တေးသံရှင် Drone ရဲ့ တစ်နေ့တော့ ဆိုတဲ့ တေးအယ်ဘမ်ကို M UNITED ENTERTAINMENT  ကနေ  2018 August လအတွင်းတပြည်လုံးကို ဖြန့်ချီပေးခဲ့ပါတယ်။  Band အနေနဲ့ကတော့ Pax Band (Vocal Dance) ဖြစ်ပြီး Band အတွင်းပါဝင်သူအားလုံးဟာ တိုင်းရင်းသားတွေချည်းပဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေ စုပြီး လုပ်ထားတဲ့ တေးအယ်ဘမ်ဖြစ်ပါတယ်။

Source: M United Entertainment Facebook

Title Song ဖြစ်တဲ့ တစ်နေ့တော့ နဲ့ ပတ်သက်ပြီး တေးသံရှင် Drone က လူငယ်တစ်ယောက် အိပ်မက်တွေအတွက် အဝေးမှာ ကြိုးစားရုန်းကန်နေရပေမယ့်လည်း တစ်နေ့တော့ အိမ်ကို ပြန်ရောက်မှာပါဆိုတဲ့ အဓိပ္ပါယ်နဲ့ တစ်နေ့တော့ လို့ အမည်ပေးခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Source: M United Entertainment Facebook

အချိန် နှစ်နှစ်တာ ကြာပြီးမှ ထွက်ရှိလာနိုင်တဲ့ တေးစီးရီးဖြစ်ပါတယ်။ သီချင်းတွေကတော့ အကြွတွေ ၊  ကြမ်းကြမ်းတွေနဲ့ ပရိသတ်နားစွဲနိုင်မယ့် သီချင်းလေးတွေ ပါဝင်တယ်လို့ သိရပါတယ်။ တေးသီချင်းပေါင်း ၁၄ ပုဒ်ပါဝင်ပါတယ်။ ဒီတေးအယ်ဘမ်ထဲမှာတော့  ပါချုပ်၊ ပါရိန်၊ ပါထွန်း၊ စာသား စတဲ့ တေးရေးဆရာတွေရဲ့ တေးသီချင်းတွေပဲဖြစ်ပါတယ်။

Source: M United Entertainment Facebook