အောင်သူဟာ မြန်မာနိုင်ငံမှာတော့ စွမ်းဆောင်ရည်အကောင်းဆုံး ဘောလုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအတွက် အားအထားရဆုံး ကစားသမားတစ်ယောက်ပါ။ ယခင်ရတနာပုံကလပ်အသင်းတွင် ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံ ပူးလစ်တီရိုအသင်းတွင် ကစားနေပြီလည်းဖြစ်ပါတယ်။

Source: www.affsuzukicup.com

အောင်သူကိုတော့ (၁၉၉၆) ခုနှစ် မေလ (၂၂) ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ မွေးရပ်ဇာတိကတော့ ပျဉ်းမနားပါ။ (၂၀၀၉) ခုနှစ်မှာ မန္တလေးဘောလုံးအကယ်ဒမီသို့ တတ်ရောက်ခဲ့ပြီး အသက် (၁၆) နှစ်အောက် မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

(၂၀၁၄) ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော 2014 AFC U 19 ပြိုင်ပွဲတွင် ကာတာအသင်းဘက်သို့ လှလှပပကန်းသွင်းခဲ့သော သူရဲ့မှော်ဂိုးကြောင့် အောင်သူကို မြန်မာတစ်နိုင်ငံလုံးက အာရုံစိုက်မိခဲ့ကြပါတယ်။ သူရဲ့ကစားပုံအလိမ်အခေါက်ဟာ အာဂျင်းတီးနားကစားသမား မက်ဆီနဲ့ပုံစံတူလှပါတယ်။

Source: www.zimbio.com

သူ့ရဲ့အစွမ်းပြကစားမှုကြောင့် မြန်မာ ယူ ၁၉ အသင်းသည် ဖီဖာ ယူ ၂၀ ကမ္ဘာ့ဖလားသို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒါဟာ ၁၉၇၂ ခုနှစ် ဂျာမနီမြူးနစ်တွင် ကျင်းပသော ခြေစစ်ပွဲအောင်မြင်ပြီးထဲက ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်ရခဲ့တဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲဖြစ်ပါတယ်။ သူသည် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကစားသမားဆုကို (၂၀၁၅) ခုနှစ်မှစတင်ကာ ဆက်တိုက်ဆိုသလို ရရှိခဲ့ပါတယ်။

Source: FOX Sports Asia

ကမ္ဘာ့ဖလားပြိုင်ပွဲကစားစဉ်ကလည်း အိမ်ရှင် နယူးဇီလန်အသင်းကို ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သို့ပေမယ့် အတွေ့အကြုံ၊ အရပ်အမောင်းကွာဟမှုတွေကြောင့် မြန်မာအသင်းဟာ နယးဇီလန်မြေမှ အုပ်စုအဆင့်နဲ့တင် လှည့်ပြန်ခဲ့ရပါတယ်။ အမျိုးသားဘောလုံးအသင်းအတွက် ပထမဆုံးဂိုးကိုတော့ (၂၀၁၈) ကမ္ဘာဖလားခြေစစ်ပွဲတွင် လာအိုအသင်းကို (၃) ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် သွင်းယူပေးနိုင်ခဲ့ပါတယ်။

Source: www.fourfourtwo.com

ယခုလက်ရှိတွင် ပြည်ပထွက်ကစားနေပြီလည်းဖြစ်ပါတယ်။ အာဆီယံဒေသအတွင်း အကောင်းဆုံးတိုက်စစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်နားထိတောင် ရောက်ရှိနေပါပြီ။ FIFA techanical Study Book of 2015 U-20 World Cup စာအုပ်တွင် သူရဲ့ပြင်းထန်လှသော ကန်ချက်နဲ့ ပါးနပ်စွာပြေးလွှားမှုတို့ကို မှတ်ချက်ပေးခံခဲ့ရပါတယ်။