ကမ္ဘာ့ဖလားမှာ ၀င်ရောက်ယှဉ်ပြိုင်ကစားခွင့်ရဖို့ဆိုတာက အားလုံးရဲ့အိမ်မက်ပါပဲ။ ဘောလုံးသမားတိုင်းဟာတော့ ကမ္ဘာ့ဖလားရဲ့ အစိမ်းရောင်မြတ်ခင်းပြင်မှာ ပြေးလွှားကြည့်ချင်တာသဘာဝပါ။ ကမ္ဘာ့ဖလားဆိုတာကလည်း လူစိတ်ဝင်စားမှု အများဆုံးပြိုင်ပွဲကြီးဖြစ်ပါတယ်။ လူဦးရေသန်းပေါင်း (၁၀၀) လောက်က အမြဲစောင့်ကြည့်ကြပါတယ်။ ကလပ်အသင်းမှာတော့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ကမ္ဘာဖလားမကစားခဲ့ဖူးတဲ့ နာမည်ကြီးတွေလည်းရှိပါတယ်။ သူတို့ကတော့…

George Weah – Liberia

Source: Pinterest

ကမ္ဘာ့ဖလားကို ပါဝင်ယှဉ်ပြိုင်ခွင့်မရတဲ့ အဖြစ်အပျက်ဟာ အားလုံးကို အံသြစေခဲ့ပါတယ်။ သူဟာ PSG, အေစီမီလန်အစရှိတဲ့ အသင်းတွေမှာ ကစားခွင့်ရခဲ့ပါတယ်။ အာဖရိကအကောင်းဆုံးကစားသမားလို့တောင် ကင်းပွန်းတပ်ခံရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး FIFA World Player of the Year နဲ့ Ballon d’Or ဆုတွေကို ရရှိခဲ့ပါတယ်။ သူရဲ့ကစားသမားဘ၀ကိုတော့ PSG အသင်းနဲ့စတင်ခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းခြေစကောင်းမွန်မှုကြောင့် အေစီမီလန်အသင်းရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။ သူဟာ အေစီမီလန်အသင်းသို့ပြောင်းရွေ့ခဲ့ပြီး ဆုဖလားများစွာရယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း သူရဲ့မိခင်နိုင်ငံဖြစ်တဲ့ လက်ဘေးရီးယားဟယာ ပြည်တွင်းစစ်အခြေအနေတွေကြောင့် ကမ္ဘာဖလားခြေစစ်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ ထို့ကြောင့်သူဟာလည်း ကမ္ဘာဖလားမှာ ပါဝင်ခြေစွမ်းပြခွင့်မရခဲ့ပါဘူး။

Ryan Giggs – Wales

Source: en.wikipedia.org

မန်ယူ ယူနိုက်တက်ရဲ့ ဂန္တ၀င်ကစားသမား Ryan Giggs ဟာလည်း ကမ္ဘာဖလားတွင် ၀င်ရာက်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ ဝေးနိုင်ငံမှာ မွေးဖွားတဲ့သူဟာ နည်းပြကြီးဖာဂူဆန်လက်အောက်မှာ ထွန်းတောက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဂစ်ဟာ မန်ယူအသင်းနဲ့အတူဆုဖလားများစွာရယူနိုင်ခဲ့ပါတယ်။ ဒေးဗစ်ဘက်ဟမ်၊ ပေါ့စဂိုး၊ နဗီးတို့နဲ့အတူ နာမည်ကြီးလာတဲ့ (၉၀)  ခုနှစ်ရွေရောင်မျိုးဆက်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။

သို့ပေမယ့် ဂစ်ရဲ့မွေးရပ်မြေဖြစ်တဲ့ ဝေးနိုင်ငံဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို မအောင်မြင်ခဲ့ပါဘူး။ သေးငယ်လှတဲ့နိုင်ငံတစ်နိုင်ငံပါ။ ထိုအချိန်က ဝေးနိုင်ငံရဲ့ဘောလုံးလောကကလည်း ယခုလောက်မတိုးတတ်သေးပါဘူး။ ထို့ကြောင့် ဂစ်ဟာ ကမ္ဘာ့ဖလားအိမ်မက် မက်ခွင့်မရခဲ့ပါဘူး။