ကိုယ်က ပုရိသတစ်ယောက်ဖြစ်ပေမယ့် ဆံပင်အရှည်ထားချင်တယ်၊ ဒါပေမဲ့ ဆံပင်ပါးလို့စိတ်ညစ်နေပါသလား။ ဆံပင်ပါးတယ်ဆိုတာကလည်း အသက်အရွယ်မရွေး၊ ယောကျာ်း မိန်းမ မရွေးကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ တချို့ကလည်းမွေးရာပါ ဆံပင်ပါးကြပါတယ်။ တချို့ကလည်း ဆံပင်တွေကျွတ်ကုန်လို့ ပါးသွားကြတာလည်း ရှိပါတယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့ မွေးကတည်းက ဆံပင်ပါးတဲ့သူတွေအတွက်ရော ကြီးလာမှ ဆံပင်ကျွတ်လို့ ထိပ်ပြောင်လုနီးပါးဖြစ်လာတဲ့သူတွေအတွက်ရော သဘာဝတရားကြီးကို ဆန့်ကျင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ သဘာဝပစ္စည်းတွေနဲ့ပဲ ပြုလုပ်ရတာဖြစ်တဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးရှိမှာမပူဘဲနဲ့ စိတ်အေးလက်အေး အသုံးပြုနိုင်ပါတယ်။

ရှားစောင်းလက်ပတ်အသုံးပြုပါ။

Source: India.com

ရှားစောင်းလက်ပတ်က ဆံကေသာထူထဲပြီး ကျန်းမာသန်စွမ်းစေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်ကို လက်ဖဝါးပေါ်မှာ ပွတ်ပြီး ဦးရေပြားနဲ့ ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ထားပြီးမှ မိမိလျှော်နေကျ ခေါင်းလျှောက်ရည်နဲ့ လျှော်ပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ် မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် တစ်လအတွင်း သိသာထင်ရှားတဲ့အကျိုးရလဒ်ကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

သံလွင်ဆီနဲ့ ဂျင်းအသုံးပြုပါ။

Source: Agroweb.org

ဂျင်းအနည်းငယ်ကို ကြိတ်ထောင်းပြီးတော့ သံလွင်ဆီနဲ့အတူရောလိုက်ကာ ဆံကေသာပေါ်သုတ်လိမ်းပေးလိုက်ပါ။ ဦးရေပြားကိုပါ တစ်ခါတည်းနှိပ်နယ်ပေးရပါမယ်။ မိနစ် ၃၀၊ ၄၅ မိနစ်ကြာမှ ရေဆေးပြီး ခေါင်းလျှော်ပေးလိုက်ပါ။ ဒါမှမဟုတ်လည်း တစ်ညလောက် လိမ်းထားပြီး မနက်ရောက်မှ ခေါင်းလျှော်ပေးမယ်ဆိုရင်လည်း အကျိုးသက်ရောက်မှု ပိုကောင်းမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုလည်း တစ်ပတ်တစ်ကြိမ်လောက်ပြုလုပ်ပေးပါ။

ကြက်သွန်နီနဲ့ သင့်ဦးရေပြားကို အားဖြည့်ပေးပါ။

Source: quora.com

ကြက်သွန်နီအနံ့ကတော့ သင့်ကို စိတ်ညစ်စေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဆံပင်ထူထဲချင်တယ်ဆိုရင်တော့ ကြက်သွန်နီအနံ့ကို လျစ်လျူရှုထားလိုက်ပါ။ ဘယ်လိုအသုံးပြုရမလဲဆိုတော့ ကြက်သွန်နီအရည်ကို ပျားရည်နဲ့ ရောပြီးနောက်မှာ ဦးရေပြားနဲ့ ဆံပင်ကို သုတ်လိမ်းပေးလိုက်ပါ။ တစ်ညလောက်သိပ်ထားပေးပြီး မနက်မှ ခေါင်းလျှော်ပေးလိုက်ပါ။ ဒါမှ ဦးရေပြားနဲ့ ဆံကေသာက အာဟာရဓာတ်များ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။ တစ်ရက်ခြားတစ်ခါ နှစ်ပတ်တိတိပြုလုပ်ပေးပါ။ ဒါဆိုရင်တော့ ဆံပင်အုံထူလာမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေထဲက စာဖတ်သူကိုကိုတို့ ကြိုက်နှစ်သက်တဲ့နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။