သတ်ကွင်း

https://youtu.be/MjKaFNiK1-o

ဒါရိုက်တာသားညီ ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် မင်းသွေး၊ စည်ဖြိုး၊ နေရဲ၊ ထူးခြား၊ အထူးဧည့်သည်သရုပ်ဆောင်များအဖြစ် နေတိုး၊ သက်မွန်မြင့်၊ ပိုင်ဖြိုးသုနဲ့ အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်ထားတဲ့ သတ်ကွင်းဇာတ်ကားရုံတင်နေပါပြီ။ လူငယ်သုံးယောက်ကနေအစပြုခဲ့တဲ့ ဇာတ်လမ်းလေး၊ သူတို့ သုံးယောက် တောထဲမှာ ဘယ်လိုမျိုး ထိတ်လန့်စရာတွေနဲ့များ ကြုံတွေ့ရမလဲဆိုတာကို သတ်ကွင်း ရုပ်ရှင်ကားကြီး သွားကြည့်ရင်း အဖြေရှာလိုက်ကြရအောင်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Mingalar Sein Gay Har (Hlaing Thar Yar)

Mortal Engines

Hester Shaw လို့ခေါ်တဲ့ ထူးဆန်းတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ သူ့အမေ မတရားအသတ်ခံရမှုအတွက် သူ့အမေကို သတ်သွားတဲ့သူကို လက်စားချေပြီး ပြန်သတ်ချင်နေပါတယ်။ ကံမကောင်းအကြောင်းမလှတဲ့ သူမရဲ့ လက်စားချေမှုဟာ မအောင်မြင်ဘဲ သူမပါ အသက်အန္တရာယ်ထဲ ကျရောက်သွားပါတော့တယ်။ သူမအမေ ဘာ့ကြောင့် အသတ်ခံလိုက်ရတာလဲ၊ သူမကရော သူမအမေအတွက် လက်စားပြန်ချေနိုင်ပါ့မလားဆိုတာကို သိချင်တယ်ဆိုရင်တော့ Mortal Engines ဆိုတဲ့ ရုပ်ရှင်ကားကို သွားကြည့်လိုက်ကြဦးနော်။

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John)

Spider-man : Into The Spider Verse

မြေအောက်ရထားစီးနေရင်းနဲ့ ရေဒီယိုသတ္တိကြွ ပင့်ကူတစ်ကောင် အကိုက်ခံလိုက်ရတဲ့နောက်မှာတော့ Miles Morales ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးက ပင့်ကူလူသားအဖြစ် တဖြည်းဖြည်းအသွင်ကူးပြောင်းသွားပါတော့တယ်။ အစကတော့ ပင့်ကူလူသားက သူတစ်ယောက်တည်းဖြစ်တယ်လို့ ထင်ထားတဲ့အချိန်မှာ Peter Parker နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူ့လိုမျိုး ပင့်ကူလူသား လူစွမ်းကောင်းတွေ အများကြီးရှိတယ်ဆိုတာကို သိသွားပါတော့တယ်။ သူတို့ ပင့်ကူလူသား လူစွမ်းကောင်းတစ်စုက မကောင်းဆိုးဝါး Kingpin ကို အတူတကွ တိုက်ခိုက်ဖို့ တာဝန်ကျလာပါတော့တယ်။ သူတို့တွေ အဲ့ဒီ မကောင်းဆိုးဝါးကို တိုက်ခိုက်ရင်း Brooklyn မြို့လေးကို ကယ်တင်နိုင်ပါ့မလားဆိုတာ သိချင်ရင်တော့ Spider-man : Into The Spider Verse ကို သွားကြည့်လိုက်ကြပါဦး။

ပြသပေးသွားမည့် ရုံများ

Junction City, Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein)

မုန်းစွဲ

https://youtu.be/Vszr4eoI6qo

ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနဲ့ အခြားအနုပညာရှင်များလည်း အင်တိုက်အားတိုက်နဲ့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး။ အသံပိုင်းစနစ်ရော ရုပ်ရှင်ဇာတ်အိမ်ရော ခိုင်မာတဲ့အပြင် အနုပညာရှင်တွေရဲ့ ကြိုးစားမှုတွေက ပရိသတ်တို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစေမှာဖြစ်လို့ သွားကြည့်လိုက်ကြဦးနော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Mawtin, Junction Square, City Mall (St.John), Mingalar Sein Gay Har (Hlaing Thar Yar)

ရန်သူ

စာရေးဆရာမ လွန်ထားထားရဲ့ ဝတ္ထုကို ဒါရိုက်တာ မီးပွားက ပြန်လည်ဖန်တီးပုံဖော်ထားပြီး ဝတ်မှုံရွှေရည်၊ နေခြည်ဦး၊ နေမင်းနဲ့ အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေပြီနော်။

ပြသပေးသွားမည့် ရုံများ

Thamada Cinema, Thwin Cinema, Mingalar (Thein Gyi Zay), Mingalar Dagon Centre II, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Waziyar, Top Royal Parami Sein Gay Har, Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)

Ralph Breaks The Internet

Ralph Breaks The Internet ဆိုတဲ့ ကာတွန်းကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိထားတဲ့ Wreck-It Ralph ဆိုတဲ့ကားရဲ့ အဆက်ပါ။ ဒီကာတွန်းကားထဲမှာ Disney မင်းသမီးတွေကို အခုခေတ်ပုံစံအတိုင်း ထည့်သွင်းဖန်တီးထားတာမို့လည်း Disney ပရိသတ်တွေလည်း အကြိုက်တွေ့မယ် ထင်ပါတယ်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema

Overlord

Overlord ဆိုတဲ့ ကားလေးကတော့ အမေရိကန်စစ်ပွဲကို အခြေခံထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပါ။ အမေရိကန်စစ်သားတွေက လေယာဉ်ပျက်ကျပြီး နာဇီပိုင်မြေထဲရောက်သွားတဲ့အခါ နာဇီတွေရဲ့ လူမဆန်တဲ့စမ်းသပ်ချက်တွေအကြောင်းကို တွေ့ရှိသွားပါတယ်။ နာဇီတွေရဲ့ စမ်းသပ်ချက်က ဘာလဲဆိုတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို လူသားတွေရဲ့ ခန္ဓာကိုယ်ထဲထိုးသွင်းပြီး ထိုးသွင်းခံလိုက်ရတဲ့လူက စိတ်ရိုင်းတွေဝင်လာပြီး တခြားလူကို တိုက်ခိုက် ကိုက်ဖဲ့လာပါတော့တယ်။ အမေရိကန်စစ်သားတွေက နာဇီတွေရဲ့ လုပ်ရပ်ကို တားဆီးနိုင်ပါ့မလား၊ သူတို့တွေရော အသက်ရှင်ရက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှုလိုက်ကြဦးနော်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Daw Cinema

သမီးသမက် ခမည်းခမက်

သမီးသမက် ခမည်းခမက်ဆိုတဲ့ရုပ်ရှင်ကားကတော့ ဟာသကားလေးပါ။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားပြီးတော့ ပြေတီဦး၊ မိုးအောင်ရင်၊ ရဲအောင်၊ ခိုင်သင်းကြည်နဲ့ အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ တစ်ပတ်တာလုံးပင်ပန်းခဲ့သမျှတွေကို အမောအပန်းပြေစေနိုင်ဖို့ ဟာသရုပ်ရှင်ကား သွားကြည့်ကြဖို့ မမေ့နဲ့ဦးနော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, Shae Saung, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Waziyar, Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)

ဘူဇွာဟိုတယ်

အကယ်ဒမီ မြင့်မြတ်၊ ရွှေသမီး၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဇော်ဝင်းနိုင်၊ K ညီ၊ ဘင်း၊ အုန်းသီး၊ စိစိ၊ ဟားတစ်သိုက်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဝါဝါအောင်၊ အေးသီတာနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသရုပ်ရှင်ကားပါ။ ကမ်းခြေကို အပန်းဖြေလာတဲ့ ဧည့်သည်တွေ ဟိုတယ်မှာ ဘယ်လိုအလွဲလေးတွေ ကြုံရမလဲဆိုတာ သိချင်ရင်တော့ ဘူဇွာဟိုတယ်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို သွားကြည့်လိုက်ကြဦးနော်။

ပြသပေးသွားမည့် ရုံများ

Shae Saung Cinema, Mingalar Sanpya, Mingalar Gamone Pwint, Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)

ကြတ်ဂူ

https://www.youtube.com/watch?v=8cn3UNhgARM

ကယားပြည်နယ် လွိုင်ကော်မြို့အနီးမှာရှိတဲ့ ပရလောကသားတွေနဲ့ ဆက်စပ်နေတဲ့ ဂူတစ်ဂူ၊ ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဂူအကြောင်းနဲ့ ကယားရိုးရာဓလေ့ပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ ကြတ်ဂူကို ရုံတင်နေပြီဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။

ပြသပေးသွားမည့် ရုံများ

Shae Saung Cinema

Show Time @ Junction Cinemas

Sunday _ Thursday: 10 AM, 1PM, 4PM, 7PM

Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas

Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM

Cinema Telephone Booking Contacts

Junction Maw Tin | 01 225 244

Junction City | 01 9253591, 01 9252592

Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165

Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73

Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92