လုပ်ငန်းခွင်မှာ အလုပ်တာဝန်တွေကြောင့် စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေတဲ့ ကွီးတို့အတွက် အပန်းပြေ စရာအချိန်လေးတွေကတော့ ရှိနေပါတယ်။ ညပိုင်း ကလပ်တွေမှာ သူငယ်ချင်းတွေနဲ့ သွားကဲမလား။ ချစ် သူလေးနဲ့ ပါတီပွဲတက်မလား။ အလုပ်ပင်ပန်းမှုတွေကို ပြန်လည်ကုစားပေးနိုင်မယ့် အကောင်းဆုံးနည်း လမ်းပါပဲ။

ထွန်းကားလာတဲ့ယဉ်ကျေးမှု

Source: vavawoom.com

ညပိုင်းကလပ်တက်ခြင်း၊ ပါတီတက်ခြင်းတို့ဟာ မကြာသေးခင်အချိန်တွင်းမှာ အရှေ့တောင် အာရှမှာ လူငယ်ထုအတွင်း ထွန်းကားလာတဲ့ ယဉ်ကျေးမှုတစ်ခုပဲ ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေသာမက လူလတ်ပိုင်းတွေလည်း ပါဝင်ဆင်နွဲလာတာကို တွေ့ရပါတယ်။

လူ့ယဉ်ကျေးမှုအသိုင်းအ၀ိုင်းတွင် Nightclub ဘယ်အချိန်ကစတင်ခဲ့သလဲ။

Source: theboltonnews.co.uk

ညပိုင်းအချိန်များတွင် မိတ်ဆွေ၊သူငယ်ချင်းများ စုပေါင်း၍ ပျော်ပွဲရွှင်ပွဲများ ဆင်နွဲကြခြင်း ဖြစ်သည်။ ၁၉၀၀ခုနှစ်ခန့်မှ စ၍ အမေရိကန်နိုင်ငံမှာ အလုပ်သမားလူတန်းစားမှ စတင်ထွန်းကားလာသည်ဟု သိရသည်။ စက်ရုံ၊အလုပ်ရုံ လုပ်သားများသည် တနေကုန်လုပ်ငန်းခွင်ဝင်ကြရသောကြောင့် အားလပ်ချိန် ညပိုင်းများတွင် မိတ်ဆွေများနှင့် ပျော်ရွှင်မြူးတူးကြခြင်း ဖြစ်သည်။

သမိုင်းဦးက Nightclub Music

Source: thevinylfactory.com

Nightclub များစတင်ထွန်းကားသည့် အချိန်ကတည်းက တေးဂီတများပါ ပူးတွဲဖျော်ဖြေခဲ့ ခြင်းဖြစ် သည်။ ယခင်ခေတ်နှောင်းပိုင်း Nightclub တေးဂီတသည် စန္ဒယားနှင့်ဓတ်ပြားများ သာဖြစ်သည်။

ကမ္ဘာနှင့်တ၀န်း

Source: read.tidal.com

၁၉၃၀ပြည့်နှစ်နောက်ပိုင်းမှစ၍ Nightclub ယဉ်ကျေးမှုသည် ကမ္ဘာနှင့်တ၀န်းတွင် ရေပန်းစား လူကြိုက် များလာခဲ့သည်။ အလုပ်သမားလူတန်းစားများသာမက အထက်တန်းလွှာ များကလည်း Nightclub ကို သဘော ကျနှစ်သက်စွာ ပါဝင်ဆင်နွဲ လာကြသည်။