The Nutcracker And The Four Realms

ဒီဇာတ်ကားလေးကတော့ အမေရိကန် စိတ်ကူးယဉ်ဆန်ဆန်နဲ့ စွန့်စားခန်းတွေလည်း ပါတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။ ဒီကားလေးရဲ့ အကြောင်းအရာကတော့ ကောင်မလေးတစ်ယောက်က သူမရဲ့ ဆုံးပါးသွားတဲ့ အမေဆီကနေ မှော်ဥလေးတစ်လုံးကို လက်ခံရာရှိခဲ့ရာကနေ စတင်ခဲ့တာပါ။ အဲ့ဒီဥလေးကို ဖွင့်ဖို့ဆိုရင် သော့လေးတစ်ချောင်းလိုပါတယ်။ အဲ့သော့လေးကို ရှာဖို့ သူမက မှော်နိုင်ငံလေးထဲကို မထင်မှတ်ပဲ ရောက်ရှိသွားပါတော့တယ်။ အဲ့ဥလေးက ဘယ်လိုအထူးအဆန်းလေးတွေပါမလဲဆိုတာကို ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှုကြဖို့ သတင်းကောင်းပါးလိုက်တယ်နော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall, Mingalar Cineplex, Shae Saung Cinema

မီ

https://youtu.be/vM6ffpTjJcA

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုပ်ရှင်ကြည့်ချစ်ပရိတ်သတ်တွေကို အထူးတလည် ပြောပြနေစရာတောင် လိုမယ်မထင်ပါဘူး။ Trailer လေးထွက်လာကတည်းက ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံထားရတဲ့ ဒရာမာဇာတ်ကားကောင်းတစ်ကားပါပဲ။ ပိုင်ဖြိုးသုရဲ့ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေ၊ နေတိုးရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေအပြင် အခြားအနုပညာရှင်ပေါင်းများစွာရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်၊ ဒါရိုက်တာ ဏကြီးရဲ့ ထိမိလှတဲ့ ရိုက်ကူးချက်တွေကို မျက်ဝါးထင်ထင်တွေ့ မြင်ရမှာပါ။ ရုပ်ရှင်ကားကောင်းတစ်ကားကို ငတ်မွတ်နေတဲ့သူတွေအတွက် ကြည့်ရတာ အားရစေမယ့် ရုပ်ရှင်ဒရာမာ ဇာတ်ကားကြီးပါပဲ။

ပြသပေးသွားမည့် ရုံများ

Mingalar Sanpya Cineplex, Mingalar Cineplex (Gamone Pwint), Mingalar Sein Gay Har, Mingalar North Okkalapa, Thamada Cinema, Thwin, Mingalar

Thugs Of Hindostan

ဒီဇာတ်ကားကတော့ အက်ရှင်နဲ့ စွန့်စားခန်းတွေပါတဲ့ အိန္ဒိယဇာတ်ကားတစ်ကားပါ။ နာမည်ကျော်ရုပ်ရှင်မင်းသားကြီး အမီတာဘဂျမ်း၊ 3 Idiots ထဲက မင်းသားတစ်လက်ဖြစ်တဲ့ Aamir Khan နဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ Katrina Kaif တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ပင်လယ်ဓားပြဇာတ်ကားလေးပါ။

ပြသပေးသွားမည့် ရုံများ

Mingalar Cinema 2 (Dagon Centre II), Mingalar Sein Gay Har, Mingalar North Okkalapa, Nay Pyi Taw Cinema

အမုန်းတွေ ခေါက်ထားလိုက်

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ဟာသကားလေးပါ။ နေတိုး၊ ရဲအောင်၊ မိုးဟေကိုနဲ့ မြတ်ကေသီအောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ တစ်ပတ်တာလုံး အလုပ်လုပ်ခဲ့ရတော့ ဘဝအမောတွေပြေရအောင်လို့ ဒီဟာသကားလေးကို သွားကြည့်ဖို့ မမေ့ကြနဲ့နော်။

ပြသပေးသွားမည့် ရုံများ

Junction Maw Tin, Junction City, Junction Square, City Mall

Ghost Wife

ထိုင်းသရဲကားတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ရုပ်ရှင်ကြည့်ချစ်ပရိသတ်တွေအတွက် Ghost Wife ဆိုတဲ့ ဇာတ်ကားလေး ရုံတင်နေပြီနော်။ Nard ဆိုတဲ့ ကျောင်းသူလေးက Mac လို့ခေါ်တဲ့ သူမကျောင်းက စီနီယာကျောင်းသားတစ်ယောက်နဲ့ အချစ်နယ်ကျွံရာကနေ ကိုယ်ဝန်ရသွားပါတယ်။ Nard ရဲ့ အမေကလည်း ကိုယ်ဝန်ဖျက်ချခိုင်း၊ Mac ရဲ့ အမေကလည်း သူ့သားကို နိုင်ငံခြားမှာ စာသွားသင်ဖို့ လွှတ်လိုက်ပါတော့တယ်။ ကံဆိုးသူNard ခမျာ ကိုယ်ဝန်ဖျက်ချရင်းနဲ့ အသက်ဆုံးပါးသွားတာပေါ့။ အဲ့တာနဲ့ သူမက သူမနေတဲ့ တိုက်ခန်းမှာ မကျွတ်မလွတ်တော့ဘဲ လိုက်လံခြောက်လှန့် နေပါတော့တယ်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall, Junction Mawtin

သမ္မတကြီးထံသို့ ပေးစာ

https://youtu.be/tEurcTPpMZM

ဝတ္ထုရေးဆရာ လူနေရဲ့ဝတ္ထုကို ဒါရိုက်တာဝိုင်းမှ ပုံဖော်ရိုက်ကူးထားပြီး ဖွေးဖွေး၊ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်တို့အပြင် အခြားဝါရင့်အနုပညာရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မတရားမှုကိုအပြစ်မရှိပါဘဲနဲ့ ငွေကြေးမရှိတဲ့အတွက်ကြောင့် ငြိမ်ခံနေရတဲ့လူတစ်စု၊ ငွေကြေးနဲ့အရာရာကိုခြယ်လှယ်ပြောင်းလဲနေကြတဲ့ လူနည်းစုတို့ရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားပါမယ်။ ဒီကားထဲမှာ ဘယ်သူတွေက ဘယ်လိုမတရားခံနေရသလဲ၊ အမှန်တရားကရော သူတို့ဘက်မှာ ရပ်တည်ပေးပါ့မလားဆိုတာကို သမ္မကြီးထံသို့ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုလိုက်ကြပါဦးနော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square

Halloween

Laurie Strode က ဟောလိုဝင်းညမှာ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားရဲ့ လက်မှ သီသီကလေး လွတ်မြောက်လာခဲ့တာ အခုဆို နှစ်ပေါင်း ၄၀ ရှိသွားပါပြီ။ အခုတစ်ခါ ဟောလိုးဝင်းညမှာလည်း မျက်နှာဖုံးစွပ်လူသတ်သမားက လူလိုက်သတ်ဦးမှာပါ။ အဲ့ဒီအခါ Laurie က ဘယ်လို ပြင်ဆင်ထားမလဲ၊ လူသတ်သမားကို အနိုင်ရပါ့မလားဆိုတာကို သိချင်ရင်တော့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်တဲ့ Halloween ဇာတ်ကားကြီးကို သွားကြည့်လိုက်ကြပါဦးနော်။

ပြသပေးသွားမည့် ရုံများ

Junction City

တော်တော်ဖြစ်နေလား

ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးပြီး ကျော်ရဲအောင်၊ မြင့်မြတ်၊ ညီထွဋ်ခေါင်နဲ့ ရွှေသမီးတို့အပြင် အခြားဟာသ သရုပ်ဆောင်များနဲ့ ရိုက်ကူးထားတဲ့ ဟာသရုပ်ရှင်ကားကြီး ရုံတင်နေပြီနော်။ ပိတ်ရက်မှာ ရယ်ရွှင်မြူးရင်း ဘဝအမောတွေ ပြေပျောက်ချင်တယ်ဆိုရင်တော့ တော်တော်ဖြစ်နေလား အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်ကြဖို့ လက်တို့လိုက်တယ်နော်။

ပြသပေးသွားမည့် ရုံများ

Junction Square

Rampant

Zombie ကားတွေကိုမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ ရုပ်ရှင်ကြည့်ချစ်ပရိသတ်တွေအတွက် Train To Busan ဇာတ်ကားနဲ့ ခပ်ဆင်ဆင် ဇာတ်ကားလေးတစ်ကားရုံတင်နေပါပြီ။ မျက်မှောက်ခေတ်ကာလက Zombie တွေမဟုတ်ဘဲ ရှေးခေတ်တုန်းက Zombie တွေကရော ဘယ်လိုပုံစံရှိနေမလဲ။ ဘယ်လိုဖြစ်လို့ Zombie အဖြစ် ပြောင်းလဲသွားတာလဲ။ ပြောင်းလဲသွားတဲ့ Zombie တွေကရော ဘယ်လိုအန္တရာယ်တွေပေးသလဲဆိုတာကို အဖြေရှာဖို့အတွက် Rampant ဆိုတဲ့ ကိုရီးယားကားလေးကို သွားရောက်ကြည့်ရှုလိုက်ကြပါဦးနော်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sanpya

မှော်ဝင်သမန်းကျား

ရုပ်ရှင်ဇာတ်ကားနာမည်ကတော့ မှော်ဝင်သမန်းကျားတဲ့၊ နာမည်ကြားလိုက်ရုံနဲ့တင် ကြောက်ဖို့ကောင်းနေပါပြီနော်။ သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။ ဒီဇာတ်ကားထဲမှာ ရန်အောင်၊ မင်းမော်ကွန်း၊ သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်းဆင့်နေခြည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မှော်ဝင်သမန်းကျား ရုံတင်နေပြီမို့ သွားကြည့်လိုက်ကြဦးနော်။

ပြသပေးသွားမည့် ရုံများ

Mingalar San Pya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Shae Saung Cinema

Bohemian Rhapsody

ရုပ်ရှင်လည်းကြည့်ချင်တယ် သီချင်းလည်းနားထောင်ချင်တယ်ဆိုတဲ့ Musical Film ပရိတ်သတ်တွေအတွက် Bohemian Rhapsody အမည်ရှိတဲ့ တေးသီချင်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေပြီလို့ သတင်းကောင်းပါးလိုက်တယ်နော်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema

ကြေးကြီးတယ်

မကောင်းမှုတွေကို ရွံမုန်းတဲ့ မြင့်မြတ်တစ်ယောက် သူတတ်စွမ်းတဲ့ခွန်အားတဲ့ မကောင်းမှုကို ဘယ်လိုတွန်းလှန်ဖို့ ကြိုးစားမလဲဆိုတာကို သိချင်ရင်တော့ ဒါရိုက်တာ စတီး(လ်) (ဒွေးမေတ္တာ) ရိုက်ကူးပြီး မြင့်မြတ်၊ နေမျိုးအောင်၊ ထွန်းကိုကို၊ အိချောပို၊ ဇွဲနိုင်ဝင်းနဲ့ အခြားအနုပညာရှင်ပေါင်းများစွာပါဝင်တဲ့ ကြေးကြီးတယ် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုလိုက်ကြပါဦးနော်။

ပြသပေးသွားမည့် ရုံများ

Shae Saung Cinema

Show Time @ Junction Cinemas

Sunday _ Thursday: 10 AM, 1PM, 4PM, 7PM

Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas

Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM

Cinema Telephone Booking Contacts

Junction Maw Tin | 01 225 244

Junction City | 01 9253591, 01 9252592

Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165

Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73

Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92