ဘယ်အသင်းက လူကျွံဘောအပေးရဆုံးအသင်းတွေဖြစ်မလဲ။ ဂိုးရဖို့စိတ်စောနေတဲ့ အခါမျိုးမှာ ပြိုင်ဘက်နောက်တန်းကစားသမားထက် ကိုယ်က ဂိုးရှေ့ကို ရောက်နေတဲ့ အခါမျိုးမှာ လူကျွံဘောပေးရတတ်ပါတယ်။ (၂၀၁၇-၂၀၁၈) ဘောလုံးရာသီမှာ လူကျွံဘောအပေးရဆုံးအသင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

5. West Ham United

Source: sillyseason.com

ဝက်စ်ဟမ်းအတွက်တော့ ကံဆိုးတဲ့နှစ်တစ်နှစ်လို့ပြောရမှာပေါ့ဗျာ။ ဒေးဗစ်မိုးယက်စ်ရဲ့ ဟမ်းမားတွေဟာ ယခုနှစ်ရာသီမှာ ခြေစွမ်းအနည်းငယ်ကျဆင်းနေပြီး လူကျွံဘောတွေလည်း အများအပြားပေးရတာဖြစ်ပါတယ်။ လူကျွံဘော (၈၀) အထိပေးထားရပါတယ်။

4. Arsenal

Source: sillyseason.com

နည်းပြကြီးအာစင်ဝင်းဂါးရဲ့ အမြှောက်တွေကတော့ လူကျွံဘော (၈၂) ကြိမ်အထိပေးထာရပါတယ်။ လာကာဇတ်တီိ၊ အူဘာမီးယန်းအစရှိတဲ့ တိုက်စစ်ကစားသမားနှစ်ယောက်ကို ခေါ်ယူအားဖြည့်ထားသော်လည်း ထင်သလောက် မဖြစ်သေးတာဖြစ်ပါတယ်။ ပရီးမီးယားလိင်္ဂမှာတော့ ရလာဒ်တွေဆိုးနေပြီး၊ ဘောလုံရသကို အကောင်းဆုံးဖော်ဆောင်ပေးတဲ့ အာဆင်နယ်ကတော့ လူကျွံဘော အမြောက်အများပေးထားရတာလည်းဖြစ်ပါတယ်။

3. Burnley

Source: sillyseason.com

ဘန်လေအသင်းကတော့ ယခုနှစ်ရာသီမှာ တန်ပြန်တိုက်စစ်ကို အဓိကဦးတည်ကစားတာဖြစ်ပြီး လူကျွံဘော တတိယအများဆုံးပေးထားရပါတယ်။

2 .Brighton and Hove Albion

Source: sillyseason.com

အဆိုပါအသင်းကတော့ ပရီးမီးယားလိဂ်ရဲ့ အဆင့်သတ်မှတ်ချက်အလယ်အလတ်နေရာမှာရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်နဲ့ သိပ်မရင်းနှီးသေးတဲ့ သူတို့ကတော့ လူကျွံဘော ဒုတိယအများဆုံးပေးထားရပါတယ်။

1. Chelsea FC

Source: sillyseason.com

အဆင့်တစ်နေရာမှာရပ်တည်နေတာကတော့ ချယ်ဆီးအသင်းပါ။ အဆိုပါရလာဒ်ဟာ ကျနော်ကို အံသြစေခဲ့ပါတယ်။ သူတို့ဟာ လူကျွံဘော (၉၈) ကြိမ်အထိပေးထားရတာပါ။ ဟာဇတ်၊ မိုရာတာတို့ရဲ့ တန်ပြန်တိုက်စစ်တွေက ယခုနှစ်ရာသီမှာအလုပ်ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကစားပုံနဲ့ ကျင့်သားမရသေးတဲ့ မိုရာတာကြောင့် လူကျွံဘောအများအပြားပေးခဲ့ရတာဖြစ်ပါတယ်။