သမ္မတကြီးထံသို့ ပေးစာ

https://youtu.be/sbVSofJ3AtQ

ဝတ္ထုရေးဆရာ လူနေရဲ့ဝတ္ထုကို ဒါရိုက်တာဝိုင်းမှ ပုံဖော်ရိုက်ကူးထားပြီး ဖွေးဖွေး၊ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်တို့အပြင် အခြားဝါရင့်အနုပညာရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မတရားမှုကိုအပြစ်မရှိပါဘဲနဲ့ ငွေကြေးမရှိတဲ့အတွက်ကြောင့် ငြိမ်ခံနေရတဲ့လူတစ်စု၊ ငွေကြေးနဲ့အရာရာကိုခြယ်လှယ်ပြောင်းလဲနေကြတဲ့ လူနည်းစုတို့ရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားပါမယ်။ ဒီကားထဲမှာ ဘယ်သူတွေက ဘယ်လိုမတရားခံနေရသလဲ၊ အမှန်တရားကရော သူတို့ဘက်မှာ ရပ်တည်ပေးပါ့မလားဆိုတာကို သမ္မကြီးထံသို့ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုလိုက်ကြပါဦးနော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Mingalar North Okkala Pa

Hell Fest

သူငယ်ချင်းတစ်စုက ညတစ်ညမှာ ပျော်ပျော်ပါးပါးလျှောက်လည်ကြဖို့ ကစားကွင်းထဲကို သွားရောက်ကြတာပေါ့။ ထုံးစံအတိုင်း ညဘက်လည်းဖြစ်တယ်ဆိုတော့ အချင်းချင်းသရဲအကြောင်းတွေ လူသတ်ကောင်အကြောင်းတွေ ပြောရင်းစနောက်ကြတာပေါ့။ ကံမကောင်းအကြောင်းမလှတော့ မျက်နှာဖုံးစွပ်လူသတ်သမားရဲ့ သွေးအေးအေးနဲ့လိုက်လံသတ်ဖြတ်ခြင်းကို ခံရပါတော့တယ်။ အစကတော့ သူငယ်ချင်းတွေက သူတို့အချင်းချင်း စနောက်နေကြတယ်ပဲ ထင်ကြတာပေါ့။ ဒါပေမဲ့ တကယ့်တကယ့် အန္တရာယ်နဲ့ရင်ဆိုင်ရတော့အခါ တကယ်ပဲအသတ်ခံလိုက်ရမှာလား။ ဘယ်လိုလှည့်ကွက်တွေပါဝင်လာဦးမလဲဆိုတာကို ငွေရောင်ပိတ်ကားထက်မှာ စိတ်လှုပ်ရှားစွာကြည့်ရှုခံစားလိုက်ကြပါနော်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw, Mingalar San Pya Cinema, Mingalar Sein Gay Har (Hlaing Thar Yar)

တစ္ဆေပါလာပြီ

https://youtu.be/Cfq2rVCIr8Q

သည်းထိတ်ရင်ဖို သရဲကားတွေကိုပါ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ ရုပ်ရှင်ကြည့်ချစ်ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ ပြေတီဦး၊ အိချောပို၊ ညီထွဋ်ခေါင်၊ ခင်လှိုင်၊ အောင်ဇော်မင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ တစ္ဆေပါလာပြီ ဆိုတဲ့ သရဲကားလေးကို သွားကြည့်ဖို့ မမေ့ကြနဲ့ဦးနော်။

ပြသပေးသွားမည့် ရုံများ

Thamada Cinema, Thwin Cinema, Mingalar (Thein Gyi Zay), Mingalar San Pya, Mingalar Dangon Centre II, Mingalar Gamone Pwint (Hledan-San Yeik Nyein), Top Royal (Parami Sein Gay Har), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkala Pa

Final Score

စစ်သားဟောင်းကြီးတစ်ယောက်က တစ်ညနေမှာတော့ သူရဲ့တူမလေးနဲ့ ဘောလုံးပွဲသွားကြည့်ကြတာပေါ့။ အကြမ်းဖက်သမားတွေကလည်း ဘောလုံးပွဲရုံကြီးကို ဗုံးဖောက်ခွဲဖို့ပြင်ဆင်ကြတဲ့အပြင် စစ်သားဟောင်းကြီးရဲ့တူမလေးကိုပါ ပြန်ပေးဆွဲသွားပါတော့တယ်။ ဘောလုံးပွဲကိုလာရောက် အားပေးကြတဲ့ လူပေါင်းများစွာရဲ့အသက်၊ သူ့ရဲ့ချစ်တူမလေးရဲ့အသက်ကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ Final Score ဆိုတဲ့ အက်ရှင်ကားကြီးကို ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှုလိုက်ကြဦးနော်။

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St. John)

Chekka Chivantha Vaanam

အကြမ်းစား အိန္ဒိယအက်ရှင်ဇာတ်ကားကောင်းတွေကိုမှ ကြည့်ရှုချင်သူများအတွက် ဒီတစ်ခါမှာတော့ Chekka Chivantha Vaanam ဆိုတဲ့ ဇာတ်ကားကြီးရုံတင်နေပြီဆိုတာ သတင်းကောင်းပါးလိုက်တယ်နော်။

ပြသပေးသွားမည့် ရုံများ

Junction City

Venom

ဂျာနယ်လစ်သမားတစ်ယောက်ဖြစ်တဲ့ Eddie Brock က နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ Life Foundation ကိုတည်ထောင်သူ Carlton Drake ကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ အမြဲတမ်းကြိုးစားနေသူတစ်ဦးပါ။ Drake ရဲ့ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေကို စုံစမ်းနေရင်းနဲ့မှ Eddie ခန္ဓာကိုယ်ဟာ ထူးဆန်းတဲ့ ဂြိုလ်သားအသွင်ပြောင်းသွားပြီး အံ့သြစရာကောင်းလောက်အောင် ထူးခြားတဲ့ စွမ်းအင်တဲ့ရလာပါတော့တယ်။ မမျှော်လင့်ဘဲ စွမ်းအင်တွေရလာတဲ့အခါမှာ Eddie တစ်ယောက် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာပဲ ကြည့်ရှူခံစားလိုက်ကြပါနော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Nay Pyi Taw Cinema, Mingalar San Pya, Mingalar Gamone Pwint

အဝေးချစ်

https://youtu.be/MRMbHvON5KU

အညာသားလေးတစ်ယောက်မို့ မိမိချစ်သူနဲ့ လိုက်ဖက်မှုမရှိပါဘူးဆိုပြီး သိမ်ငယ်စိတ်ဝင်နေတဲ့ မောင်လေးတစ်ယောက်နဲ့ မိမိရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ထင်ပြီး ကိုယ်ခြယ်လှယ်ချင်သလို ခြယ်လှယ်လို့ရတယ်လို့ ယူဆတဲ့အတွက် မောင်လေးကသာ သူနဲ့ အသင့်တော်ဆုံးလို့ ယူဆနေတဲ့ မမတစ်ယောက်၊ သူတို့နှစ်ယောက်က ချစ်ရဲ့သားနဲ့ အဝေးချစ်နဲ့ပဲ ဖြေသိမ့်ကြရတော့မှာလား။ ဒီမေးခွန်းလေးရဲ့အဖြေကို ရှာဖို့အတွက် ချစ်သက်မွန်နဲ့ အလင်းရောင်တို့ သရုပ်ဆောင်ထားပြီး စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထုလေးကို ပုံဖော်ရိုက်ကူးထားတဲ့ အဝေးချစ်ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုဖို့ မမေ့ကြနဲ့နော်။

ပြသပေးသွားမည့် ရုံများ

Junction Square, Mingalar Gamone Pwint (Hledan-San Yeik Nyein), Shay Saung Cinema

တည်ကြက်

အက်ရှင်ကားတွေကိုမှ စိတ်ဝင်စားတယ်ဆိုတဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအတွက် ပြည်သူ့အချစ်တော် မင်းသားကြီး ကိုနေတိုး၊ နေမျိုးအောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လဲ့၊ နန်းခေမာ၊ မေမြတ်နိုး၊ ချောကလျာ၊ ကြည်ဖြူရှင်းသန့်စတဲ့ သရုပ်ဆောင်ပေါင်းများစွာပါဝင်အားဖြည့်ထားတဲ့ တည်ကြက်အက်ရှင်ကားကြီးကို သွားရောက်ကြည့်ရှုဖို့အတွက် ဖိတ်ခေါ်လိုက်တယ်နော်။

ပြသပေးသွားမည့် ရုံများ

Mingalar Gamone Pwint (Hledan-San Yeik Nyein), Shae Saung Cinema

Johnny English: Strikes Again

အွန်လိုင်းအဖျက်သမားများက ဗြိတိန်နိုင်ငံမှာ တိတ်တဆိတ်လျှို့ဝှက်လှုပ်ရှားနေကြရတဲ့ အေးဂျင့်တွေရဲ့သရုပ်မှန်ကို ဖော်ထုတ်လိုက်တဲ့အခါ အငြိမ်းစားယူလိုက်ပြီဖြစ်တဲ့ Johnny English ရဲ့ စွန့်စားခန်းအသစ်ကတော့ တဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ Johnny ရဲ့ပထမဆုံးလုပ်ရမဲ့တာဝန်ကတော့ ကွန်ပျူတာနောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတဲ့ အဖျက်သမားက ဘယ်သူလဲဆိုတာ စုံစမ်းဖော်ထုတ်ရမှာဖြစ်ပြီး သူ့ရဲ့သူလျှိုတာဝန်တစ်လျှောက်မှာ ဘယ်လိုအလွဲလေးတွေနဲ့ ပရိတ်သတ်ကို ရယ်ရွှင်အောင်လုပ်မလဲဆိုတာကို ပိတ်ကားထက်မှာပဲ သွားကြည့်လိုက်ကြပါတော့နော်။

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John)

ဓားငပြူး

ဓားငပြူးကတော့ ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးပြီး မြင့်မြတ်၊ ရွှေသမီး၊ ခင်လှိုင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားဟာသ သရုပ်ဆောင်များစွာနဲ့ ပါဝင်အားဖြည့်ရိုက်ကူးထားတဲ့ မြန်မာဟာသရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။

ပြသပေးသွားမည့်ရုံများ

Shae Saung Cinema

The Pool

Day နဲ့ သူ့ချစ်သူကောင်မလေး Pinky တို့က သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေပေါ့။ မမျှော်လင့်ဘဲ သူတို့နှစ်ယောက်ကြား ကံကြမ္မဆိုးက ဝင်လာပါတယ်။ သူတို့ အပန်းဖြေနေကျ ရေကူးကန်ကြီးက ချို့ယွင်းမှုတစ်ခုကြောင့် ရေတွေ ခမ်းသွားပြီး တိုက်တိုက်ဆိုင်ဆိုင် သူတို့ကလည်း ၆ မီတာ နက်တဲ့ ရေကူးကန်ထဲမှာ ပိတ်မိသွားတာပေါ့။ ကံဆိုးမှုကလည်း ဆက်တိုက်ဆိုသလိုပဲ သူတို့ဒုက္ခရောက်နေတဲ့အချိန်မှာပဲ မိကျောင်းကြီးတစ်ကောင်က ရောက်ချလာပါတော့တယ်။ ကူကယ်ရာမဲ့နေတဲ့ သူတို့စုံတွဲနှစ်ယောက်လုံး မိကျောင်းရန်က လွတ်မြောက်ပါ့မလား။ အသက်ရှင်ရက် ရေကူးကန်ထဲက ထွက်သွားရပါ့မလားဆိုတာကိုတော့ ပိတ်ကားထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ သွားကြည့်လိုက်ကြပါနော်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema

Show Time @ Junction Cinemas

Sunday _ Thursday: 10 AM, 1PM, 4PM, 7PM

Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas

Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM

Cinema Telephone Booking Contacts

Junction Maw Tin | 01 225 244

Junction City | 01 9253591, 01 9252592

Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165

Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73

Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92