[Zawgyi]

ဘာစီလိုနာေနာက္ခံကစားသမားေဟာင္း ဒန္နီအဲဗက္စ္က ေနမာရဲ႕အေၾကာင္းကို ေျပာၾကားခဲ့ၿပီး ၎ရဲ႕ ကစားေဖာ္ေဟာင္း ေနမာရဲ႕ေပ်ာ္ရႊင္မႈဟာ ဘာစီလိုနာအသင္းရဲ႕ ႏူးကမ့္မွာသာရွိလိမ့္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

ေနမာဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ဘာစီလုိနာအသင္းကို ျပန္လည္ေျပာင္းေရႊ႕လိုတဲ့ဆႏၵရွိခဲ့ေပမယ့္ ဘာစီလုိနာနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ဟာ ေနမာအတြက္ သေဘာတူညီမႈမရရွိခဲ့တာေၾကာင့္ အေျပာင္္းအေရႊ႕မျဖစ္ေျမာက္ခဲ့တာျဖစ္ပါတယ္။

Source: marca

ေကာလာဟလသတင္းေတြအရ ဘာစီလိုနာအသင္းဟာ ၂၀၂၀ ခုႏွစ္မွာ ေနမာကို ထပ္မံေခၚယူဖို႔ ႀကိဳးပမ္းသြားဦးမယ္လုိ႔ သိရၿပီး ဒန္နီအဲဗက္စ္က တကယ္လို႔ ေနမာသာ စပိန္ကို ျပန္သြားခ်င္တယ္ဆုိရင္ အေျပာင္းအေရႊ႕ျဖစ္လိမ့္မယ္လုိ႔ ထင္ေနတာျဖစ္ပါတယ္။

 

“ေနမာနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ေပ်ာ္ရႊင္မႈက ဘာစီလုိနာမွာ ရွိလိမ့္မယ္လုိ႔ ကၽြန္ေတာ္ ထင္ေနတုန္းပါပဲ”

“သူ အဲဒီမွာ ႏွစ္ေတာ္ေတာ္မ်ားမ်ား ရွိခဲ့တဲ့ေနရာမွာ ေအာင္ျမင္မႈေတြ ဆက္ရၿပီး ေပ်ာ္ရႊင္မႈကို ရွာေတြ႕လိမ့္မယ္လုိ႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္။ ခင္ဗ်ား တစ္ေနရာရာမွာ ေပ်ာ္ရႊင္တဲ့အခါမွာ ေပ်ာ္ရႊင္တဲ့ေနရာကိုပဲ ျပန္သြားဖို႔ ႀကိဳးပမ္းမွာပါ။ သူလည္း အဲဒီအတုိင္းလုပ္ဖို႔ ႀကိဳးစားခဲ့တယ္လုိ႔ ကၽြန္ေတာ္ ထင္ပါတယ္”

 

Source: Forbes

“တကယ္လုိ႔ အနာဂတ္မွာ သူ ျပန္သြားခ်င္တဲ့ဆႏၵရွိမယ္ဆုိရင္ သူ ျပန္ႏိုင္လိမ့္မယ္လုိ႔ ကၽြန္ေတာ္ ေသခ်ာသိပါတယ္”လို႔ Business Insider ကုိ ေျပာၾကားခဲ့ပါတယ္။

 

အသက္ ၃၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဒန္နီအဲဗက္စ္ဟာ ဘာစီလိုနာအသင္းနဲ႔ေရာ ေနမာ လက္ရွိကစားေနတဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ပါ ေအာင္ျမင္မႈေတြ ရရွိခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ မိခင္အသင္းျဖစ္တဲ့ ေဆာ္ေပၚလုိအသင္းအတြက္ ကစားေပးေနသူျဖစ္ပါတယ္။

 

[Unicode]

ဘာစီလိုနာနောက်ခံကစားသမားဟောင်း ဒန်နီအဲဗက်စ်က နေမာရဲ့အကြောင်းကို ပြောကြားခဲ့ပြီး ၎င်းရဲ့ ကစားဖော်ဟောင်း နေမာရဲ့ပျော်ရွှင်မှုဟာ ဘာစီလိုနာအသင်းရဲ့ နူးကမ့်မှာသာရှိလိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိခဲ့ပေမယ့် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ နေမာအတွက် သဘောတူညီမှုမရရှိခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

Source: marca
ကောလာဟလသတင်းတွေအရ ဘာစီလိုနာအသင်းဟာ ၂၀၂၀ ခုနှစ်မှာ နေမာကို ထပ်မံခေါ်ယူဖို့ ကြိုးပမ်းသွားဦးမယ်လို့ သိရပြီး ဒန်နီအဲဗက်စ်က တကယ်လို့ နေမာသာ စပိန်ကို ပြန်သွားချင်တယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ထင်နေတာဖြစ်ပါတယ်။

“နေမာနဲ့ပတ်သက်ပြီး သူ့ရဲ့ပျော်ရွှင်မှုက ဘာစီလိုနာမှာ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်နေတုန်းပါပဲ”
“သူ အဲဒီမှာ နှစ်တော်တော်များများ ရှိခဲ့တဲ့နေရာမှာ အောင်မြင်မှုတွေ ဆက်ရပြီး ပျော်ရွှင်မှုကို ရှာတွေ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ခင်ဗျား တစ်နေရာရာမှာ ပျော်ရွှင်တဲ့အခါမှာ ပျော်ရွှင်တဲ့နေရာကိုပဲ ပြန်သွားဖို့ ကြိုးပမ်းမှာပါ။ သူလည်း အဲဒီအတိုင်းလုပ်ဖို့ ကြိုးစားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်”

Source: Forbes
“တကယ်လို့ အနာဂတ်မှာ သူ ပြန်သွားချင်တဲ့ဆန္ဒရှိမယ်ဆိုရင် သူ ပြန်နိုင်လိမ့်မယ်လို့ ကျွန်တော် သေချာသိပါတယ်”လို့ Business Insider ကို ပြောကြားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒန်နီအဲဗက်စ်ဟာ ဘာစီလိုနာအသင်းနဲ့ရော နေမာ လက်ရှိကစားနေတဲ့ ပီအက်စ်ဂျီအသင်းနဲ့ပါ အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ မိခင်အသင်းဖြစ်တဲ့ ဆော်ပေါ်လိုအသင်းအတွက် ကစားပေးနေသူဖြစ်ပါတယ်။