ခန္ဓာကိုယ်ကြွက်သားတွေ ကြီးထွားဖို့အတွက် Workout လုပ်ရမယ်လို့ လူအများကယူဆထားကြပါတယ်။ ဒါပေမယ့် သုတေသနတစ်ခုကတော့ ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ တခြားသောနည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိထားကြပါတယ်။ ဒါကတော့ Nitric Oxide ပဲဖြစ်ပါတယ်။
Nitric Oxide က ခန္ဓာကိုယ်လေ့ကျင့်ခန်းအတွက် ဘာတွေလုပ်ဆောင်ပေးလဲ
Source: GymJunkies
Nitric Oxide ဟာ ခန္ဓာကိုယ်ထဲမှာ သွေးလည်ပတ်မှုကို မြင့်မားစေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းကို ပိုမိုလုပ်ဆောင်နိုင်ပြီး အမောခံနိုင်စွမ်းလည်း မြင့်မားစေပါတယ်။
Nitric Oxide ဆိုတာဘာလဲ
Source: kieuanhdinh.com
Nitric Oxide ဆိုတာ ဓာတုဒြပ်ပေါင်းတစ်ခုပဲဖြစ်ပါတယ်။ Nitrogen ရဲ့များစွာသောဒြပ်ပေါင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အရောင်အဆင်းမရှိတဲ့ အငွေ့တစ်မျိုးပဲဖြစ်ပါတယ်။
Nitric Oxide ကြွယ်ဝတဲ့အစားအစာတွေကဘာတွေလဲ
အရည်ရွှမ်းသောအသီးအနှံများ
Source: tapety-wallpapers.eu
ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေမှာ Nitric Oxide ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ စပျစ်သီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ သင်္ဘောသီးစတဲ့အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။
ကြက်သွန်ဖြူ
Source: The Jakarta Post
ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူမှာ Nitric Oxide ဓာတ်တွေပါဝင်ပြီး ခန္ဓာကိုယ်သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။