ကိုရီးယားနိုင်ငံရဲ့ များပြားလှသော ဂီတကြယ်ပွင့်တွေ ကြားထဲမှာ တမူထူးခြားပြီး ထွန်းလင်းတောက်ပ လာခဲ့တဲ့ ကြယ်ပွင့်အဖွဲ့ကတော့ Red Velvet အဖွဲ့ပဲဖြစ်ပါတယ်။

Source : South China Morning Post

၂၀၁၄ခုနှစ်က စတင်လှုပ်ရှားခဲ့ Red Velvet အဖွဲ့ဟာ ချစ်စရာအဆိုတော်မလေး (၅)ဦးနဲ့ ဖွဲ့စည်းထား ပါတယ်။ သူမတို့ရဲ့ သီဆိုတဲ့သီချင်းများအပြင် ချစ်စဖွယ်အမူအရာလေးများနဲ့ တင်ဆက်တဲ့ ကကွက်တွေ ကြောင့်လည်း ပုရိသပရိသတ်တွေ အပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ K-Pop အဖွဲ့ ဖြစ်ပါတယ်။

ပါဝင်သည့် နတ်သမီးလေးများ

Source : Soompi

Red Velvet အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ကြတဲ့ K-Pop မလေးများကတော့ Irene,Seulgi,Wendy, Joy,Yeri တို့ပဲ ဖြစ်ကြပါတယ်။

Red Velvet အဖွဲ့ရဲ့ သီဆိုဖျော်ဖြေလေ့ရှိတဲ့ တေးဂီတအမျိုးအစားများ

Source : Soompi

Red Velvet အဖွဲ့ဟာ K-Pop Music များအပြင် Electropop,Contemporary R& B စတဲ့ ဂီတ အမျိုး အစားများကိုလည်း ပရိသတ်ကို ဖျော်ဖြေလေ့ရှိပါတယ်။

အောင်မြင်မှုများ

 

Source : Flickr

Red Velvet ရဲ့ တာထွက် အယ်လ်ဘမ်ဖြစ်သော The Red အယ်လ်ဘမ် မှ စတင်ကာ အောင်မြင်မှု များရရှိလာခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာ ထပ်မံထွက်ရှိထားသော The Red Summer အယ်လ်ဘမ်ဟာလည်း ကမ္ဘာအရောင်းရဆုံး တေးအယ်လ်ဘမ်စာရင်းတွင် နံပါတ် (၁)နေရာ ရရှိထားခဲ့ပါတယ်။