Music တွေရဲ့သမိုင်းဟာ Technology ပြောင်းလဲမှုပေါ်မှာလည်း မူတည်နေပါတယ်။ နည်းပညာပြောင်းလဲ တိုးတက်လာတာနဲ့အမျှ တီထွင်ဆန်းသစ်မှုတွေဟာ တေးဂီတလောကကိုပါ Impact လုပ်လာပါတယ်။ ပထမဦးဆုံး တေးဂီတတူရိယာတွေဟာ ကြောင်အူ၊ တိရိစ္ဆာန်တွေရဲ့ဂျို စတဲ့အရာတွေအပြင် Thomas Edison’s ထွင်တဲ့ Phonograph Jukebox တွေအထိ တဖြည်းဖြည်းပြောင်းလဲလာတာပဲဖြစ်ပါတယ်။ အပေါ်မှာ ပြောပြတဲ့အရာတွေကတော့ ကျွန်တော်တို့ခေတ်မတိုင်ခင် လူတွေ တေးဂီတကို ဘယ်ကိရိယာတွေနဲ့ထွင်ပြီး ဘာတွေနဲ့ သီချင်းနားထောင်ခဲ့သလဲဆိုတာကို အနည်းငယ်နောက်ကြောင်းပြန်ပေးတာပဲ ဖြစ်ပါတယ်။

Source: Shutterstock

၁၉၅၀-၁၉၆၀ လောက်ရောက်လာတော့ နည်းပညာပိုင်းဟာ ပိုမိုတွင်ကျယ်လာပြီး ရေဒီယိုတွေ Vinyl Records ခေတ်အစပြုလာတော့တာပါပဲ။ 60’s ကုန်ခါနီးလောက်မှာတော့ Multi-Track Recording တွေပေါ်လာပြီး Studio တွေစပြီးစမ်းလုပ်လာကြတော့တာပါပဲ။ ဒီလိုနဲ့ ၁၉၇၀ ရောက်လာတော့ Music ဟာ Modern Era ထဲကို စရောက်လာတော့တာပါပဲ။

Source: Shutterstock

၁၉၅၀-၆၀ တုန်းကခေတ်စားခဲ့တဲ့ နည်းပညာရဲ့ Techniques နဲ့ Styles တွေကို အခြေခံပြီး Portable Synthesizers ၊ Stage Piano ၊ Mellotron ၊ Karaoke ၊ Vocoders Digital Delay အစရှိသဖြင့် ဂီတနဲ့ပတ်သက်တဲ့ Tools တွေကိုပိုမိုကောင်းမွန်အောင် ကြံဆလာတတ်ကြပါတယ်။ အဲ့ဒီတုန်းက ပစ္စည်းတွေသာ အခုထိရှိရင် 70’s Retro အဖြစ်နဲ့ အသိအမှတ်ပြုထားကြမှာပါ။

Source: Shutterstock

ဒီလိုကနေတဖြည်းဖြည်း Advance ဖြစ်လာပြီး CD တွေ Pocket-sized Digital Music Players တွေ အဖြစ်တိုးတက်လာပြီး ခုလို ၂၁ ရာစုလည်းရောက်လာရော Hip-Hop ၊Techno စတဲ့ Genres မျိုးစုံကို ဖန်တီးဖို့ရာ Handy ဖြစ်လှတဲ့ Music Technology တွေရှိတာကြောင့် အရင် 70’s ခေတ်လောက်နဲ့ ယှဉ်ပြောင်းလဲမှုက ဂီတသမိုင်းမှာ အံ့မခမ်းပါပဲ။