မကြာသေးခင်ကပဲ Street Wear အနေနဲ့ ခေတ်စားလာတဲ့ Rugby Shirt ကို စိတ်ဝင်စားစရာဖြစ်အောင် Style အသစ်ထွင်ပြီး နာမည်ကြီး အဆိုတော်တစ်ယောက်က ဝတ်ဆင်ခဲ့ပါတယ်။ သူကတော့ အခြားသူမဟုတ်ပါဘူး Zayn ပါ။ အဆိုတော်ဖြစ်ပေမယ့် ဖက်ရှင်လောကရဲ့ စောင့်ကြည့်ရခြင်းကိုခံရသူ ဖက်ရှင် Inspiration အသစ်တွေကို အမြဲချပြတတ်သူလည်း ဖြစ်ပါတယ်။ သူရဲ့ သီချင်းအသစ်တွေဖြစ်တွေဟာလည်း လတ်တလောမှာ အောင်မြင်မှုရထားတဲ့အပြင် Cover Song တွေကိုလည်း ပရိသတ်ရင်ထဲကိုစွဲအောင် အမြဲဖန်းတီးနိုင်သူလို့ပြောရမယ်ဆိုလည်း မမှားပါဘူး။

Source: models.com

သူ့ရဲ့ဝတ်ဆင်ပုံတွေဟာ ဖက်ရှင်ထုကြီးကို အမြဲလွှမ်းမိုးနေပြီး Trend အနေနဲ့ ခေတ်စားလာတတ်ပါတယ်။ Basic Wear ဖြစ်တဲ့ Shirt တွေ Hoodie တွေကို အောက်မှာခံပြီး အပေါ်မှာ Rugby Shirt ကို ဝတ်ထားတာပါ။ အထာကျလွန်းတဲ့ သူ့ရဲ့ဖက်ရှင် Sense တွေကြောင့် Zayn ကို Fashion King လို့သမုတ်ကြပါတယ်။ အနုပညာပိုင်းမှာလည်း သူရဲ့ Single Album အသစ်ထွက်ဖို့ Video အသစ်တွေ ဆက်တိုက်ထွက်နေတာပဲ ဖြစ်ပါတယ်။

Source: gq-magazine.co.uk

ပထမဆုံးအောင်မြင်ခဲ့တဲ့သီချင်းဟာ Let Me ဖြစ်ပြီး Entertainer ကိုတော့ မကြာသေးခင်ကပဲ Social Media Platform တွေမှာ တင်ခဲ့ပေးတာပဲဖြစ်ပါတယ်။ နောက်ပြီး ဇွန်လ ၁၈ ရက်နေ့ကပဲ Sour Diesel ဆိုတဲ့ Video အသစ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

Entertainer ထွက်ပြီး Sour Diesel မထွက်ခင် စပ်ကြားမှာလည်း Cover Song တွေတင်ပေးပြီး ပရိသတ်ကို မပျင်းရလေအောင် သူ့အနုပညာတွေ ချပြခဲ့ပါတယ်။

အခုနောက်ဆုံး ထွက်ထားတဲ့ သီချင်းကတော့ Finger ပဲဖြစ်ပါတယ်။

ထွက်ပြီးသမျှ MTV တိုင်းမှာ သူကိုယ်တိုင်သရုပ်ဆောင်ထားပြီး ကွာလတီအပြည့်နဲ့ အလန်းရိုက်ထားတာကြောင့် ကြည့်ဖူးသူတိုင်း မကြွေပဲမနေနိုင်ပါဘူး။ နားမထောင်ရသေးသူတွေကိုလည်း Zayn ရဲ့ ထွက်ထားတဲ့ MTV သုံးပုဒ်ကို နားဆင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။