကူအညီနဲ့ ဒုစရိုက်မှုတွေကိုတားဆီးဖို့ ကြိုးစားရင်း Roy ရဲ့ ဒုစရိုက်ဂိုဏ်းတွေနဲ့ ပတ်သတ်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းအပြောင်းအလဲလှည့်ကွက်တွေ ထင်မှတ်မထားတဲ့ လျို့ဝှက်ချက်တွေ နဲ့အကြမ်းစားအက်ရှင်ခန်းတွေကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Source : T-Series

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema .