[Zawgyi]

ကမာၻ႔အႀကီးဆုံးကိုယ္ခံပညာသိုင္းေပါင္းစုံအဖြဲ႕အစည္း ONE Championship ဟာ ဂ်ပန္ႏိုင္ငံမွာ က်င္းပမဲ႔ ONE: CENTURY ၿပိဳင္ပြဲႀကီးမွာ ပါဝင္မဲ႔ တြဲဆိုင္းစာရင္းကို ထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။ ယခုပြဲဟာ ONE Championship ရဲ႕ သမိုင္းတေလွ်ာက္ ပြဲ ၁၀၀ ျပည္႔လည္းျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲႀကီးကို ႏိုင္ငံအနွံ႕မွ ဖိုက္တာ ၂၈ ဦးတို႔ ပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ။

ONE ကမာၻ႔ခ်န္ပီယံစိန္ေခၚပြဲ ၄ ပြဲ၊ ONE ဂရင္းပရီခ်န္ပီယံရွစ္ ဗိုလ္လုပြဲ ၃ ပြဲ၊ Shooto ကမာၻ႔ခ်န္ပီယံမ်ားႏွင့္ Pancrase ကမာၻ႔ခ်န္ပီယံမ်ား ယွဥ္ ၿပိဳင္မည့္ တြဲဆိုင္း ၄ ဆိုင္း အပါအဝင္ အျခားထိပ္တန္းကိုယ္ခံပညာ အားကစားသမားမ်ားရဲ႕ တြဲဆိုင္းမ်ားလည္း ပါဝင္ပါတယ္။

Part 1, Part 2 ဆိုၿပီးခြဲထားၿပီးေတာ႔ Part 1 မွာ တြဲဆိုင္း ၁၁ ဆိုင္း ယွဥ္ျပိဳင္ထိုးသက္ၾကမွာပါ။ Part 1 ရဲ႕အဓိကတြဲဆိုင္းႀကီးကေတာ႔ ONE အက္တမ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ Angela Lee ႏွင့္ စိန္ေခၚသူ စေတာဝိတ္တန္းခ်န္ပီယံ Xiong Jing Nan တို႔ ရဲ႕ပြဲျဖစ္ပါတယ္။

Source: MMA Mania

ေနာက္ထပ္စိတ္ဝင္စားစရာတြဲဆိုင္း ကေတာ႔ အေမရိကန္အားကစားသမား Demetrious “Mighty Mouse” Johnson ႏွင့္ ဖိလစ္ပိုင္အားကစားသမား Danny “The King” Kingad တို႔ ယွဥ္ၿပိဳင္ၾကမဲ့ ONE ဖလိုင္းဝိတ္တန္းဂရင္းပရီဗိုလ္လုပြဲပဲျဖစ္ပါတယ္။

လိုက္ဝိတ္တန္းဂရင္းပရီဗိုလ္လုပြဲအျဖစ္ အေမရိ ကန္အားကစားသမား Eddie “The Underground King” Alvarez ႏွင့္ တူရကီအားကစားသမား Saygid “Dagi” Guseyn Arslanaliev တို႔ရဲ႕ တြဲဆိုင္းကလည္း အႀကိတ္အနယ္ရွိႏိုင္ပါတယ္။

ျမန္မာဖိုက္တာ ဖိုးေသာ္ကေတာ႔ ေတာင္ကိုရီးယားအားကစားသမား Yoon Chang Min ႏွင့္ယွဥ္ၿပိဳင္ရမည္ျဖစ္ပါတယ္။

Part 2 ရဲ႕အဓိကတြဲဆိုင္းႀကီးကေတာ႔ ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ျမန္မာ့စပါးအုံး Aung La “The Burmese Python” N Sang နဲ႔ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပက္ စိန္ေခၚသူ ဟဲဗီးဝိတ္တန္းကမာၻ႔ခ်န္ပီယံ Brandon “The Truth” Vera တုိ႔ရဲ႕တြဲဆိုင္းျဖစ္ပါတယ္။

Source: ONE Championship

ေနာက္ထပ္စိတ္ဝင္စားစရာ တြဲဆိုင္းကေတာ႔ လက္ရွိ ဘင္တန္ဝိတ္တန္းခ်န္ပီယံ Bibiano “The Flash” Fernandes နဲ႔ စိန္ေခၚသူ ခ်န္ပီယံေဟာင္း Kevin “The Silencer” Belingon တို႔ရဲ႕ပြဲပဲျဖစ္ပါတယ္။

ONE: CENTURY ပြဲႀကီးဟာ ပရိသတ္ေတြကို လံုးဝစိတ္လႈပ္ရွားစရာေတြ အျပည္႔ေပးနိူင္စြမ္းမွာ ေသခ်ာပါတယ္။

[Unicode]

ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ဟာ ဂျပန်နိုင်ငံမှာ ကျင်းပမဲ့ ONE: CENTURY ပြိုင်ပွဲကြီးမှာ ပါဝင်မဲ့ တွဲဆိုင်းစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ယခုပွဲဟာ ONE Championship ရဲ့ သမိုင်းတလျှောက် ပွဲ ၁၀၀ ပြည့်လည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို နိုင်ငံအနှံ့မှ ဖိုက်တာ ၂၈ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

ONE ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ ၄ ပွဲ၊ ONE ဂရင်းပရီချန်ပီယံရှစ် ဗိုလ်လုပွဲ ၃ ပွဲ၊ Shooto ကမ္ဘာ့ချန်ပီယံများနှင့် Pancrase ကမ္ဘာ့ချန်ပီယံများ ယှဉ် ပြိုင်မည့် တွဲဆိုင်း ၄ ဆိုင်း အပါအဝင် အခြားထိပ်တန်းကိုယ်ခံပညာ အားကစားသမားများရဲ့ တွဲဆိုင်းများလည်း ပါဝင်ပါတယ်။

Part 1, Part 2 ဆိုပြီးခွဲထားပြီးတော့ Part 1 မှာ တွဲဆိုင်း ၁၁ ဆိုင်း ယှဉ်ပြိုင်ထိုးသက်ကြမှာပါ။ Part 1 ရဲ့အဓိကတွဲဆိုင်းကြီးကတော့ ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Angela Lee နှင့် စိန်ခေါ်သူ စတောဝိတ်တန်းချန်ပီယံ Xiong Jing Nan တို့ ရဲ့ပွဲဖြစ်ပါတယ်။

Source: MMA Mania

နောက်ထပ်စိတ်ဝင်စားစရာတွဲဆိုင်း ကတော့ အမေရိကန်အားကစားသမား Demetrious “Mighty Mouse” Johnson နှင့် ဖိလစ်ပိုင်အားကစားသမား Danny “The King” Kingad တို့ ယှဉ်ပြိုင်ကြမဲ့ ONE ဖလိုင်းဝိတ်တန်းဂရင်းပရီဗိုလ်လုပွဲပဲဖြစ်ပါတယ်။

လိုက်ဝိတ်တန်းဂရင်းပရီဗိုလ်လုပွဲအဖြစ် အမေရိ ကန်အားကစားသမား Eddie “The Underground King” Alvarez နှင့် တူရကီအားကစားသမား Saygid “Dagi” Guseyn Arslanaliev တို့ရဲ့ တွဲဆိုင်းကလည်း အကြိတ်အနယ်ရှိနိုင်ပါတယ်။

မြန်မာဖိုက်တာ ဖိုးသော်ကတော့ တောင်ကိုရီးယားအားကစားသမား Yoon Chang Min နှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

Part 2 ရဲ့အဓိကတွဲဆိုင်းကြီးကတော့ ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ့စပါးအုံး Aung La “The Burmese Python” N Sang နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပက် စိန်ခေါ်သူ ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ Brandon “The Truth” Vera တို့ရဲ့တွဲဆိုင်းဖြစ်ပါတယ်။

Source: ONE Championship

နောက်ထပ်စိတ်ဝင်စားစရာ တွဲဆိုင်းကတော့ လက်ရှိ ဘင်တန်ဝိတ်တန်းချန်ပီယံ Bibiano “The Flash” Fernandes နဲ့ စိန်ခေါ်သူ ချန်ပီယံဟောင်း Kevin “The Silencer” Belingon တို့ရဲ့ပွဲပဲဖြစ်ပါတယ်။

ONE: CENTURY ပွဲကြီးဟာ ပရိသတ်တွေကို လုံးဝစိတ်လှုပ်ရှားစရာတွေ အပြည့်ပေးနိူင်စွမ်းမှာ သေချာပါတယ်။