Ralph Breaks The Internet
Ralph Breaks The Internet ဆိုတဲ့ ကာတွန်းကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိထားတဲ့ Wreck-It Ralph ဆိုတဲ့ကားရဲ့ အဆက်ပါ။ ဒီကာတွန်းကားထဲမှာ Disney မင်းသမီးတွေကို အခုခေတ်ပုံစံအတိုင်း ထည့်သွင်းဖန်တီးထားတာမို့လည်း Disney ပရိသတ်တွေလည်း အကြိုက်တွေ့မယ် ထင်ပါတယ်။
ပြသပေးသွားမည့် ရုံများ
Junction Square, Junction City, City Mall, Mingalar Sanpya Cineplex, Mingalar Cineplex (Gamone Pwint), Nay Pyi Taw Cinema
Overlord
Overlord ဆိုတဲ့ ကားလေးကတော့ အမေရိကန်စစ်ပွဲကို အခြေခံထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပါ။ အမေရိကန်စစ်သားတွေက လေယာဉ်ပျက်ကျပြီး နာဇီပိုင်မြေထဲရောက်သွားတဲ့အခါ နာဇီတွေရဲ့ လူမဆန်တဲ့စမ်းသပ်ချက်တွေအကြောင်းကို တွေ့ရှိသွားပါတယ်။ နာဇီတွေရဲ့ စမ်းသပ်ချက်က ဘာလဲဆိုတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို လူသားတွေရဲ့ ခန္ဓာကိုယ်ထဲထိုးသွင်းပြီး ထိုးသွင်းခံလိုက်ရတဲ့လူက စိတ်ရိုင်းတွေဝင်လာပြီး တခြားလူကို တိုက်ခိုက် ကိုက်ဖဲ့လာပါတော့တယ်။ အမေရိကန်စစ်သားတွေက နာဇီတွေရဲ့ လုပ်ရပ်ကို တားဆီးနိုင်ပါ့မလား၊ သူတို့တွေရော အသက်ရှင်ရက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှုလိုက်ကြဦးနော်။
ပြသပေးသွားမည့် ရုံများ
Mingalar Cineplex, Nay Pyi Daw Cinema
သမီးသမက် ခမည်းခမက်
သမီးသမက် ခမည်းခမက် Official Trailer
"သမီးသမက် ခမည်းခမက်"တီတီ ရယ် မခိုင်လေးရယ် မဂွမ်းလေးရယ် သူတို့သုံးယောက် အပြိုင် ဘယ်လို ၀ုန်းထားလဲဆိုတာလာမည့် သောကြာနေ့မှာ ပါးစပ်မစိတမ်းရယ်ရဖို့ အသင့်ဖြစ်ပြီလား —-This Friday @ JCGV
Posted by JCGV on Monday, December 3, 2018
သမီးသမက် ခမည်းခမက်ဆိုတဲ့ရုပ်ရှင်ကားကတော့ ဟာသကားလေးပါ။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားပြီးတော့ ပြေတီဦး၊ မိုးအောင်ရင်၊ ရဲအောင်၊ ခိုင်သင်းကြည်နဲ့ အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ တစ်ပတ်တာလုံးပင်ပန်းခဲ့သမျှတွေကို အမောအပန်းပြေစေနိုင်ဖို့ ဟာသရုပ်ရှင်ကား သွားကြည့်ကြဖို့ မမေ့နဲ့ဦးနော်။
ပြသပေးသွားမည့် ရုံများ
Junction Mawtin, Junction Square, Junction City, City Mall, Mingalar Sanpya Cineplex, Mingalar Cinema 2 (Dagon Centre II), Mingalar Sein Gay Har, Mingalar North Okkalapa, Mingalar Tamwe, Shae Saung Cinema, Thwin, Mingalar
The Grinch
ကာတွန်းကားတွေကို ကြိုက်နှစ်သက်တဲ့ ကာတွန်းချစ်ပရိသတ်တွေအတွက် Grinch နဲ့ သူ့အချစ်တော် ခွေးလေး Max က လူတွေနဲ့ ရောနှောပေါင်းသင်းဆက်ဆံခြင်းမရှိဘဲ
Crumpet တောင်ထဲမှာရှိတဲ့ ဂူလေးတစ်လုံးထဲမှာ နေထိုင်ပါတယ်။ သူနေတဲ့ နေရာရဲ့ အနီးပတ်ဝန်းကျင်မှာ Whoville လို့ ခေါ်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ ရွာသူရွာသားတွေက ခရစ်စမတ်ကို အကြီးအကျယ်ဆင်နွှဲနေကြ၊ သီချင်းတွေ အကျယ်ကြီးဖွင့်ကြနဲ့ ပျော်ပါးနေကြတာကို စိတ်တိုလွယ်တဲ့ Grinch က နားတွေပူပြီး မခံမရပ်နိုင်ဖြစ်တော့တာပေါ့။ အဲ့ဒီအခါမှာ သူ့ရဲ့သစ္စာခံ ခွေးလေး Max နဲ့ Grinch တို့နှစ်ယောက် တိတ်ဆိတ်ငြိမ်သက်မှုကို ဘယ်လိုမျိုး ပြန်လည်ရယူမလဲ၊ ခရစ်စမတ်ကို တကယ်ပဲ ဖျက်ဆီးပစ်လိုက်မှာလားဆိုတာကို သိချင်ကြတယ်မလား။ အဲ့ဒါဆိုရင်တော့ The Grinch ကာတွန်းကားလေးကို သွားကြည့်လိုက်ကြပေါ့နော်။
ပြသပေးသွားမည့် ရုံများ
Junction City
Robin Hood
အက်ရှင်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် Robin Hood ဇာတ်ကား ရုံတင်နေပြီနော်။ Robin နဲ့ သူ့ရဲ့ တပ်မှူးက အကျင့်ပျက်ချစားပြီး ပြည်သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ကာ ပြည်သူတွေဆီက အခွန်အခတွေ မတရားကောက်ခံနေတဲ့ အင်္ဂလိပ်အရာရှိတွေကို ဘယ်လိုမျိုး ရွံ့ ရွံ့ ချွံချွံတော်လှန် တိုက်ခိုက်မလဲဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ ရုံတင်နေပြီဖြစ်တဲ့Robin Hood ကားကို သွားကြည့်လိုက်ကြပါ။
ပြသပေးသွားမည့် ရုံများ
Nay Pyi Taw Cinema
မုန်းစွဲ
https://www.youtube.com/watch?v=G5HY0P8-hnw
ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနဲ့ အခြားအနုပညာရှင်များလည်း အင်တိုက်အားတိုက်နဲ့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး။ အသံပိုင်းစနစ်ရော ရုပ်ရှင်ဇာတ်အိမ်ရော ခိုင်မာတဲ့အပြင် အနုပညာရှင်တွေရဲ့ ကြိုးစားမှုတွေက ပရိသတ်တို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစေမှာဖြစ်လို့ သွားကြည့်လိုက်ကြဦးနော်။
ပြသပေးသွားမည့် ရုံများ
Junction City, Junction Mawtin, Junction Square, City Mall (St.John), Mingalar Sein Gay Har
Fantastic Beast: The Crimes Of Grindelwald
ဟယ်ရီပေါ်တာကားတွေ အသည်းစွဲကြိုက်ကြတဲ့ ရုပ်ရှင်ကြည့်ချစ်ပရိသတ်တို့ရေ။ ကမ္ဘာကျော် စာရေးဆရာမကြီးတစ်ယောက်ဖြစ်တဲ့ J.K. Rowling ရဲ့ နာမည်ကြီး ဝတ္ထုတွေကို ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ Fantastic Beast: The Crimes Of Grindelwald က ရုံတင်နေပြီတဲ့နော်။ 2016 တုန်းက ရုံတင်သွားတဲ့ Fantastic Beast And Where To Find Them ဆိုတဲ့ ရုပ်ရှင်ကားရဲ့ အဆက်လေးပဲပေါ့။
ပြသပေးသွားမည့် ရုံများ
Mingalar Tamwe (Bayint Naung)
ဘူဇွာဟိုတယ်
အကယ်ဒမီ မြင့်မြတ်၊ ရွှေသမီး၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဇော်ဝင်းနိုင်၊ K ညီ၊ ဘင်း၊ အုန်းသီး၊ စိစိ၊ ဟားတစ်သိုက်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဝါဝါအောင်၊ အေးသီတာနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသရုပ်ရှင်ကားပါ။ ကမ်းခြေကို အပန်းဖြေလာတဲ့ ဧည့်သည်တွေ ဟိုတယ်မှာ ဘယ်လိုအလွဲလေးတွေ ကြုံရမလဲဆိုတာ သိချင်ရင်တော့ ဘူဇွာဟိုတယ်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို သွားကြည့်လိုက်ကြဦးနော်။
ပြသပေးသွားမည့် ရုံများ
Mingalar Sanpya Cineplex, Mingalar Cineplex (Gamone Pwint), Mingalar Cineplex (Sein Gay Har), Mingalar North Okkalapa, Mingalar Tamwe, Thamada Cinema
ဖရဲသီးမော်ဒယ်
https://youtu.be/z-T7mLa-2zU
ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားပြီးတော့ ခန့်စည်သူ၊ ဇေရဲထက်၊ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အခြားဟာသ သရုပ်ဆောင်ပေါင်များစွာ ပါဝင်အားဖြည့်ထားတဲ့ ဖရဲသီးမော်ဒယ်ဆိုတဲ့ ဖရဲသီးမော်ဒယ် ဆိုတဲ့ ဟာသရုပ်ရှင်ကားကြီးကို စိတ်ဖိစီးမှုတွေ ဖြေဖျောက်နိုင်ဖို့အတွက် သွားကြည့်လိုက်ကြဦးနော်။
ပြသပေးသွားမည့် ရုံများ
Shae Saung Cinema
ကြတ်ဂူ
https://youtu.be/8cn3UNhgARM
ကယားပြည်နယ် လွိုင်ကော်မြို့အနီးမှာရှိတဲ့ ပရလောကသားတွေနဲ့ ဆက်စပ်နေတဲ့ ဂူတစ်ဂူ၊ ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဂူအကြောင်းနဲ့ ကယားရိုးရာဓလေ့ပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ ကြတ်ဂူကို ရုံတင်နေပြီဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။
ပြသပေးသွားမည့် ရုံများ
Shae Saung Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein)
Show Time @ Junction Cinemas
Sunday _ Thursday: 10 AM, 1PM, 4PM, 7PM
Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM
Show Time @ Mingalar Cinemas
Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM
Cinema Telephone Booking Contacts
Junction Maw Tin | 01 225 244
Junction City | 01 9253591, 01 9252592
Junction Square | 01 527 055
City Mall | 09 764802081
Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165
Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73
Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92