ခေတ်မှီတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ဂီတရေစီးကြောင်းကလည်း အချိန်နဲ့တပြေးညီ လျင်မြန်စွာစီး ဆင်းလျက်ရှိပါတယ်။ ယနေ့ခေတ်လူငယ်တွေရဲ့ရင်ထဲကို တသွင်သွင်စီးနေတဲ့ ဂီတမြစ်ကြောင်းတစ်ခုကတော့ EDM တေးဂီတ ပဲဖြစ်ပါတယ်။

Source: Shutterstock

EDM ရဲ့အဓိပ္ပါယ်အပြည့်အစုံက Electronic Dance Music ပဲဖြစ်ပါတယ်။ ယျေဘူယျအားဖြင့် နောက်ခံတေးဂီတဖွင့်ပြီး DJ သမားက Electronic ကိုအသုံးပြုပြီး တေးဂီတတွေကို ဖန်တီးတာဖြစ်ပါတယ်။

Source: Shutterstock

EDM Music ကို Nightclub တွေ၊ လူငယ်တွေစုဝေးကျင်းပတဲ့ ပါတီပွဲတွေ၊ ခေတ်မှီတဲ့ညစာစားပွဲတွေမှာ အများဆုံး တီးခတ်ဖျော်ဖြေ လေ့ရှိပါတယ်။

Source: Magnetic Magazine

ခေတ်မှီတိုးတက်တဲ့ ခေတ်ကြီးမှာ ရေပန်းစားတဲ့ဂီတလို့ပြောလိုက်တဲ့အတွက် EDM ကိုသိပ်မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ ဂီတအမျိုးအစားတစ်ခုလို့ မထင်မှတ်လိုက်ပါနဲ့။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ခန့်ကစပြီး ဥရောပမှာတွင် ကျယ်လူကြိုက်များလာခဲ့တဲ့ ဂီတအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။