Fantastic Beast: The Crimes Of Grindelwald

ဟယ်ရီပေါ်တာကားတွေ အသည်းစွဲကြိုက်ကြတဲ့ ရုပ်ရှင်ကြည့်ချစ်ပရိသတ်တို့ရေ။ ကမ္ဘာကျော် စာရေးဆရာမကြီးတစ်ယောက်ဖြစ်တဲ့ J.K. Rowling ရဲ့ နာမည်ကြီး ဝတ္ထုတွေကို ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ Fantastic Beast: The Crimes Of Grindelwald က ရုံတင်နေပြီတဲ့နော်။ 2016 တုန်းက ရုံတင်သွားတဲ့ Fantastic Beast And Where To Find Them ဆိုတဲ့ ရုပ်ရှင်ကားရဲ့ အဆက်လေးပဲပေါ့။

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John), Nay Pyi Taw Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein)

မုန်းစွဲ

https://youtu.be/vxqlBSMJgQg

ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနဲ့ အခြားအနုပညာရှင်များလည်း အင်တိုက်အားတိုက်နဲ့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး။ အသံပိုင်းစနစ်ရော ရုပ်ရှင်ဇာတ်အိမ်ရော ခိုင်မာတဲ့အပြင် အနုပညာရှင်တွေရဲ့ ကြိုးစားမှုတွေက ပရိသတ်တို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစေမှာဖြစ်လို့ သွားကြည့်လိုက်ကြဦးနော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Mingalar Sein Gay Har (Hlaing Thar Yar)

မင်္ဂလာရက်မြတ်

https://youtu.be/W5w4dnP4OXE

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိတ်သတ်တွေရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပေးမယ့် ဟာသကားလေးတစ်ကားပါပဲ။ ပြေတီဦး၊ ထွန်းထွန်း၊ မိုးဟေကို၊ မိုးပြည့်ပြည့်မောင်နဲ့ ယွန်းရွေရည်တို့အပြင် အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူးပုံဖော်ထားပါတယ်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa

ကြတ်ဂူ

https://youtu.be/PN21a9-9wsI

ကယားပြည်နယ် လွိုင်ကော်မြို့အနီးမှာရှိတဲ့ ပရလောကသားတွေနဲ့ ဆက်စပ်နေတဲ့ ဂူတစ်ဂူ၊ ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဂူအကြောင်းနဲ့ ကယားရိုးရာဓလေ့ပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ ကြတ်ဂူကို ရုံတင်နေပြီဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။

ပြသပေးသွားမည့် ရုံများ

Thamada Cinema, Thwin Cinema, Mingalar Dangon Centre II, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Waziyar, Top Royal Parami Sein Gay Har, Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tarmwe (Bayint Naung)

Hunter Killer

အမေရိကန် ရေတပ်ခေါင်းဆောင် Joe Glass က အာတိတ်သမုဒ္ဒရာရဲ့ ပင်လယ်ပြင်တစ်နေရာမှာ တာဝန်ကျပါတယ်။ သူ့ရဲ့ တာဝန်ကတော့ ရုရှားသမ္မတကို ပြန်ပေးဆွဲသွားပြီး အာဏာသိမ်းကာ ကမ္ဘာကြီးတစ်ခုလုံးကို ခြယ်လှယ်ချုပ်ကိုင်ချင်တဲ့ ရုရှားလျှို့ဝှက်အဖွဲ့တစ်ဖွဲ့ နှိမ်နင်းဖို့ပါပဲ။ Joe တစ်ယောက် ပြန်ပေးဆွဲခံလိုက်ရတဲ့ ရုရှားသမ္မတကြီးကို ပြန်လည်ကယ်ဆယ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပေါ်လာမယ့်အရေးကို တားဆီနိုင်ပါ့မလားဆိုတာကိုတော့ Hunter Killer ဇာတ်ကားလေးကို သွားကြည့်ရင်း အဖြေရှာလိုက်ကြရအောင်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema

မီ

https://youtu.be/vM6ffpTjJcA

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုပ်ရှင်ကြည့်ချစ်ပရိတ်သတ်တွေကို အထူးတလည် ပြောပြနေစရာတောင် လိုမယ်မထင်ပါဘူး။ Trailer လေးထွက်လာကတည်းက ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံထားရတဲ့ ဒရာမာဇာတ်ကားကောင်းတစ်ကားပါပဲ။ ပိုင်ဖြိုးသုရဲ့ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေ၊ နေတိုးရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်ွေကအပြင် အခြားအနုပညာရှင်ပေါင်းများစွာရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်၊ ဒါရိုက်တာ ဏကြီးရဲ့ ထိမိလှတဲ့ ရိုက်ကူးချက်တွေကို မျက်ဝါးထင်ထင်တွေ့ မြင်ရမှာပါ။ ရုပ်ရှင်ကားကောင်းတစ်ကားကို ငတ်မွတ်နေတဲ့သူတွေအတွက် ကြည့်ရတာ အားရစေမယ့် ရုပ်ရှင်ဒရာမာ ဇာတ်ကားကြီးပါပဲ။

ပြသပေးသွားမည့် ရုံများ

Shae Saung Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Tarmwe (Bayint Nayung)

Thugs Of Hindostan

ဒီဇာတ်ကားကတော့ အက်ရှင်နဲ့ စွန့်စားခန်းတွေပါတဲ့ အိန္ဒိယဇာတ်ကားတစ်ကားပါ။ နာမည်ကျော်ရုပ်ရှင်မင်းသားကြီး အမီတာဘဂျမ်း၊ 3 Idiots ထဲက မင်းသားတစ်လက်ဖြစ်တဲ့ Aamir Khan နဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ Katrina Kaif တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ပင်လယ်ဓားပြဇာတ်ကားလေးပါ။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema

ဖရဲသီးမော်ဒယ်

https://youtu.be/-nvOXHspshk

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားပြီးတော့ ခန့်စည်သူ၊ ဇေရဲထက်၊ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အခြားဟာသ သရုပ်ဆောင်ပေါင်များစွာ ပါဝင်အားဖြည့်ထားတဲ့ ဖရဲသီးမော်ဒယ်ဆိုတဲ့ ဟာသရုပ်ရှင်ကားကြီးကို စိတ်ဖိစီးမှုတွေ ဖြေဖျောက်နိုင်ဖို့အတွက် သွားကြည့်လိုက်ကြဦးနော်။

ပြသပေးသွားမည့် ရုံများ

Shae Saung Cinema, Mingalar (Thein Gyi Zay), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Waziyar, Top Royal Parami Sein Gay Har, Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tarmwe (Bayint Naung)

Show Time @ Junction Cinemas

Sunday _ Thursday: 10 AM, 1PM, 4PM, 7PM

Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas

Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM

Cinema Telephone Booking Contacts

Junction Maw Tin | 01 225 244

Junction City | 01 9253591, 01 9252592

Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165

Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73

Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92