ဘရာဇီးကြယ်ပွင့် နေမာရဲ့ ဘာစီလိုနာကနေ ပြင်သစ်ဘီလူး PSG အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့ဟာ အားလုံးကို အံသြမှင်သက်စေခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ဘယ်လိုအကြောင်းအရင်းတွေကြောင့် ဖြစ်ပေါ်ခဲ့လဲဆိုတာကို ဒီနေ့မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
Source: backgroundimageshd.com
ကဲဥပမာတစ်ခုလောက်ပြောကြည့်ရအောင်…Samsung ကုမ္ပဏီရဲ့ ၀န်ထမ်းတစ်ယောက်ဟာ လစာ ဒေါ်လာ (၁၅၀၀၀၀) ရတယ်။ သူ့အလုပ်က ဆိုလ်းမှာ၊ Stress ဒဏ်တွေကို အပြင်းအထန်ခံရတဲ့နေရာ.. နောက်တစ်ခုကတောာ့ NetFix က ၀န်ထမ်းရဲ့ လစာက (၂၀၀၀၀၀) ၊ အစားအသောက်စရိတ်တွေအပြင် အခြားသော ထောာက်ပံမှုတွေလည်းပေးတယ်။ ပျော်ရွင်တဲ့ လုပ်ငန်းခွင်ပဲ..နေမာရဲ့ အပြောင်းအရွှေ့ဟာလည်း ဒီလိုပါပဲ ပိုက်ဆံပိုရပြီး နာမည်ပိုကြီးလွယ်တဲ့ဆီိကိုပြောင်းသွားခဲ့တာပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို မက်ဆီမရှိတဲ့ အရပ်မှာ စိုက်ထူချင်တာလည်းပါမှာပါ။
Source: backgroundimageshd.com
နေမာဟာ ဘာစီလိုနာမှာတုန်းက ဂန္တ၀င်ကစားသမားတွေရဲ့နောက်မှာသာရပ်တည်ခဲ့ရပေမဲ့၊ ရေနံဘောစိ PSG မှာတေ့ ဘုရင်ပါပဲ။ ကိုယ့်ကိုကိုယ် ဘုရင်အဖြစ် သက်မှတ်ထားတဲဘ လူတစ်ယောက်ရဲ့ ခြင်္သေ့ဖြစ်တည်နိုင်စွမ်းကို နေမာက သာဓကပြသွားခဲ့တာပါ။ PSG ကိစတင်ရောက်ရှိစဉ်တုန်းက စီနီယာ ကာဗာနီနဲ့ ကတောက်ကဆခဏခဏဖြစ်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ ပြန်လည်းအဆင်ပြေနေတာလည်းဖြစ်ပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားမှာတော့ နေမာဟာဟန်ဆောင်လဲချတယ်၊ သရုပ်ဆောင်ရိုက်တယ်ဆိုပြီး ဝေဖန်ချက်တွေနဲ့ အများအပြားရင်ဆိုင်ခဲ့ရတာပါ။
Source: backgroundimageshd.com
ယခုလောက်ဆိုရင် နေမာရဲ့စံချိန်တင်အပြောင်းအရွှေ့ကို အားလုံးပဲသဘောပေါက်နားလည်ကြလိမ့်မယ်ထင်ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်သားတွေတောင့်တနေတဲ့ ချန်ပီယံလိဂ်ဆုကြီးကို နေမာအကူအညီနဲ့ PSG ရရှိသွားနိုင်မလားဆိုတာ စောင့်ကြည့်ရအောင်…