ဂီတသင်္ကေတ တက်တူးလေးတွေအကြောင်းကို အပိုင်း ၁ အနေနဲ့ ဝေမျှပေးခဲ့ပြီး ဖြစ်ပါတယ်။ ခုကျန်ရှိနေသေးတဲ့ ဂီတသင်္ကေတပုံစံတက်တူးဒီဇိုင်းလေးတွေနဲ့ သူတို့ရဲ့ အဓိပ္ပါယ်လေးတွေကို ဆက်လက်ဖော်ပြပေးချင်ပါသေးတယ်။ ဂီတသင်္ကေတကို ရူးသွပ်ကြသလို တက်တူးလှလှလေးတွေ ထိုးချင်ကြသူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။

ဂစ်တာပုံတက်တူး

Source: http://www.wristtattoopictures.com/

ဂစ်တာတက်တူးကိုတော့ လူတော်တော်များများထိုးထားကြတာကို တွေ့ဖူးမှာပါ။ ဂစ်တာဟာ တခြား တူရိယာတွေနဲ့ မတူဘဲ ကွဲပြားခြားနားတဲ့ သဘောကို ဆောင်ပါတယ်။ ချစ်ရတဲ့ တူရိယာ၊ ချစ်ခင်နှစ်သက်ရလွန်းတဲ့ ဂီတသမား နဲ့ ဂီတအပေါ် ချစ်မြတ်နိုးတဲ့ သဘောကို ဆောင်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ဂီတအပေါ် စိတ်အားထက်သန်မှုလို့လည်း အဓိပ္ပါယ်ရပါတယ်။

မိုက်ပုံစံတက်တူး

Source: http://www.dubuddha.org/

ဒီတက်တူးပုံစံကိုတော့ များသောအားဖြင့် အဆိုတော်တွေနဲ့ သီချင်းဆိုရတာကို ခုံမင်နှစ်ခြိုက်သူတွေ ထိုးလေ့ရှိကြပါတယ်။ တေးဂီတရဲ့ စွမ်းအားမြင့်မားမှုကို ဖော်ဆောင်တဲ့ တက်တူးပုံစံဖြစ်ပြီး ဂီတကို ချစ်မြတ်နိုးသူတွေ အမြတ်တနိုးထိုးကြတဲ့ တက်တူးပုံစံလည်း ဖြစ်ပါတယ်။

စန္ဒယားသော့ချက်ပုံတက်တူး

Source: http://www.tattooshunt.com/

ဒီတက်တူးပုံစံကိုတော့ များသောအားဖြင့် စန္ဒယားတူရိယာအပေါ်  ခုံမင်နှစ်ခြိုက်သူတွေ ချစ်မြတ်နိုးကြသူတွေ ထိုးလေ့ရှိကြပါတယ်။ အဖြူ အနက် ဆက်နွယ်ထားတဲ့ ဂီတတူရိယာ တက်တူးပုံစံဖြစ်ပြီး ဂီတကို ချစ်မြတ်နိုးသူတွေ အမြတ်တနိုးထိုးကြတဲ့ နောက်ထပ် တက်တူးပုံစံတစ်မျိုးလည်း ဖြစ်ပါတယ်။

ပလေးဘက်ခလုတ်ပုံ တက်တူး

Source: https://i.pinimg.com/

ဒီတက်တူးပုံစံလေးကတော့ တစ်မျိုးလေးပါ။ Ipod နဲ့ Iphone ပုံစံကို အခြေခံယူထားတဲ့တက်တူးပုံစံလေးဖြစ်ပါတယ်။ ဒါလေးကတော့ ဂီတသင်္ကေတပုံတက်တူးဆိုပေမယ့်လည်း ခံစားချက်ဘက်ကို သွားထားတဲ့ တက်တူးပုံစံလေးပါ။ ဖြစ်နိုင်ရင် ဘဝကြီးထဲမှာ တချို့အရာတွေကို ကျော်ခွင့်ရချင်ပြီး တချို့အရာတွေဆီ ပြန်သွားချင်တယ်လို့ ဆိုလိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ လွမ်းဆွတ်တသမှုရဲ့ ကိုယ်စားပြု သင်္ကေတပဲ ဖြစ်ပါတယ်။

ဂီတနုတ်ပုံတက်တူး

Source: https://tattoofanblog.files.wordpress.com/

ဒီဂီတသင်္ကေတ တက်တူးကလေးကလည်း ဂီတကို ရူးသွပ်ချစ်ခင်ရသူတွေ အများဆုံး ထိုးလေ့ရှိတဲ့ တက်တူးပုံစံလေးပါ။ ဂီတနုတ်ဆိုပေမယ့်လည်း တချို့ ဒီပုံစံ တက်တူးထိုးကြသူတွေကတော့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပြီး ထိုးကြတာဖြစ်ပါတယ်။ ဘာသာစကားမလိုတဲ့ ဂီတနဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်တယ်ဆိုတဲ့ ဆိုလိုရင်းပဲ ဖြစ်ပါတယ်။