တနေကုန်လုပ်ငန်းခွင်မှာ ပင်ပန်းခဲ့သမျှကို ဖြေဖျောက်နိုင်ဖို့အတွက် သူငယ်ချင်း၊မိတ်ဆွေများနဲ့ ချိန်းထားတဲ့ အချိန်ကို ရောက်ပြီလား။ ဒီလို Club သွားတော့မယ့် အချိန်မျိုးဆို လူကတကယ့်ကို ပေါ့ပါးလန်းဆန်းနေ မှာ အမှန်ပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့စတိုင်ကလည်း Nightclub နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့က အရေးကြီးပါသေး တယ်။

အ၀တ်အစား ရွေးချယ်ခြင်း။

Source : The Headliner

Nightclub သွားတော့မယ့် ကွီးတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုဟာ ပေါ့ပါးလန်းဆန်းနေဖို့ လိုအပ်ပါ တယ်။ ၀တ်နေကြစတိုင်အတိုင်း Gentleman တစ်ဦး ဖြစ်နေဖို့ကတော့ မသင့်တော်ပါဘူး။

Sexy ကျတဲ့ Jeans

Source: ru.aliexpress.com

ပါတီသွားဖို့ သူငယ်ချင်းတွေနဲ့ ချိန်းပြီးပြီလား။ ဒါဆို Sexy ကျကျ Jeans ဘောင်းဘီတွေကို ရွေးချယ်လိုက်ပါ။ စတိုင်ကျတယ်။ လူငယ်ဆန်တယ်။ ပါတီမှာ သင့်ရဲ့ စတိုင်ဟာ တကယ့်ကို အထာကျ နေမှာ အမှန်ပါပဲ။

ရိုးရှင်းပြီးသက်သောင့်သက်သာရှိခြင်း။

Source: zimbio.com

ပါတီတက်ဖို့အတွက် ဘာတွေဝတ်သွားရမလဲ ဆိုပြီး အတွေးများနေဖို့ မလိုပါဘူး။ လွတ်လပ်ပေါ့ပါးပြီး သက်သောင့်သက်သာဖြစ်စေမယ့် ၀တ်စုံပဲ လိုအပ်ပါတယ်။ ပါတီမှာ အေးဆေးလေး ဘီယာတွေ၊၀ိုင်တွေနဲ့ ဇိမ် ယူမလား၊ မြူးကြွတဲ့ တေးဂီတတွေနဲ့ ကခုန်မလား။ အားလုံး အိုကေနိုင်ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ အရောင်

Source: Bar in London Bridge | Belushi’s Bars

Nightclub မှာ စတိုင်ကျတဲ့ ကွီးတစ်ယောက်ဖြစ်ဖို့အတွက် ၀တ်စုံဒီဇိုင်းကိုပဲ အာရုံစိုက်နေလို့ မရပါ ဘူး။ ဘယ်လို အရောင်အဆင်းနဲ့ ၀တ်စုံဝတ်ဆင်သင့်တယ် ဆိုတဲ့ အချက်ကလည်း အရေးကြီးပါသေးတယ်။ ပုံမှန် ရုံးတက်ရုံးဆင်း ၀တ်နေကြ အဖြူအမည်းကာလာများကို ရှောင်ပြီး လူငယ်ဆန်သော အရောင်များကို ရွေးချယ်လိုက်ပါ။