ဂီတလောကမှနှစ်အတန်ကြာ ပျောက်ကွယ်သွားတဲ့အဆိုတော်ဖြိုးကြီးဟာ ၂၀၁၈ခုနှစ်ရဲ့ သြဂုတ်လထဲ မှာ  ‘ ငါ့ရဲ့အရာရာ’ ဆိုတဲ့တေးစီးရီးနဲ့ပရိသတ်ရှေ့မှောက်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့သီချင်း

Source : PHYO GYI Musiz

အဆိုတော်ဖြိုးကြီးဟာ အထည်ကြီးပျက် ဆိုတဲ့သီချင်းလေးနဲ့ လူသိများရေပန်းစားလာခဲ့ပြီး ဂီတ လောကကိုတရှိန်ထိုးဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ အထည်ကြီးပျက် ဆိုတဲ့သီချင်းဟာ အဆိုတော်ဖြိုးကြီး ရဲ့ပထမဆုံးထွက်ရှိခဲ့တဲ့ အသင်္ချေ ဆိုတဲ့ တေးစီးရီးမှာပါဝင်ခဲ့ပါတယ်။

ဒုတိယမြောက်တေးစီးရီး

Source: Duwun

အသံသြသြ နဲ့သီချင်းချိုချိုတွေကို သီဆိုတတ်တဲ့  ဖြိုးကြီးဟာ ဒုတိယမြောက်အဖြစ် မမုန်းကြေး ဆိုတဲ့ အယ်လ်ဘမ်ကို ၂၀၁၂ခုနှစ်မှာ ထပ်မံထွက်ရှိခဲ့ပါတယ်။ ဒုတိယအယ်လ်ဘမ်မှာလည်း ပရိသတ်အသိအမှတ်ပြု အဆိုတော်တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ပရိသတ်နှင့်ခတ္တဝေးကွာ

Source: PHYO GYI Musiz

တေးအယ်လ်ဘမ် နှစ်ခုထွက်ရှိပြီးတဲ့နောက်မှာတော့ အဆိုတော်ဖြိုးကြီးဟာ သူ့ရဲ့ပရိသတ်နဲ့နှစ်အ နည်းငယ်ကြာ ဝေးကွာသွားခဲ့ပါတယ်။

အွန်လိုင်းပေါ်ကသီချင်းနှစ်ပုဒ်

Source : PHYO GYI Musiz

အဆိုတော်ဖြိုးကြီးဟာ ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ပရိသတ်အတွက်အွန်လိုင်းပေါ်မှာသီချင်းနှစ်ပုဒ်ကို မျှဝေပေးခဲ့ပါတယ်။ အဆိုပါကိုယ်ပိုင်သံစဉ်သီချင်းနှစ်ပုဒ်ဟာ ဖြိုးကြီးကိုလွမ်းနေကြတဲ့ သူ့ပရိသတ်တွေကို ကျေနပ်အားရမှုတွေ ရရှိစေခဲ့ပါတယ်။

ရက်စက်လိုက်တာ

Source : PHYO GYI Musiz

ပထမဆုံး Single သီချင်းလေးဖြစ်တဲ့ ရက်စက်လိုက်တာ ဆိုတဲ့သီချင်းလေးနဲ့ အတူ အဆိုတော်ဖြိုးကြီးက ပရိသတ်ကြီးကို အွန်လိုင်းပေါ်မှာ ပြန်လည်ကိုယ်ထင်ပြခဲ့ပါတယ်။    ဒီသီချင်းလေးဟာအလန်းစားအချစ်သီချင်းလေးဖြစ်ပြီး     တေးရေးမောင်မောင်ဇော်လတ်က ရေးစပ်ပေးထားတာဖြစ်ပါတယ်။

ဆရာကြီး

Source: PHYO GYI Musiz

တေးရေးဝေလက အမိုက်စားရေးစပ်ပေးထားတဲ့ ဒုတိယမြောက် Single သီချင်းကတော့ ဆရာကြီး ပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်သံစဉ်တွေနဲ့ပြန်လာခဲ့ပြီ

Source: PHYO GYI Musiz

၇နှစ်နီးပါးဂီတလောကနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ အဆိုတော်ဖြိုးကြီးဟာ ၂၀၁၈ခုနှစ်၊သြဂုတ် မှာ ကိုယ်ပိုင်သံစဉ်ချိုချိုလေးတွေနဲ့အတူ ပရိသတ်ဆီကိုပြန်ရောက်လာခဲ့ပါတယ်။ တတိယမြောက်တေးစီးရီးရဲ့ အမည်ကတော့ ‘ ငါ့ရဲ့အရာရာ ‘ ဖြစ်ပြီး တေးသီချင်း(၁၃)ပုဒ်ပါဝင်ပါတယ်။