ဂီတကို မြတ်နိုးတန်ဖိုးထားသူတွေအဖို့ သူတို့ရဲ့ ရူးသွပ်မက်မောခုံမင်ရာဖြစ်တဲ့ ဂီတသင်္ကေတလေးတွေကို အရေပြားပေါ်မှာ သေရာပါအဖြစ် ထိုးထွင်းထားတတ်ကြပါတယ်။ ဒီတော့ ဂီတကိုလည်း ရူးသွပ်တယ် ဂီတသင်္ကေတ တက်တူးလေးတွေလည်း ထိုးချင်တယ်ဆိုသူတွေအတွက် ဒီဇိုင်းလေးတွေနဲ့ သူတို့ရဲ့ အကြောင်းကို ဝေမျှပေးလိုက်ပါတယ်။

ကက်ဆက်ပုံတက်တူး

Source: https://s-media-cache-ak0.pinimg.com/

၆၀ ခုနှစ်ကနေ ၉၀ အတွင်း ရေပန်းအစားခဲ့ဆုံး ဂီတရဲ့ အစွမ်းဆောင်နိုင်ဆုံးအရာဖြစ်ခဲ့တဲ့ ကက်ဆက်ကို ရူးသွပ်မှုတစ်ခုအနေနဲ့ ထိုးခဲ့ကြပါတယ်။ ကက်ဆက်လေးတွေနဲ့ တေးသီချင်းတွေကို နားဆင်ခဲ့ကြဖူးသူတွေအတွက် ကက်ဆက်လေးတွေဟာ ဂီတနဲ့ ပတ်သက်ပြီး ရူးသွပ်ယစ်မူးစရာအရာတစ်ခုပါပဲ။ ဒီကက်ဆက်ပုံတက်တူးကိုတော့ အနုပညာအရ ရူးသွပ်မှုတစ်ခုအနေနဲ့ ထိုးတတ်ကြပါတယ်။

ဒရမ်ပုံတက်တူး

Source: https://pbs.twimg.com/

ဂီတလောကမှာ ဒရမ်တူရိယာကိုမှ ရူးရူးသွပ်သွပ်စွဲလန်းသူတွေလည်း ရှိပါတယ်။ ဒရမ်ဟာ ဂီတသမိုင်းကြောင်းတလျှောက်မှာ ရိုးရှင်းပြီး အဓိပ္ပါယ်ရှိလှတဲ့ တူရိယာတစ်ခုလည်း ဖြစ်ပါတယ်။ တချို့ကတော့ ဒရမ်ရဲ့ စည်းချက်ကို နှလုံးခုန်သံနဲ့တောင် တင်စားနှိုင်းယှဉ်တတ်ကြပါသေးတယ်။

သီချင်းနုတ်စ် သင်္ကတလေးနဲ့ နှလုံးသားပုံတက်တူး

Source: https://i.pinimg.com

ဒီတက်တူးပုံစံကတော့ ရှင်းပါတယ်။ ဂီတရဲ့ အသက်သွေးကြောဟာ ချစ်ခြင်းမေတ္တာလို့ အဓိပ္ပါယ်ရပါတယ်။ ဂီတနဲ့အတူအသက်ဆက်မယ့်သူဖြစ်ပြီး ဂီတကသာ ဘဝရဲ့ ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ ဆိုလိုတဲ့ တက်တူးပုံစံပဲဖြစ်ပါတယ်။

ဓာတ်ပြားစက်ပုံတက်တူး

Source: https://78.media.tumblr.com/

ဒီဓာတ်ပြားစက်ကလေးကတော့ အလက်ဇန်းဒါးဂရေဟမ်ဘဲ တီထွင်ခဲ့တဲ့ ဓာတ်စက်ကလေးဖြစ်ပါတယ်။ ရှေးကျတဲ့ ဂီတအနုပညာတစ်ခုကို ရည်ညွှန်းတဲ့ တက်တူးပုံစံလေးပါ။ ဓာတ်စက်ကလေးက ထွက်ပေါ်လာတဲ့ ဂီတသံစဉ်အနုပညာတွေဆီ ကိုယ်စားပြုပါတယ်။ ချစ်စရာကောင်းပြီး သိပ်အနုပညာဆန်လွန်းတဲ့ တက်တူးပုံစံလေးလည်း ဖြစ်ပါတယ်။