အာရုံကြောကျန်းမာရေးဟာ လူတိုင်းအတွက် အလွန်ကို အရေးကြီးပါတယ်။ ဒီလို အရမ်းကို အရေးပါလှတဲ့ အာရုံကြောကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။ အာရုံကြောကျန်းမာရေးကောင်းဖို့အတွက် ဘယ်လိုအရာတွေနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမှာပါလဲ။ အာရုံကြောကျန်းမာရေးအတွက် အကောင်းဆုံး အာဟာရဓာတ်တွေ လိုအပ်ပါတယ်။

အာရုံကြောအဖွဲ့အစည်းကို ကာကွယ်ပေးတဲ့အရာ

Source: www.neuroscientificallychallenged.com

ဦးနှောက်နဲ့ ကျောရိုးနာ့ဗ်ကျောမကြီး၊ အာရုံကြောတွေအားလုံးကို ကာကွယ်ပေးထားတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ Myelin လို့ ခေါ်တဲ့ အဆီလွှာလေးပါ။ ဒီအဆီလွှာလေးက ဦးနှောက်နဲ့ အာရုံကြောတွေအားလုံးကို သူ့အဆီလွှာနဲ့ ဖုံးအုပ်ပြီး ကာကွယ်ပေးထားတာဖြစ်ပါတယ်။

ကာကွယ်ပေးမှုတွေ လျော့နည်းလာတဲ့အခါ

Source: www.123dentist.com

အဲဒီ အဆီလွှာလေးရဲ့ ကာကွယ်ပေးနိုင်စွမ်း လျော့နည်းလာတဲ့အခါမှာ ခန္ဓာကိုယ်မှာလည်း ခုခံအားတွေ ကျဆင်းလာတတ်ပါတယ်။ ဖျားနာတာမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

အာရုံကြောအားနည်းရင် ဖြစ်ပေါ်တတ်တာတွေက

Source: www.google.com/soothe-painful-muscles

အာရုံကြောအားနည်းလာတဲ့အခါ ကြွက်သားတွေပါ အားနည်းလာတတ်ပါတယ်။ နာကျင်ဝေဒနာတွေ ခံစားလာရတာနဲ့အတူ အမြင်အာရုံတွေပါ ဝေဝါးလာတတ်ပါတယ်။

အာရုံကြောကျန်းမာဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ

Source: www.liversupport.com

အာရုံကြောကျန်းမာဖို့အတွက် သင့်တင်တဲ့အစားအသောက်ပမာဏကို စားသုံးပေးသင့်ပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသလို ခန္ဓကိုယ်အတွက်လည်း လိုအပ်မယ့်အဆီ (ဥပမာ- Omega-3 Fatty Acid ) ၊ ဗီတာမင် ဒီ နဲ့ ဗီတာမင် ဘီတွဲ စတာတွေကို စားသုံးပေးသင့်ပါတယ်။