ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်း အဆင်ပြေချောမွေ့စွာ တိုးတက်အောင်မြင်မှုရရှိနိုင်ဖို့အတွက် အတုယူသင့်တဲ့စိတ်ဓာတ်မျိုးကို ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ ဘောလုံးအားကစားသမားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။

ကိုယ်ပိုင်အရည်အချင်းရှိရမယ်

Source: ABC News

ဘယ်လိုပုဂ္ဂိုလ်မျိုးမှ အစထဲကတော်နေ တတ်နေတာမျိုး မရှိနိုင်ပါဘူး။ စစ်မှန်တဲ့ကိုယ်ပိုင်အရည်အချင်းတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် လေ့ကျင့်ပုံဖော်ရမှာပဲဖြစ်ပါတယ်။ အမြဲတမ်း ၁ ဖြစ်ဖို့အတွက်ကတော့ ကိုယ့်မှာတန်ဖိုးရှိတဲ့ ကိုယ်ပိုင်အရည်အချင်းတွေလိုအပ်ပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်မှုရှိရမယ်

Source: telegraph.co.uk

ဘောလုံးသမားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ သာမန်လူတစ်ယောက်လိုမဟုတ်ပါဘူး။ ဆင်နွှဲရတဲ့ ပွဲတိုင်းမှာ အရှုံးဘက်ကိုရောက်နေရင်တောင် နောက်ဆုံးအချိန်ထိ အလျှော့မပေးပဲကြံ့ကြံ့ခိုင်တဲ့ဇွဲတွေနဲ့ ရင်ဆိုင်သွားတတ်တဲ့ စိတ်ဓာတ်မျိုးဖြစ်ပါတယ်။

အားငယ်စိတ်ပျက်ခြင်းမရှိစေရပါ

Source: AS English – Diario AS

ဘယ်လောက်ပဲ အရှုံးဂိုးတွေရရှိနေပါစေ သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်ထိကြိုးစားအားထုတ်မှုတွေကို မရပ်တန့်ဘဲ တစ်မိနစ်ကျန်တဲ့အထိ ရေကုန်ရေခမ်းကြိုးစားတတ်တဲ့ လုံ့လနဲ့ဇွဲက ဘောလုံးသမားကောင်းတွေမှာသာ တွေ့နိုင်ပါတယ်။

စုပေါင်းစွမ်းဆောင်နိုင်မှု

Source: Zimbio

ဘောလုံးပွဲတစ်ပွဲမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ယှဉ်ပြိုင်မှုကသာ အဓိကဖြစ်ပါတယ်။ အကောင်းဆုံး စုပေါင်းစွမ်းအားနဲ့ အချိတ်အဆက်မိမိ တည်ငြိမ်စွာကစားနိုင်ခဲ့ရင်တော့ သေချာပေါက်အနိုင်ရရှိမှာဖြစ်ပါတယ်။