အမျိုးသမီးပရိသတ်တွေသာမကအမျိုးသားပရိသတ်တွေကိုပါ အသံသာသာ၊သီချင်းအေးအေးလေး တွေ နဲ့ ဖမ်းစားထားတဲ့ တေးသံရှင်နှစ်ဦးနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ သူတို့နှစ်ဦးကတော့ မယ်လိုဒီဝေါလ် နဲ့ အိမ်မက် ဆုံရာ အဆိုပြိုင်ပွဲတွေကတစ်ဆင့် ပရိသတ်ရဲ့ နုလုံးသားထဲကို ချည်းနင်းဝင်ရောက်လာခဲ့တဲ့ တေးသံရှင် အောင် ထက်နဲ့ ဖြိုးပြည့်စုံ တို့ပဲ ဖြစ်ပါတယ်။

တေးသံရှင်အောင်ထက်

Source: We Love Aung Htet

တေးသံရှင်အောင်ထက်ဟာ အိမ်မက်ဆုံရာ အဆိုပြိုင်ပွဲမှ စတင်ကာ ဂီတလမ်းကြောင်းပေါ် လျှောက် လှမ်းလာခဲ့ပြီး ပရိသတ်ရင်ထဲ ရောက်ရှိလာတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အသံအားကောင်းကောင်းနဲ့ ခံစားချက်အပြည့်ပါတဲ့ သီချင်းတွေကြောင့် တစထက်တစ နာမည်ကျော်ကြားလာခဲ့သူ တစ်ဦးပါ။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်၊ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နှစ် ၅၀ပြည့်အထိမ်းအမှတ် ASEAN + 3 သီချင်းဆိုပြိုင်ပွဲမှာ  ‘အချစ်ဘယ်ကစ ‘ တေးသီချင်းဖြင့် Award of the audience ဆုကို ရရှိခဲ့ပါတယ်။

တေးသံရှင်ဖြိုးပြည့်စုံ

Source: Phyo Pyae Sone – ဖြိုးပြည့်စုံ

အဆိုတော်ဖြိုးပြည့်စုံဟာ မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲတွင် အောင်မြင်မှုများရရှိခဲ့ပြီး ပရိသတ်ရင်ထဲကို အလွမ်းသီချင်းအေးအေးလေးတွေနဲ့ အချိန်တိုအတွင်း နေရာယူနိုင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ အလွမ်းသီ ချင်းလေးတွေဟာ တော်ရုံအသည်းမာသူတွေကိုတောင် နူးညံ့ပျော့ပျောင်းလာအောင် စွမ်းဆောင်နိုင်တဲ့အတွက် ဂီတလောကမှာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ကြယ်နှစ်ပွင့်ရဲ့ဆုံမှတ်

Source: Phyo Pyae Sone – ဖြိုးပြည့်စုံ

ဂီတလောကရဲ့ အထင်ကရကြယ်နှစ်ပွင့်ဖြစ်တဲ့ တေးသံရှင်အောင်ထက်နဲ့ တေးသံရှင်ဖြိုးပြည့်စုံတို့ဟာ ၂၀၁၈ခုနှစ်ရဲ့ သြဂုတ်လထဲမှာ ဆုံတွေ့ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ရင်ထဲကို ဘယ်လိုခံစားမှုရသတွေ ပေး စွမ်းနိုင်အုံးမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ကြယ်တေးစီးရီး

Source: Phyo Pyae Sone – ဖြိုးပြည့်စုံ

သြဂုတ်လ၊၂၉ရက်မှာ ထွက်ရှိမယ့် အဆိုတော်အောင်ထက်နဲ့ဖြိုးပြည့်စုံတို့ရဲ့ ကြယ်တေးစီးရီးမှာ စုစုပေါင်း တေးသီချင်း -၁၂ပုဒ်ပါဝင်မှာဖြစ်ပါတယ်။ တေးရေးအနေနဲ့ စောခူဆဲ၊အောင်ထက်၊စည်သူမင်း၊ဝေကြီး၊ ကီးရှိန်း စတဲ့ အမိုက်စားတေးရေးဆရာတွေက ရေးသားပေးထားတဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။ မကြာခင်မှာ ပဲ ပရိသတ်ကြီးရဲ့ ရင်ထဲကို အလန်းစားတေးသီချင်းလေးတွေ ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတော့တယ်။