[Zawgyi]

Hello, Love, Goodbye

Hello, Love, Goodbye လို႔ထူးထူးျခားျခားနာမည္ေပးထားတ့ဲ ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဖိလစ္ပိုင္ Romance / Drama ဇာတ္ကားေကာင္းေလးျဖစ္ပါတယ္။ဒီဇာတ္ကားေလးမွာေတာ့ ပရိသတ္အခ်စ္ေတာ္ ဖိလစ္ပိုင္မင္းသားေခ်ာ Alden Richards နဲ႔ မင္းသမီး Kathryn Bernardo တို႔ကအဓိကသရုပ္ေဆာင္ေတြအျဖစ္ပါဝင္ထားၾကတာျဖစ္ပါတယ္။ အခ်စ္ ဒရမ္မာ ဇာတ္ကားေကာင္းေကာင္းေလးေတြကိုမွ ၾကည့္ၿပီး Feel ခ်င္ပါတယ္ဆိုတဲ့ ရုပ္ရွင္ခ်စ္ပရိသတ္ေတြအတြက္ လံုးဝလက္မလႊတ္သင့္တ့ဲ ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။

Source : ABS-CBN Star Cinema

ျပသေပးသြားမည့္ ႐ံုမ်ား

Junction City, Junction Square, City Mall (St.John), Junction Mawtin,

 

Pro May : Tee Shot

ဇာတ္လမ္းဇာတ္အိမ္ခုိင္ခိုင္မာမာနဲ႔ ထိုင္းဇာတ္ကားေကာင္းေလးေတြကိုမွ ႀကိဳက္ႏွစ္သက္ပါတယ္ဆိုတဲ့ ပရိသတ္ေတြအတြက္ Pro May : Tee Shot လို႔အမည္ရတဲ့ ဇာတ္ကားေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီဇာတ္ကားေလးမွာေတာ့ ဖခင္ျဖစ္သူရဲ႕ ဆႏၵအတိုင္း Golf ကစားသမားေတြျဖစ္တဲ့ မို နဲ႔ ေမ တို႔ႏွစ္ေယာက္ဟာ ငယ္စဥ္ကတည္းက ျပင္းထန္တဲ့ေလ့က်င့္မႈေတြနဲ႔ အတူ World – Class Champion ေတြ ျဖစ္ေအာင္ ထိုင္းႏိုင္ငံကေန US အထိေျပာင္းေရႊ႕ႀကိဳးစားခဲ့ၾကပါတယ္။ဒါေပမဲ့ အရြယ္ေရာက္လာတဲ့အခါမွာေတာ့ ဖခင္ျဖစ္သူနဲ႔ သမီးျဖစ္သူတို႔ သေဘာထားခ်င္းကြဲလြဲမႈေတြျဖစ္လာၿပီး အေဖနဲ႔ သမီးၾကားက ပဋိပကၡေတြ ခ်စ္ျခင္းေမတၱာေတြကို ေပၚလြင္ေအာင္ပံုေဖာ္ရိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။

Pro May : Tee Shot – Trailer

" Pro May : Tee Shot "Release on 26th September @JCGV———————-#JCGV#ProMay

Posted by JCGV on Monday, September 23, 2019

Source : JCGV

ျပသေပးသြားမည့္ ႐ံုမ်ား

Junction City, Junction Square, City Mall (St.John) .

 

Dream Girl

တစ္ေန႔တာ စိတ္ဖိစီးမႈေတြေလ်ာ့က်ၿပီး ဘဝအေမာေတြေျပေပ်ာက္ခ်င္ပါတယ္ဆိုတဲ့ ပရိသတ္ေတြအတြက္ Dream Girl လို႔အမည္ရတဲ့ ေဘာလိဝုဒ္ အခ်စ္ဟာသ ဇာတ္ကားေကာင္းေလးက စတင္ရံုတင္ျပသေနၿပီျဖစ္ပါတယ္။Dream Girl ဇာတ္ကားမွာေတာ့ အိႏိၵယမင္းသားေခ်ာ Ayushmann Khurrana က အဓိကသရုပ္ေဆာင္အျဖစ္ပါဝင္ထားၿပီး ဒီဇာတ္ကားထဲမွာ Ayushmann Khurrana ဟာ ငယ္စဥ္ကတည္းက အမ်ဳိးသားအသံေရာ အမ်ဳိးသမီးအသံကိုပါ ကြ်မ္းက်င္စြာေျပာတက္တဲ့ ထူးထူးျခားျခားလူတစ္ေယာက္ျဖစ္ပါတယ္။တစ္ေန႔မွာေတာ့ အသဲကြဲသူေတြ အထီးက်န္သူေတြကို အားေပးစကားေျပာရတဲ့ Call Center တစ္ခုမွာ အလုပ္ဝင္ခဲ့ၿပီး ဖုန္းဆက္လာတဲ့ Customer ေတြနဲ႔ ခ်စ္သူေကာင္မေလးၾကားက ျပႆနာေျဖရွင္းပံုေတြကို ေပ်ာ္ရႊင္ရယ္ေမာဖြယ္ၾကည့္ရႈ႕ရမွာျဖစ္ပါတယ္။

 

Source : BalajiMotionPictures

ျပသေပးသြားမည့္ ႐ံုမ်ား

Junction City, City Mall (St.John) .

 

ကြီးတို႔၏ မာယာ

ကြီးတို႔၏ မာယာ ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဒါရိုက္တာရာဇဝင္ကို ရိုက္ကူးပံုေဖာ္ထားတဲ့ အခ်စ္ဟာသရုပ္ရွင္ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ ရဲေအာင္ ခန္႔စည္သူ ရာဇာေနဝင္း ေအာင္မင္းခန္႔ ေဗလုဝ ဒိန္းေဒါင္ မို႔မုိ႔ျမင့္ေအာင္ ထြန္းအိျႏၵာဗိုလ္ ခိုင္သင္းၾကည္ ၾကည္လဲ့လဲ့ဦး သြန္းဆက္ ေဒၚႏြဲ႔ႏြဲ႔စန္း ဝါဝါေအာင္ ၿငိမ္းခ်မ္း တိမ္ၫြန္႔ စိစိ မတူး ခ်စ္သဲစံ မိုးပြင့္ျဖဴ ယုဝါႏွင့္ ဟာသသ႐ုပ္ေဆာင္မ်ားစြာပါဝင္ရိုက္ကူးထားတာျဖစ္ပါတယ္။ဟာကြီးတို႔ မမႀကီးတို႔ရဲ႕ စူပါအ႐ႈပ္ေတာ္ပံုႀကီးကို ရယ္ရယ္ေမာေမာနဲ႔ ၾကည့္ရမဲ့ဇာတ္ကားေကာင္းျဖစ္တာေၾကာင့္ ဟာသႀကိဳက္တဲ့ ပရိသတ္ေတြအတြက္ေတာ့ မျဖစ္မေနသြားေရာက္ၾကည့္ရႈ႕သင့္တ့ဲဇာတ္ကားတစ္ကားလို႔ညႊန္းဆိုေပးခ်င္ပါတယ္။

Source : Mingalar Cinemas

ျပသေပးသြားမည့္ ႐ံုမ်ား

Junction City, Junction Square, City Mall (St.John), Junction Mawtin, Tha Ma Ta Cinema , Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

47 Meters Down Uncaged

သည္းထိပ္ရင္ဖို ဇာတ္ကားေကာင္းေတြကို ႀကိဳက္ႏွစ္သက္တဲ့ ပရိသတ္ေတြအတြက္ 47 Meters Down Uncaged လို႔အမည္ရတဲ့ ဇာတ္ကားနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ဒီဇာတ္ကားထဲမွာေတာ့ ေရေအာက္ (၄၇) မီတာအကြာက ေၾကာက္မက္ဖြယ္ရာ လိုဏ္ဂူထဲကို ေရာက္ရွိသြားခဲ့တဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးအုပ္စု ႀကံဳေတြ႕ရတဲ့ အျဖစ္အပ်က္ေတြကို ရင္တထိတ္ထိတ္ၾကည့္ရႈ႕ရမွာျဖစ္ပါတယ္။ေရေအာက္မွာဘယ္လိုထိတ္လန္႔ေၾကာက္မက္ဖြယ္ေကင္းတဲ့ အႏၲာရာယ္ေတြနဲ႔ ႀကံဳေတြ႕ရမလဲ အဲ့ဒီအႏၲာရာယ္ေတြကိုေက်ာ္လြားၿပီး အသက္ေဘးကလြတ္ေျမာက္ႏိုင္မွာလားဆိုတာေတာ့ ပရိသတ္ေတြကပဲ ရုပ္ရွင္ပိတ္ကားထက္မွာသြားေရာက္ၾကည့္ရႈ႕လုိက္ပါအုန္းေနာ္။

Source : KinoCheck International

ျပသေပးသြားမည့္ ႐ံုမ်ား

Junction City, Junction Square, City Mall (St.John).

 

IT Chapter-2

ရုပ္ရွင္ခ်စ္ပရိသတ္ေတြ ေစာင့္ေမ်ာ္ေနၾကတဲ့ IT Chapter-2 ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ရံုတင္ျပသေနပါၿပီေနာ္။ ၂၀၁၇ ခုႏွစ္က ထြက္ရွိခ့ဲတဲ့ IT ရုပ္ရွင္ဇာတ္ကားဟာဆိုရင္ Horror ရုပ္ရွင္ေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ဇာတ္ကားတစ္ကားအျဖစ္ရပ္တည္ႏုိင္ခဲ့ပါတယ္။ယခု (၂)ႏွစ္အၾကာမွာထပ္မံထြက္ရွိလာတဲ့ IT Chapter-2 ဇာတ္ကားမွာလည္း Evil Clown Pennywise ႀကီးတစ္ေယာက္ Derry ၿမိဳ႕ေလးကိုျပန္လည္ေရာက္ရွိလာခဲ့ၿပီး ဘယ္လုိေတြေသြးပ်က္ဖြယ္ေျခာက္လွန္႕အုန္းမွာလဲ။ပထမကားမွာ ကေလးအရႊယ္ေလးေတြအျဖစ္ျမင္ေတြ႕ခဲ့ရတဲ့ The Losers’ Club သူေတြကလည္း အရႊယ္ေရာက္လာၿပီျဖစ္တာေၾကာင့္ Pennywise ႀကီးနဲ႔ ဘယ္လိုေတြထိပ္တိုက္ရင္ဆိုင္သြားၾကအုန္းမွာလည္းဆိုတာ ရင္တထိတ္ထိတ္ၾကည့္ရႈ႕ခံစားၾကရမွာျဖစ္ပါတယ္။

Source : Warner Bros. Pictures

ျပသေပးသြားမည့္ ႐ံုမ်ား

Junction City, Junction Square, Nay Pyi Taw , Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung) ,Mingalar Cinemas Gold Class .

 

ညစ္တြန္း

ညစ္တြန္းရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဒါရိုက္တာလူမင္းကိုယ္တိုင္ရိုက္ကူးပံုေဖာ္ထားၿပီး လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ခိုင္သင္းၾကည္၊ ထက္ထက္ထြန္း တို႔ကအဓိကသရုပ္ေဆာင္ေတြအျဖစ္ပါဝင္ရိုက္ကူးထားကာ ေနဆန္း၊ ေညာင္ေညာင္၊ ရဲမြန္၊ ထူးသာ၊ သိန္းဇံ၊ သန္းသန္းစိုး၊ ဧည့္သည္သရုပ္ေဆာင္ ထြန္းထြႏ္း၀င္း၊ ခ်ိဳျပံဳး၊ ေဇာ္မႈိင္း စတဲ့နာမည္ႀကီးဝါရင့္ သရုပ္ေဆာင္မ်ားစြာနဲ႔ ရိုက္ကူးပံုေဖာ္ထားတာျဖစ္ပါတယ္။ ပံုမွန္ၾကည့္ေနက်ရုပ္ရွင္ဇာတ္ကားေတြထဲက ခြဲထြက္ထားတဲ့ ညစ္တြန္းရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဇာတ္လမ္းဇာတ္အိမ္ခိုင္ခိုင္မာမာနဲ႔ နာမည္ႀကီးမင္းသားႏွစ္ဦးရဲ႕ အားၿပိဳင္မႈေတြကို စိတ္ဝင္စားဖြယ္ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

Source : Myanmar Cele Crazy

ျပသေပးသြားမည့္ ႐ံုမ်ား

Junction City.

 

Rambo: Last Blood

အၾကမ္းစားအက္ရွင္ဇာတ္ကားေကာင္းေတြကိုမွႀကိဳက္ႏွစ္သက္ပါတယ္ဆိုတဲ့ ပရိသတ္ေတြအတြက္ေတာ့ Rambo: Last Blood ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီဇာတ္ကားဟာဆိုရင္ ကမာၻေက်ာ္မင္းသားႀကီး Sylvester Stalloneကို Ramboအျဖစ္ နာမည္ႀကီးလာေစခဲ႕တဲ႕ Rambo ရုပ္ရွင္ေတြရဲ႕ ငါးကားေျမာက္ရုပ္ရွင္ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ဇာတ္လမ္းကေတာ့ Rambo ရဲ႕ အခင္ဆံုးသူငယ္ခ်င္းျဖစ္သူ ရဲ႕ သမီးကို ဒိတ္ဒိတ္ၾကဲ Mexican မူးရစ္ရာဇာေတြ ျပန္ေပးဆြဲသြားတဲ့ အတြက္U.S.-Mexico နယ္စပ္ျဖတ္ေက်ာ္ျပီး ျပန္ကယ္ဖို႕ ႀကိဳးစားတာေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အမိုက္စားအက္ရွင္ခန္းေတြ စြန္႔စားခန္းေတြကို စိတ္ဝင္စားဖြယ္ၾကည့္ရႈ႕ရမွာျဖစ္တာေၾကာင့္ ပရိသတ္ေတြလက္မလြတ္သင့္တ့ဲ ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္ေနာ္။

Source : Lionsgate Movies

ျပသေပးသြားမည့္ ႐ံုမ်ား

Nay Pyi Taw Cinema,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

ေရွ႕သြားေနာက္လိုက္

ေရွ႕သြားေနာက္လိုက္ ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဒါရုိက္တာ – စတီးလ္(ေဒြးေမတၱာ) ရိုက္ကူးပံုေဖာ္ထားၿပီး ဇင္ဝိုင္း ထြန္းအိၿႏၵာဗိုလ္ ၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း ၊ ေနမင္း ၊ အလင္းေရာင္ ၊ ခင္ဇာျခည္ေက်ာ္ ၊ မိုးျပည့္ျပည့္ေမာင္ ၊ ေရႊသမီး ၊ သြန္းဆက္၊ ရတနာဗိုလ္၊ မွဴးသခင္ကို ၊ ၾကယ္ျဖဴရွင္းသန္႔္ ႏွင့္ တျခားေသာ ဝါရင့္ ဇာတ္ပို႔ဇာတ္ရံ သရုပ္ေဆာင္မ်ားစြာပါဝင္ရိုက္ကူးထားတဲ့ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ သားသမီးနဲ႔ မိဘၾကားက ေမတၱာေတြကို အဓိကေဖာ္ၾကဴးထားတဲ့ မိဘေမတၱာဇာတ္ကားေကာင္းေလးတစ္ကားျဖစ္တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ အျမန္ဆံုးသြားေရာက္ၾကည့္ရႈ႕ဖို႔ တိုက္တြန္းလိုက္ပါတယ္။

Source : Mingalar Cinemas

ျပသေပးသြားမည့္ ႐ံုမ်ား

Tha Ma Ta Cinema , Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

Kaappaan

Kaappaan လို႔အမည္ရတဲ့ Tamil ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ အက္ရွင္ႀကိဳက္ႏွစ္သက္တဲ့ ပရိသတ္ေတြအႀကိဳက္ေတြ႕ေစမယ့္ ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ဒီဇာတ္ကားမွာေတာ့ အိႏၵိယမင္းသားေခ်ာ Suriya ကအဓိကပါဝင္သရုပ္ေဆာင္ထားၿပီး India ဝန္ၾကီးခ်ဳပ္ရဲ႕ သက္ေတာ္ေစာင္႕ SPG (Special Protection Officer)အျဖစ္ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ India ရဲ႕ ႏိုင္ငံေရး လွည္႕ကြက္အရႈပ္ေတာ္ပံုေတြၾကား မၾကာခဏလုပ္ႀကံမႈေတြရွိေနၿပီး ဝန္ၾကီးခ်ဳပ္ျဖစ္သူ လုပ္ၾကံအသတ္ခံလိုက္ရတဲ့အခါမွာေတာ့ သက္ေတာ္ေစာင္႕ျဖစ္သူ Suriya တစ္ေယာက္ ဘယ္လိုေတြကိုင္တြယ္ေျဖရွင္းသြားမလဲ လူဆိုးေတြဘယ္လိုတိုက္ၾကခိုက္ၾကမလဲဆိုတာ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

Source : Lyca Productions

ျပသေပးသြားမည့္ ႐ံုမ်ား

Nay Pyi Taw Cinema , Shae Saung Cinema ,   Mingalar Gamone Pwint (Hledan-San Yeik Nyein),  Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

ဘာလာလာ

ဒါရိုက္တာကိုေဇာ္(အရုဏ္ဦး) ရိုက္ကူးပံုေဖာ္ထားတဲ့ ဘာလာလာ လို႔အမည္ရတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဟာသမွဟာသပါဆိုတဲ့ အခြီးတလိုင္းပရိသတ္ေတြ ၾကည့္ရႈ႕သင့္တဲ့ အခ်စ္ဟာသဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ဒီဇာတ္ကားထဲမွာေတာ့ ျမင့္ျမတ္၊ ေက်ာ္ေက်ာ္ဗိုလ္၊ ရဲေလး၊ သက္မြန္ျမင့္၊ ဟန္နီ၊ ဖူးပြင့္သခင္၊ ေဇာ္ေဇာ္ေအာင္၊ေကညီ၊ထူးျခား၊ေအာင္ေဇာ္မင္း ၊ ေအာင္သီဟ။ျမတ္ႏိုး၊နန္းေရႊအိမ္ႏွင့္ တျခားေသာသ႐ုပ္ေဆာင္ေပါင္းမ်ားစြာပါဝင္ရိုက္ကူးထားတဲ့ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ဟာသပိုင္းမွာတကယ္ကိုကြ်မ္းက်င္တဲ့ သရုပ္ေဆာင္ေကာင္းမ်ားစြာနဲ႔ ရိုက္ကူးထားၿပီး ဘယ္သူေတြက ဘယ္လိုအရႊန္းေဖာက္ၾကအုန္းမလဲ ဘယ္လိုဝက္ဝက္ကြဲရယ္ရအုန္းမလဲဆိုတာေတာ့ ပရိသတ္ေတြကပဲ သြားေရာက္ၾကည့္ရႈ႕လိုက္ပါအုန္းေနာ္။

Source : Mingalar Cinemas

ျပသေပးသြားမည့္ ႐ံုမ်ား

Shae Saung Cinema ,Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung) .

 

[Unicode]

Hello, Love, Goodbye

Hello, Love, Goodbye လို့ထူးထူးခြားခြားနာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဖိလစ်ပိုင် Romance / Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ ပရိသတ်အချစ်တော် ဖိလစ်ပိုင်မင်းသားချော Alden Richards နဲ့ မင်းသမီး Kathryn Bernardo တို့ကအဓိကသရုပ်ဆောင်တွေအဖြစ်ပါဝင်ထားကြတာဖြစ်ပါတယ်။ အချစ် ဒရမ်မာ ဇာတ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ပြီး Feel ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Source : ABS-CBN Star Cinema

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin,

 

Pro May : Tee Shot

ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ထိုင်းဇာတ်ကားကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် Pro May : Tee Shot လို့အမည်ရတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဖခင်ဖြစ်သူရဲ့ ဆန္ဒအတိုင်း Golf ကစားသမားတွေဖြစ်တဲ့ မို နဲ့ မေ တို့နှစ်ယောက်ဟာ ငယ်စဉ်ကတည်းက ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ အတူ World – Class Champion တွေ ဖြစ်အောင် ထိုင်းနိုင်ငံကနေ US အထိပြောင်းရွှေ့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူနဲ့ သမီးဖြစ်သူတို့ သဘောထားချင်းကွဲလွဲမှုတွေဖြစ်လာပြီး အဖေနဲ့ သမီးကြားက ပဋိပက္ခတွေ ချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်အောင်ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Pro May : Tee Shot – Trailer

" Pro May : Tee Shot "Release on 26th September @JCGV———————-#JCGV#ProMay

Posted by JCGV on Monday, September 23, 2019

Source : JCGV

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John) .

 

Dream Girl

တစ်နေ့တာ စိတ်ဖိစီးမှုတွေလျော့ကျပြီး ဘဝအမောတွေပြေပျောက်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် Dream Girl လို့အမည်ရတဲ့ ဘောလိဝုဒ် အချစ်ဟာသ ဇာတ်ကားကောင်းလေးက စတင်ရုံတင်ပြသနေပြီဖြစ်ပါတယ်။Dream Girl ဇာတ်ကားမှာတော့ အိန္ဒိယမင်းသားချော Ayushmann Khurrana က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး ဒီဇာတ်ကားထဲမှာ Ayushmann Khurrana ဟာ ငယ်စဉ်ကတည်းက အမျိုးသားအသံရော အမျိုးသမီးအသံကိုပါ ကျွမ်းကျင်စွာပြောတက်တဲ့ ထူးထူးခြားခြားလူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ အသဲကွဲသူတွေ အထီးကျန်သူတွေကို အားပေးစကားပြောရတဲ့ Call Center တစ်ခုမှာ အလုပ်ဝင်ခဲ့ပြီး ဖုန်းဆက်လာတဲ့ Customer တွေနဲ့ ချစ်သူကောင်မလေးကြားက ပြဿနာဖြေရှင်းပုံတွေကို ပျော်ရွှင်ရယ်မောဖွယ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။

 

Source : BalajiMotionPictures

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John) .

 

ကွီးတို့၏ မာယာ

ကွီးတို့၏ မာယာ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးပုံဖော်ထားတဲ့ အချစ်ဟာသရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ရဲအောင် ခန့်စည်သူ ရာဇာနေဝင်း အောင်မင်းခန့် ဗေလုဝ ဒိန်းဒေါင် မို့မို့မြင့်အောင် ထွန်းအိန္ဒြာဗိုလ် ခိုင်သင်းကြည် ကြည်လဲ့လဲ့ဦး သွန်းဆက် ဒေါ်နွဲ့နွဲ့စန်း ဝါဝါအောင် ငြိမ်းချမ်း တိမ်ညွန့် စိစိ မတူး ချစ်သဲစံ မိုးပွင့်ဖြူ ယုဝါနှင့် ဟာသသရုပ်ဆောင်များစွာပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ဟာကွီးတို့ မမကြီးတို့ရဲ့ စူပါအရှုပ်တော်ပုံကြီးကို ရယ်ရယ်မောမောနဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာကြောင့် ဟာသကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ မဖြစ်မနေသွားရောက်ကြည့်ရှု့သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းဆိုပေးချင်ပါတယ်။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Tha Ma Ta Cinema , Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

47 Meters Down Uncaged

သည်းထိပ်ရင်ဖို ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် 47 Meters Down Uncaged လို့အမည်ရတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ ရေအောက် (၄၇) မီတာအကွာက ကြောက်မက်ဖွယ်ရာ လိုဏ်ဂူထဲကို ရောက်ရှိသွားခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေးအုပ်စု ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ရင်တထိတ်ထိတ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။ရေအောက်မှာဘယ်လိုထိတ်လန့်ကြောက်မက်ဖွယ်ကေင်းတဲ့ အန္တာရာယ်တွေနဲ့ ကြုံတွေ့ရမလဲ အဲ့ဒီအန္တာရာယ်တွေကိုကျော်လွားပြီး အသက်ဘေးကလွတ်မြောက်နိုင်မှာလားဆိုတာတော့ ပရိသတ်တွေကပဲ ရုပ်ရှင်ပိတ်ကားထက်မှာသွားရောက်ကြည့်ရှု့လိုက်ပါအုန်းနော်။

Source : KinoCheck International

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John).

 

IT Chapter-2

ရုပ်ရှင်ချစ်ပရိသတ်တွေ စောင့်မျော်နေကြတဲ့ IT Chapter-2 ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေပါပြီနော်။ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ရုပ်ရှင်ဇာတ်ကားဟာဆိုရင် Horror ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်ကားတစ်ကားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ယခု (၂)နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ IT Chapter-2 ဇာတ်ကားမှာလည်း Evil Clown Pennywise ကြီးတစ်ယောက် Derry မြို့လေးကိုပြန်လည်ရောက်ရှိလာခဲ့ပြီး ဘယ်လိုတွေသွေးပျက်ဖွယ်ခြောက်လှန့်အုန်းမှာလဲ။ပထမကားမှာ ကလေးအရွှယ်လေးတွေအဖြစ်မြင်တွေ့ခဲ့ရတဲ့ The Losers’ Club သူတွေကလည်း အရွှယ်ရောက်လာပြီဖြစ်တာကြောင့် Pennywise ကြီးနဲ့ ဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်သွားကြအုန်းမှာလည်းဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှု့ခံစားကြရမှာဖြစ်ပါတယ်။

Source : Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, Nay Pyi Taw , Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung) ,Mingalar Cinemas Gold Class .

 

ညစ်တွန်း

ညစ်တွန်းရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာလူမင်းကိုယ်တိုင်ရိုက်ကူးပုံဖော်ထားပြီး လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ထက်ထက်ထွန်း တို့ကအဓိကသရုပ်ဆောင်တွေအဖြစ်ပါဝင်ရိုက်ကူးထားကာ နေဆန်း၊ ညောင်ညောင်၊ ရဲမွန်၊ ထူးသာ၊ သိန်းဇံ၊ သန်းသန်းစိုး၊ ဧည့်သည်သရုပ်ဆောင် ထွန်းထွန်းဝင်း၊ ချိုပြုံး၊ ဇော်မှိုင်း စတဲ့နာမည်ကြီးဝါရင့် သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ပုံမှန်ကြည့်နေကျရုပ်ရှင်ဇာတ်ကားတွေထဲက ခွဲထွက်ထားတဲ့ ညစ်တွန်းရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ နာမည်ကြီးမင်းသားနှစ်ဦးရဲ့ အားပြိုင်မှုတွေကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Source : Myanmar Cele Crazy

ပြသပေးသွားမည့် ရုံများ

Junction City.

 

Rambo: Last Blood

အကြမ်းစားအက်ရှင်ဇာတ်ကားကောင်းတွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက်တော့ Rambo: Last Blood ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ကမ္ဘာကျော်မင်းသားကြီး Sylvester Stalloneကို Ramboအဖြစ် နာမည်ကြီးလာစေခဲ့တဲ့ Rambo ရုပ်ရှင်တွေရဲ့ ငါးကားမြောက်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Rambo ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ ရဲ့ သမီးကို ဒိတ်ဒိတ်ကြဲ Mexican မူးရစ်ရာဇာတွေ ပြန်ပေးဆွဲသွားတဲ့ အတွက်U.S.-Mexico နယ်စပ်ဖြတ်ကျော်ပြီး ပြန်ကယ်ဖို့ ကြိုးစားတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အမိုက်စားအက်ရှင်ခန်းတွေ စွန့်စားခန်းတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာဖြစ်တာကြောင့် ပရိသတ်တွေလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်နော်။

Source : Lionsgate Movies

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

ရှေ့သွားနောက်လိုက်

ရှေ့သွားနောက်လိုက် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာ – စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးပုံဖော်ထားပြီး ဇင်ဝိုင်း ထွန်းအိန္ဒြာဗိုလ် ၊ မင်းမော်ကွန်း၊ ထွန်းထွန်း ၊ နေမင်း ၊ အလင်းရောင် ၊ ခင်ဇာခြည်ကျော် ၊ မိုးပြည့်ပြည့်မောင် ၊ ရွှေသမီး ၊ သွန်းဆက်၊ ရတနာဗိုလ်၊ မှူးသခင်ကို ၊ ကြယ်ဖြူရှင်းသန့် နှင့် တခြားသော ဝါရင့် ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်များစွာပါဝင်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သားသမီးနဲ့ မိဘကြားက မေတ္တာတွေကို အဓိကဖော်ကြူးထားတဲ့ မိဘမေတ္တာဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ အမြန်ဆုံးသွားရောက်ကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Tha Ma Ta Cinema , Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

Kaappaan

Kaappaan လို့အမည်ရတဲ့ Tamil ရုပ်ရှင်ဇာတ်ကားကြီးကတော့ အက်ရှင်ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ အိန္ဒိယမင်းသားချော Suriya ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး India ဝန်ကြီးချုပ်ရဲ့ သက်တော်စောင့် SPG (Special Protection Officer)အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ India ရဲ့ နိုင်ငံရေး လှည့်ကွက်အရှုပ်တော်ပုံတွေကြား မကြာခဏလုပ်ကြံမှုတွေရှိနေပြီး ဝန်ကြီးချုပ်ဖြစ်သူ လုပ်ကြံအသတ်ခံလိုက်ရတဲ့အခါမှာတော့ သက်တော်စောင့်ဖြစ်သူ Suriya တစ်ယောက် ဘယ်လိုတွေကိုင်တွယ်ဖြေရှင်းသွားမလဲ လူဆိုးတွေဘယ်လိုတိုက်ကြခိုက်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Source : Lyca Productions

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema , Shae Saung Cinema ,   Mingalar Gamone Pwint (Hledan-San Yeik Nyein),  Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

ဘာလာလာ

ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားတဲ့ ဘာလာလာ လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဟာသမှဟာသပါဆိုတဲ့ အခွီးတလိုင်းပရိသတ်တွေ ကြည့်ရှု့သင့်တဲ့ အချစ်ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ သက်မွန်မြင့်၊ ဟန်နီ၊ ဖူးပွင့်သခင်၊ ဇော်ဇော်အောင်၊ကေညီ၊ထူးခြား၊အောင်ဇော်မင်း ၊ အောင်သီဟ။မြတ်နိုး၊နန်းရွှေအိမ်နှင့် တခြားသောသရုပ်ဆောင်ပေါင်းများစွာပါဝင်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဟာသပိုင်းမှာတကယ်ကိုကျွမ်းကျင်တဲ့ သရုပ်ဆောင်ကောင်းများစွာနဲ့ ရိုက်ကူးထားပြီး ဘယ်သူတွေက ဘယ်လိုအရွှန်းဖောက်ကြအုန်းမလဲ ဘယ်လိုဝက်ဝက်ကွဲရယ်ရအုန်းမလဲဆိုတာတော့ ပရိသတ်တွေကပဲ သွားရောက်ကြည့်ရှု့လိုက်ပါအုန်းနော်။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Shae Saung Cinema ,Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung) .