ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့်ဖြစ်စေ၊ တခြားအကြောင်းကိစ္စတစ်ခုကြောင့်ဖြစ်စေ ထိခိုက်ဒါဏ်ရာရပြီးတဲ့နောက်မှာ Gym ပြန်ကစားနိုင်ဖို့ကခဲယဉ်းပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို့ပြန်ကြိုးစားကြမလဲ။

ပြက္ခဒိန်မှာရက်သတ်မှတ်ပါ

Source: agenciaeplus.com.br

Gym ကစားတဲ့ရက်ကို တိတိကျကျသတ်မှတ်ထားပါ။ ကိုယ်သတ်မှတ်ထားတဲ့ရက်မှာ အတိအကျကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်ဖို့ကြိုးစားပါ။

အကြောလျှော့ပါ။

 

Source: Cleveland Clinic Health Essentials

Gym မကစားမှီအရင်ဆုံး ကိုယ်လက်အကြောတွေလျော့ချပေးဖို့ လိုအပ်ပါတယ်။ ခြေလက်တွေ တောင့်တင်းနေတဲ့အခါ Gym ကစားဖို့အတွက် အဆင်မပြေနိုင်ပါဘူး။

လိုအပ်တဲ့ အဆီတွေလိမ်းပေးပါ။

Source: Popsugar

Gym မကစားမှီဖြစ်စေ၊ ကစားပြီးချိန်တွင်ဖြစ်စေ ခြေ၊လက်နှင့်ဝမ်းဗိုက်တို့ကို သင့်တော်တဲ့အဆီတွေ လိမ်းပေးဖို့လိုအပ်ပါတယ်။ သံလွင်ဆီဖြစ်စေ၊ တခြားသင့်တော်ရာ အကြောဖြေဆေးဆီဖြစ်စေ လိမ်းကြံပေးသင့်ပါတယ်။

ပြင်းပြင်းထန်ထန်ကစားခြင်းကိုရှောင်ပါ။

Source: Scientific American

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တဲ့အခါမှာ နည်းစနစ်တကျ၊ ဖြေးဖြေးမှန်မှန်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ စိတ်လောကြီးပြီးပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ မပြုလုပ်မိစေဖို့သတိပြုပေးပါ။