Dora and The Lost City Of Gold

Nickelodeonရဲ့ နာမည်ကျော် Animated Series ဖြစ်တဲ့ Dora The Expolrer ကို Live Action အဖြစ်ပြန်ရိုက်ကူးထားတဲ့ Dora and The Lost City Of Gold ရုပ်ရှင်ဇာတ်ကားကြီးကတော့ စတင်ရုံတင်ပြသနေပါပြီ။ဒီဇာတ်ကားထဲမှာတော့ Dora လေးဟာတောထဲကို လေ့လာရေးခရီးထွက်လာရင်း လမ်းပျောက်နေတဲ့ သူမရဲ့ မိဘတွေကို ကယ်တင်ဖို့ သူမရဲ့အချစ်တော် မျောက်ကလေးရယ် သူငယ်ချင်းတွေရယ်နဲ့ အတူတူတောထဲထွက်လာခဲ့ပါတယ်။တောတွင်းပိုင်းကိုရောက်ရှိချိန်မှာတော့ လျို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ပျောက်ဆုံးနေတဲ့ ရွှေမြို့တော်ကြီးကိုပါ ဆက်လက်ရှာဖွေကြရင်း ကြုံတွေ့ရမယ့်အခက်အခဲတွေ စွန့်စားခန်းတွေကို ရင်သပ်ရှု့မောဖွယ်မြင်တွေ့ရမှာပါ။

Source : Paramount Pictures

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John), Nay Pyi Taw Cinema , Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class.

 

အထက်တန်းစား

ဒါရိုက်တာနေပိုင်ဖန်တီးရိုက်ကူးထားတဲ့ ” အထက်တန်းစား ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး ၊ ညီထွဋ်ခေါင် ၊ သူရိယ ၊ ကောင်းဆက်ထူး ၊ ဝေယံကျော် ၊ မြတ်ကေသီအောင် ၊ စိုးမိုးကြည် ၊ ပိုးအိအိခန့် တို့အပြင် ဝါရင့်ဇာတ်ပို့ဇာတ်ရံများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အကယ်ဒမီ မင်းသာချောနေတိုးကို ကန္နားစီးနတ်ဆရာတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုများဖြစ်တဲ့ ဓာတ် ၊နတ် ၊သိုက် ၊ပယောဂ နှင့်အကြားမြင်စတဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။

Source : Myanmar Movie Trailer

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin.

 

MA

သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် MA လို့အမည်ရတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ ဆယ်ကျော်သက်ကျောင်းသားတစ်စုဟာ ပါတီလုပ်ပြီးသောင်းကျန်းဖို့စီစဉ်ထားပေမယ့် ပါတီကျင်းပဖို့နေရာက သူတို့အတွက်အခက်အခဲဖြစ်နေခဲ့ပါတယ်။တစ်ရက်မှာတော့ သဘောကောင်းလွန်းတဲ့ MA လို့အမည်ရတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ပါတီပွဲကျင်းပဖို့ MA ရဲ့ အိမ်မြေအောက်ခန်းမှာ ခွင့်ပြုပေးခဲ့ပါတယ်။ဒီလိုနဲ့ MA ရဲ့ အိမ်မြေအောက်ခန်းဟာ လူငယ်တွေရဲ့ ပျော်စရာနိဗ္ဗာန်ဘုံတစ်ခုဖြစ်ခဲ့ပေမယ့် အမျိုးသမီးကြီးချမှတ်ထားတဲ့ စည်းကမ်းချက်တွေကိုဖောက်ဖျက်လိုက်မိတဲ့အချိန်ကစပြီး အမျိုးသမီးကြီးဟာ တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးအသက်အန္တရာယ်တွေပေးလာခဲ့အထိ ဖြစ်လာပါတော့တယ်။လူငယ်တွေအနေနဲ့ အမျိုးသမီးရဲ့လက်ထဲမှာရက်စက်စွာအသတ်ခံကြရမလား ထွက်ပြေးလွတ်မြောက်နိုင်မလားဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။

Source : Movieclips Trailers

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John).

 

ဂျင်ပါတီ

ရယ်ချင်တယ်ပျော်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် ဂျင်ပါတီရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေပါပြီနော်။ဂျင်ပါတီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာရာဇဝင်ကိုရဲ့ ရိုက်ကူးဖန်တီးမှုလက်ရာတွေနဲ့အတူ ရန်အောင် ၊လူမင်း ၊ မင်းမော်ကွန်း ၊ ရဲရင့်အောင် ၊ ထူးအောင် စတဲ့မင်းသားတွေများစွာနဲ့ အတူ အိန္ဒြာကျော်ဇင် ၊ ယဉ်လက် ၊ ရွှေအိမ်စည် ၊ Bella တို့အပြင် တခြားသော ဝါရင့်အနုပညာရှင်များနဲ့ ရိုက်ကူးထာာတာဖြစ်ပါတယ်။ ဂျင်ပါတီဝိုင်းတ်ာသားတွေရဲ့ အလွဲတွေ ဟာသမြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ အတူ ခွီချင်တယ်ဆိုရင်တော့ အမြန်ဆုံးသွားရောက်ကြည့်ရှု့လိုက်ပါအုန်းနော်။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Tha Ma Ta Cinema , Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung) , Mingalar Cinemas Gold Class.

 

ကြီးမြတ်သောမြန်မာ

ကြီးမြတ်သောမြန်မာလို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ မြန်မာ့နိုင်ငံရဲ့ ပထမဆုံး (3D) ရုပ်ရှင်ကားကြီးဖြစ်ပြီး မြန်မာသမိုင်းမြန်မာ့ရာဇဝင်ကို ခမ်းနားထည်ဝါတဲ့ ရိုက်ကူးတင်ဆက်မှုတွေနဲ့ မြင်တွေ့ရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။နိုင်ငံကျော်ဝါရင်အနုပညာရှင်တွေဖြစ်တဲ့ နိုင်းနိုင်း ၊ ရဲအောင် ၊ ထိုက်စံမော့စ် ၊ နက္ခက် ၊ ဝါဆိုမိုးဦး ၊ ဂျူးဂျူးကေ ၊ မြတ်သူသူဇင် ၊ ကျောက်ရိုင်းအောင်မြတ် ၊ စိုင်းညီညီ တို့အပြင် တခြားသော အနုပညာရှင်ပေါင်းများစွာနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။စာပေထဲမှာပဲ ဖတ်ရှု့ခဲ့ရတဲ့ မြန်မာမင်းတွေနဲ့ ပုဂံအင်ပါယာကြီးမှာ ဗုဒ္ဓသာသနာထွန်းကားခဲ့ပုံတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်တာကြောင့် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကြည့်ရှု့သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းဆိုပေးချင်ပါတယ်။

Source : Myanmar Movie Trailer

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin , Shae Saung , Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar North Okkalapa.

 

Line Walker-2

ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရားလမ်း ဆူးလေးဘုရားလမ်းတို့မှာ မြန်မာမင်းသားတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လာရောက်ရိုက်ကူးသွားတဲ့ Line Walker-2 အက်ရှင်ဇာတ်ကားကြီးကတော့ စတင်ပြီးရုံတင်ပြသနေပါပြီနော်။အကြမ်းစား Action Sence တွေ သေနတ်ပစ်ခန်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ပုံရိပ်တစ်ချို့ကို ဂုဏ်ယူစွာမြင်တွေရမှာဖြစ်တာ ကြောင့် အမြန်ဆုံးသွားရောက်ကြည့်ရှု့ခံစားဖို့ တိုက်တွန်းပါရစေ။

Source : Well Go USA Entertainment

ပြသပေးသွားမည့် ရုံများ

Junction City ,Nay Pyi Taw Cinema , Mingalar Cinemas Gold Class.

 

Nerkonda Paarvai

ဇာတ်လမ်းဇာတ်းညွှန်းပိုင်းမှာတော်တော်လေးကိုပြည့်တဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် Nerkonda Paarvai လို့အမည်ရတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားကြီးကတော့ စတင်ပြသနေပါပြီ။ Nerkonda Paarvai ဇာတ်ကားကတော့ ရာဇ၀တ်မှုတစ်ခုမှာ မတရားစွပ်စွဲခံနေရတဲ့ မိန်းကလေးငယ် (၃) ဦးအတွက် တရားရေးဆိုင်ရာဖြေရှင်းကြရာမှာ အငြိမ်းစားရှေ့နေကြီးက သူတို့ (၃) ကိုအမှုကနေ လွတ်မြောက်အောင် ဘယ်လိုတွေကူညီပေးသွားမလဲ ဘယ်လိုအခက်အခဲတွေ လှည့်ကွက်တွေကိုကျော်ဖြတ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ကြိုးစားသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ကြရမှာပဲ ဖြစ်ပါတယ်။

 

Source : Zee Music South

ပြသပေးသွားမည့် ရုံများ

Junction City.

 

Scary Stories to Tell in the Dark

ထိတ်လန့်ဖွယ်ရာ Horror ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် Scary Stories to Tell in the Dark ဆိုတဲ့ ဇာတ်ကားစတင်ရုံတင်ပြသနေပြီဖြစ်ကြောင်း လက်တို့ပါရစေ။ ဒီဇာတ်ကားကတော့ ၁၉၆၈ ခုနှစ်က Mill Valley ဆိုတဲ့မြို့ငယ်လေးရဲ့ အစွန်က Bellows မိသားစုရဲ့ စံအိမ်အိုကြီးထဲမှာ Sarahလို့အမည်ရတဲ့ ကောင်မလေး ရေးထားတဲ့ ကြောက်စရာလျို့ ဝှက်ချက်တွေနဲ့ ပြည်နှက်နေတဲ့ ပုံပြင်စာအုပ်တစ်အုပ်ကို လူငယ်တစ်စုကတွေ့ ရှိ သွားခဲ့ ပါတယ်။ထူးဆန်းစွာပဲ အဲ့ဒီပုံပြင်စာအုပ်ထဲက ကြောက်စရာပုံပြင်တွေထဲမှာ အဆိုပါလူငယ်တစ်စုရဲ့ နာမည်တွေပါနေပြီး စာအုပ်ထဲက ပုံပြင်တွေအတိုင်း အပြင်မှာလည်း ခြောက်ခြားစရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လာရပုံတွေကို ရင်တထိတ်ထိတ်ကြည့်ရရှု့ခံစားကြရမှာဖြစ်ပါတယ်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema , Mingalar Gamone Pwint (Hledan-San Yeik Nyein) , Mingalar Cinemas Gold Class.

 

အလီဘာဘာနှင့်ခိုးသားငါးယောက်

အလီဘာဘာနှင့်ခိုးသားငါးယောက်ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးထားပြီး ချစ်စရာကောင်းတဲ့ Rapper မလေး ပြုံးမြသွယ် အဓိငသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဟာသမှာပြိုင်စံရှား ဟာသလူရွှ့င်တော်ကြီးတွေဖြစ်တဲ့ ဗေလုဝ ၊ ဖိုက်စတားလူရွှင်တော်တွေဖြစ်တဲ့ အောင်သော် ၊ မျောက်ရှုံး ၊ ကျင်ဝှက် ၊ အောင်မော် ၊ ကြာစိ ၊ ခိုင်မြတ်သဇင်တို့အပြင် တခြားသော ဝါရင့်ဇာတ်ပို့ဇာတ်ရံပေါင်း များစွာနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အခွီတစ်လိုင်း ပရိသတ်တွေအတွက်တော့ လုံးဝလက်မလွတ်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်နော်။

Source : Mingalar Cinemas

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Shae Saung Cinema .