မိန်းကလေးအတော်များများက ချောမောလှပတဲ့ယောက်ျားမျိုးကို သဘောကျနှစ်သက်တတ်ကြပါတယ်။ ရုတ်တရက် ကြည့်လိုက်တာနဲ့ရင်ထဲကို တန်းရောက်သွားနိုင်တဲ့ ယောက်ျားမျိုးပေါ့။ သိပ်တော့မလွယ်လှပါဘူး။ ဘယ်လိုရုပ်ရည်ပိုင်ရှင်ယောက်ျားမျိုးလဲဆိုတာ မသိချင်ကြဘူးလား။ သင်လဲဖြစ်နိုင်ပါတယ်။

အရပ်အမောင်း


Source: Chamaripa elevator shoes

အနည်းဆုံးအရပ် ၅ ပေ ၈ လက်မခန့်ကနေ ၆ပေရှိရပါမယ်။ မိန်းကလေးအများစုကအရပ်ရှည်တဲ့အမျိုးသားတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ အရပ်မြင့်တဲ့ချစ်သူရဲ့အလိုလိုက်ဂရုစိုက်မှုကို ခံယူချင်ကြတယ်လေ။

ကိုယ်အလေးချိန်


Source: Romance and Dating Tips, Lifestyle etc

အမျိုးသားတစ်ယောက်ရဲ့ကိုယ်လေးချိန်ဟာအနည်းဆုံး -၁၈၇ပေါင်ခန့်ရှိသင့်ပါတယ်။ ဒီထက်လည်းမပို သင့်သလို လျော့လဲမလျော့သင့်ပါဘူး။ ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့နည်းလမ်းတွေ ကအများကြီးရှိပါတယ်။

ခါး

Source: boardwalk buy.co.uk

အမျိုးသားတစ်ယောက်ရဲ့ခါးက ၃၃လက်မခန့်ရှိသင့်ပါတယ်။ ခါးအရမ်းသေးရင်ကြည့်မကောင်းနိုင်သလို ဗိုက်ပူခါးတုတ်ကြီးဆိုလည်း ကြည့်ရဆိုးလှပါတယ်။ ဒါ့ကြောင့် ခါးအဆီတွေမတက်ဖို့ ဂရုပြုသင့်ပါတယ်။

ရင်အုပ်

Source: Hans Place Practice

ဒါအရေးကြီးတဲ့အချက်တစ်ခုပါ။ တချို့ခန္ဓာကိုယ်ဝတဲ့ အမျိုးသားတွေဟာ ပိုမိုသတိထားသင့်သလို သာမန်ထက်ပိန်နေတဲ့ အမျိုးသားတွေဟာလည်း ဂရုမပြုပဲမနေသင့်ပါဘူး။ စတိုင်ကျတဲ့အမျိုးသားတစ်ယောက်ရဲ့ ရင်အုပ်ဟာ ၄၁ လက်မရှိရပါမယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း


Source: JLL Fitness Blog

အထက်ပါအချက်တွေပြည့်စုံပြီး စတိုင်ကျဆွဲဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်ဖို့က ဒီအတိုင်းတော့မဖြစ်နိုင်ပါဘူး။ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။ ချောမောခန့်ညားတဲ့ ယောက်ျားတစ်ယောက်က တစ်ပတ်ကို ကိုယ်လက်လှုပ်ရှားမှု ၇ နာရီ လုပ်ဆောင်လေ့ရှိကြပါတယ်။