Small Foot
Migo လို့ ခေါ်တဲ့ နှင်းလူသားလေးက သူ့အမျိုးအနွယ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ နှင်းလူသားလေးပေါ့။ ဒါပေမဲ့ လူသားတစ်ယောက်တည်ရှိနေတာကို သူသိသွားတော့ သူ့အမျိုးအနွယ်တွေကို သွားပြောပြတာပေါ့။ ဒါပေမဲ့ သူ့ကို ဘယ်သူမှမယုံကြတဲ့အပြင် ရူးနေတယ်လို့တောင် ထင်နေကြပါတယ်။ ဒါနဲ့ပဲ သူက မခံချင်စိတ်နဲ့ သူမှန်ကြောင်း သက်သေပြချင်ခဲ့ပါတယ်။ Migo လေး ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရရှိပါ့မလား။ သူ့ကိုရော သူ့အမျိုးအနွယ်တွေက ယုံကြည်ပါ့မလားဆိုတာကို Small Foot ဆိုတဲ့ ကာတွန်းကားလေးကို သွားအားပေးရင်း အဖြေရှာကြည့်လိုက်ကြပါစို့။
ပြသပေးသွားမည့် ရုံများ
Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein)
ကြေးကြီးတယ်
မကောင်းမှုတွေကို ရွံမုန်းတဲ့ မြင့်မြတ်တစ်ယောက် သူတတ်စွမ်းတဲ့ခွန်အားတဲ့ မကောင်းမှုကို ဘယ်လိုတွန်းလှန်ဖို့ ကြိုးစားမလဲဆိုတာကို သိချင်ရင်တော့ ဒါရိုက်တာ စတီး(လ်) (ဒွေးမေတ္တာ) ရိုက်ကူးပြီး မြင့်မြတ်၊ နေမျိုးအောင်၊ ထွန်းကိုကို၊ အိချောပို၊ ဇွဲနိုင်ဝင်းနဲ့ အခြားအနုပညာရှင်ပေါင်းများစွာပါဝင်တဲ့ ကြေးကြီးတယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုလိုက်ကြပါဦးနော်။
ပြသပေးသွားမည့် ရုံများ
Shae Saung Cinema, Thwin Cinema, Mingalar (Thein Gyi Zay), Mingalar Dagon Centre II, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Top Royal Parami Sein Gay Har, Mingalar Waziyar, Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa
တော်တော်ဖြစ်နေလား
ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးပြီး ကျော်ရဲအောင်၊ မြင့်မြတ်၊ ညီထွဋ်ခေါင်နဲ့ ရွှေသမီးတို့အပြင် အခြားဟာသ သရုပ်ဆောင်များနဲ့ ရိုက်ကူးထားတဲ့ ဟာသရုပ်ရှင်ကားကြီး ရုံတင်နေပြီနော်။ ပိတ်ရက်မှာ ရယ်ရွှင်မြူးရင်း ဘဝအမောတွေ ပြေပျောက်ချင်တယ်ဆိုရင်တော့ တော်တော်ဖြစ်နေလား အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်ကြဖို့ လက်တို့လိုက်တယ်နော်။
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St John), Junction Mawtin
Halloween
Laurie Strode က ဟောလိုဝင်းညမှာ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားရဲ့ လက်မှ သီသီကလေး လွတ်မြောက်လာခဲ့တာ အခုဆို နှစ်ပေါင်း ၄၀ ရှိသွားပါပြီ။ အခုတစ်ခါ ဟောလိုးဝင်းညမှာလည်း မျက်နှာဖုံးစွပ်လူသတ်သမားက လူလိုက်သတ်ဦးမှာပါ။ အဲ့ဒီအခါ Laurie က ဘယ်လို ပြင်ဆင်ထားမလဲ၊ လူသတ်သမားကို အနိုင်ရပါ့မလားဆိုတာကို သိချင်ရင်တော့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်တဲ့ Halloween ဇာတ်ကားကြီးကို သွားကြည့်လိုက်ကြပါဦးနော်။
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St.John)
Project Gutenberg
https://youtu.be/boRBFGcNhmA
ဟောင်ကောင်ရဲတပ်ဖွဲဝင်တွေက ဒေါ်လာငွေအတုပြုလုပ်နေကြတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုကို လိုက်လံချေမှုန်းနေရပါတယ်။ ငွေအတုနဲ့အစစ်ကို ခွဲခြားရခက်ခဲလောက်တဲ့အထိ ဒုစရိုက်သမားတွေက ငွေတုပြုလုပ်တာ ကျွမ်းကျင်ကြပါတယ်။ ဒီတစ်ခါမှာရော ရဲနဲ့ လူဆိုးအားပြိုင်တဲ့အခါ ဘယ်သူတွေ အနိုင်ရကြမလဲ၊ ဘယ်သူတွေ အထိနာကြမလဲ၊ ဒုစရိုက်မှုကို နှိမ်နင်းနိုင်ပါ့မလားဆိုတာကို ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှုလိုက်ကြပါနော်။
ပြသပေးသွားမည့် ရုံများ
Junction City
သမ္မတကြီးထံသို့ ပေးစာ
https://youtu.be/sbVSofJ3AtQ
ဝတ္ထုရေးဆရာ လူနေရဲ့ဝတ္ထုကို ဒါရိုက်တာဝိုင်းမှ ပုံဖော်ရိုက်ကူးထားပြီး ဖွေးဖွေး၊ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်တို့အပြင် အခြားဝါရင့်အနုပညာရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မတရားမှုကိုအပြစ်မရှိပါဘဲနဲ့ ငွေကြေးမရှိတဲ့အတွက်ကြောင့် ငြိမ်ခံနေရတဲ့လူတစ်စု၊ ငွေကြေးနဲ့အရာရာကိုခြယ်လှယ်ပြောင်းလဲနေကြတဲ့ လူနည်းစုတို့ရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားပါမယ်။ ဒီကားထဲမှာ ဘယ်သူတွေက ဘယ်လိုမတရားခံနေရသလဲ၊ အမှန်တရားကရော သူတို့ဘက်မှာ ရပ်တည်ပေးပါ့မလားဆိုတာကို သမ္မကြီးထံသို့ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုလိုက်ကြပါဦးနော်။
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St.John), Junction Mawtin, Mingalar North Okkala Pa, Mingalar Sein Gay Har (Hlaing Thar Yar)
Hell Fest
သူငယ်ချင်းတစ်စုက ညတစ်ညမှာ ပျော်ပျော်ပါးပါးလျှောက်လည်ကြဖို့ ကစားကွင်းထဲကို သွားရောက်ကြတာပေါ့။ ထုံးစံအတိုင်း ညဘက်လည်းဖြစ်တယ်ဆိုတော့ အချင်းချင်းသရဲအကြောင်းတွေ လူသတ်ကောင်အကြောင်းတွေ ပြောရင်းစနောက်ကြတာပေါ့။ ကံမကောင်းအကြောင်းမလှတော့ မျက်နှာဖုံးစွပ်လူသတ်သမားရဲ့ သွေးအေးအေးနဲ့လိုက်လံသတ်ဖြတ်ခြင်းကို ခံရပါတော့တယ်။ အစကတော့ သူငယ်ချင်းတွေက သူတို့အချင်းချင်း စနောက်နေကြတယ်ပဲ ထင်ကြတာပေါ့။ ဒါပေမဲ့ တကယ့်တကယ့် အန္တရာယ်နဲ့ရင်ဆိုင်ရတော့အခါ တကယ်ပဲအသတ်ခံလိုက်ရမှာလား။ ဘယ်လိုလှည့်ကွက်တွေပါဝင်လာဦးမလဲဆိုတာကို ငွေရောင်ပိတ်ကားထက်မှာ စိတ်လှုပ်ရှားစွာကြည့်ရှုခံစားလိုက်ကြပါနော်။
ပြသပေးသွားမည့် ရုံများ
Nay Pyi Taw Cinema
တစ္ဆေပါလာပြီ
https://youtu.be/Cfq2rVCIr8Q
သည်းထိတ်ရင်ဖို သရဲကားတွေကိုပါ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ ရုပ်ရှင်ကြည့်ချစ်ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ ပြေတီဦး၊ အိချောပို၊ ညီထွဋ်ခေါင်၊ ခင်လှိုင်၊ အောင်ဇော်မင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ တစ္ဆေပါလာပြီ ဆိုတဲ့ သရဲကားလေးကို သွားကြည့်ဖို့ မမေ့ကြနဲ့ဦးနော်။
ပြသပေးသွားမည့် ရုံများ
Thamada Cinema, Mingalar San Pya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkala Pa
Venom
ဂျာနယ်လစ်သမားတစ်ယောက်ဖြစ်တဲ့ Eddie Brock က နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ Life Foundation ကိုတည်ထောင်သူ Carlton Drake ကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ အမြဲတမ်းကြိုးစားနေသူတစ်ဦးပါ။ Drake ရဲ့ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေကို စုံစမ်းနေရင်းနဲ့မှ Eddie ခန္ဓာကိုယ်ဟာ ထူးဆန်းတဲ့ ဂြိုလ်သားအသွင်ပြောင်းသွားပြီး အံ့သြစရာကောင်းလောက်အောင် ထူးခြားတဲ့ စွမ်းအင်တဲ့ရလာပါတော့တယ်။ မမျှော်လင့်ဘဲ စွမ်းအင်တွေရလာတဲ့အခါမှာ Eddie တစ်ယောက် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာပဲ ကြည့်ရှူခံစားလိုက်ကြပါနော်။
ပြသပေးသွားမည့် ရုံများ
Junction City, Nay Pyi Taw Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein)
တည်ကြက်
အက်ရှင်ကားတွေကိုမှ စိတ်ဝင်စားတယ်ဆိုတဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအတွက် ပြည်သူ့အချစ်တော် မင်းသားကြီး ကိုနေတိုး၊ နေမျိုးအောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လဲ့၊ နန်းခေမာ၊ မေမြတ်နိုး၊ ချောကလျာ၊ ကြည်ဖြူရှင်းသန့်စတဲ့ သရုပ်ဆောင်ပေါင်းများစွာပါဝင်အားဖြည့်ထားတဲ့ တည်ကြက်အက်ရှင်ကားကြီးကို သွားရောက်ကြည့်ရှုဖို့အတွက် ဖိတ်ခေါ်လိုက်တယ်နော်။
ပြသပေးသွားမည့် ရုံများ
Shae Saung Cinema
ဓားငပြူး
ဓားငပြူးကတော့ ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးပြီး မြင့်မြတ်၊ ရွှေသမီး၊ ခင်လှိုင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားဟာသ သရုပ်ဆောင်များစွာနဲ့ ပါဝင်အားဖြည့်ရိုက်ကူးထားတဲ့ မြန်မာဟာသရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။
ပြသပေးသွားမည့်ရုံများ
Shae Saung Cinema
Show Time @ Junction Cinemas
Sunday _ Thursday: 10 AM, 1PM, 4PM, 7PM
Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM
Show Time @ Mingalar Cinemas
Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM
Cinema Telephone Booking Contacts
Junction Maw Tin | 01 225 244
Junction City | 01 9253591, 01 9252592
Junction Square | 01 527 055
City Mall | 09 764802081
Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165
Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73
Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92