ဒီဆောင်းပါက ကွီးတွေအတွက် ရည်ရွယ်ထားတာပါ။ မိန်းကလေးတယောက်က ရေလာမြောင်းပေးလုပ်နေတာကို သိနိုင်တဲ့ အချက်တွေကို ရှင်းပြထားတာပါ။ အတိအကျတော့ ပြောလို့ မရပေမယ့် ယေဘုကျအလားဖြင့်တော့ ဒီအချက်တွေကို တွေ့ရလေ့ရှိပါတယ်။

လျင်မြန်တဲ့ ဆက်သွယ်မှု

Source: enki relations

မိန်းကလေးတွေက သူတို့ စိတ်မဝင်စားတဲ့ ယောက်ကျားလေးတွေရဲ့ စာတွေကို မျက်ကွယ်ပြုလေ့ ရှိပါတယ်။ပြီးတော့ စာပြန်ဖို့လည်း အချိန်အကြာကြီး ယူလေ့ရှိပါတယ်။

တကယ်လို့သာ ကွီးတို့ရဲ့စာ ဒါမှမဟုတ် အီးမေးလ်တွေကို လျင်လျင်မြန်မြန်ပဲ REPLY ပြန်တယ်ဆိုရင်တော့ ကောင်းတဲ့လက္ခဏာ လို့ပြောလို့ရပါတယ်။ သူတို့အလုပ်များနေတဲ့ အချိန်စာမပြန်အားရင်လည်း စာတိုလေးနဲ့ အလုပ်မအားတဲ့ အကြောင်း ပို့လေ့ရှိပါတယ်။

ကိုယ်ရေးကိုယ်တာ အကြောင်းတွေမျှဝေလေ့ရှိတယ်

Source: Mantelligence

ကိုယ်ရေးကိုယ်တာ ကိစ္စတွေဆိုတာ လူတိုင်းနဲ့ မျှဝေလို့ ကောင်းတဲ့အရာမဟုတ်ပါဘူး။ အရှက်ရစရာကိစ္စတွေ၊ မကောင်းတဲ့ အကျင့်တွေ၊ အတိတ်အကြောင်းနဲ့အနာဂတ် အကြောင်း တွေကို ကွီးကို ပြောပြနေမယ်ဆိုရင် ဒါကကွီးကို ယုံကြည်တဲ့သဘောပါပဲ။

မိန်းကလေးတွေက ကွီးတို့ကို ယုံကြည်ရတဲ့သူအဖြစ် ဒါမှမဟုတ် အနာဂတ် လက်တွဲဖော်အနေအဖြစ် သက်မှတ်ထားလို့ ဒီအကြောင်းတွေကို ပြောပြတာလည်းဖြစ်နိုင်ပါတယ်။

Body language ကိုသေချာကြည့်ပါ

Source: Understood.org

မိန်းကလေးတော်တော်များများက သူတို့ကြိုက်နှစ်သက်တဲ့ အမျိုးသားတွေနဲ့ တွေ့ရင် မသိမသာ ခန္ဓာကိုယ်အနေအထား ပြောင်းလေ့ရှိပါတယ်။ သူမ နဲ့တွေရင် အောက်ဖော်ပြပါချက်တွေကို သတိထားပြီး ကြည့်ပါ။

  • နုတ်ခမ်းကို မကြာကြာကိုက်တာ
  • ဆံပင်တွေကို ဆော့ကစားတာ
  • မကြာခဏပြုံးတာ
  • မျက်လုံးခြင်းဆုံအောင် ကြည့်တာ
  • ရီမောတာ

သင်နဲ့တွေတဲ့အချိန်တိုင်း လှလှပပ ဝတ်ဆင်လာမယ်

Source: enki relations

သူမသူငယ်ချင်းတွေနဲ့ရှိတဲ့အချိန် ဝတ်ဆင်ပုံနဲ့ သင်နဲ့တွေ့တဲ့အချိန် ဝတ်ဆင်ပုံကို သေချာကြည့်ပါ။ ကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။သင်နဲ့ တွေ့တဲ့ အချိန်တိုင်းမှာ ပုံမှန်မဟုတ်ပဲ လှပစွာ ဝတ်စားဆင်ယင်လာတတ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု

Source: Dreamstime

နှစ်ယောက်ထဲ ရှိတဲ့အချိန်မှာ အဓိက နေရာကိုမဟုတ်ပဲ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စကားပြောနေရင်း ထိတွေ့မှုတွေ ရှိတတ်ပါတယ်။ ရယ်စရာတွေပြောရင်း ပခုံးကို ရိုက်တာ လက်တို့ပြီး စကားတွေ ပြောတာ စတာတွေ လုပ်လာပါလိမ့်မယ်။ဒါတွေက မိန်းကလေးတွေဟာ သူတို့ စိတ်ဝင်စားနေတဲ့ ယောက်ကျားလေးတွေကိုပဲ လုပ်လေ့ရှိတာပါ။