One Championship ပြိုင်ပွဲကို မြန်မာပြည်သူတို့ လက်ခံလာတာ သိပ်မကြာမြင့်သေးပါဘူး။ သို့ပေမယ့် မြန်မာလူမှုအသိုင်းအ၀ိုင်းရဲ့ One Championship ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုကတော့ ကြောက်ခမန်းလိလိပါပဲ။ အဆိုပါပြိုင်ပွဲတွင် မြန်မာလူမျိုး၊ ကချင်တိုင်းရင်းသား အောင်လအန်ဆန် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဟာလည်း မြန်မာတို့ရဲ့ သည်းခြေအကြိုက် ဖြစ်စေခဲ့ပါတယ်။
Source: www.conandaily.com
One Championship ပြိုင်ပွဲကို စင်ကာပူအခြေစိုက် Mixed Material Arts (MMA) မှ ဦးဆောင်ကျင်းပခြင်း ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကိုတော့ ယိုးဒယားလူမျိုး စွန့်ဦးတီထွင်သူ Chatri Sityodtong နှင့် ESPN Sport ရဲ့ အမှုဆောင်ချုပ် Victor Cui တို့က အုတ်မြစ်ချတည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အာရှနိုင်ငံများရဲ့ မြို့တော်များတွင် ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပြီး ကျင်းပတဲ့ပွဲတိုင်းဟာလည်း အောင်မြင်မှုများစွာကို သိမ်းပိုက်ရယူလေ့ရှိပါတယ်။
Source: Ganlob.com
ပြိုင်ပွဲကိုတော့ အာရှဒေသတွင်း ကစားသမားများသာမက ဥရောပနဲ့ အနောက်နိုင်ငံများမှ ကစားသမားများကိုပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားပါတယ်။ ပထမဆုံး ပြိုင်ပွဲကိုတော့ (၂၀၁၁) ခုနှစ် ဖေဖော်ဝါရီ (၃) ရက်နေ့က စင်ကာပူနိုင်ငံရဲ့ Indoor Stadium ကွင်းကြီးထဲတွင် ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။ ယခုအချိန်မှာတော့ ပြိုင်ပွဲပေါင်း (၄၀) ကျော်လောက်အထိကို ကျင်းပပေးခဲ့ပြီးဖြစ်ပါတယ်။
Source: www.klexpatmalaysia.com
ထုတ်လွင့်ခွင့် စပွန်ဆာကိုတော့ အာရှနာမည်ကြီး ရုပ်သံကုမ္ပဏီ FOX Sport Asia က ရယူထားပါတယ်။ ဆယ်နှစ်တာစာချုပ် ချုပ်ဆိုတယ်လို့လည်း သိရှိရပါတယ်။ ပြိုင်ပွဲစည်းမျဉ်းတွေကတော့ အနည်းငယ်ရှုပ်ထွေးပြီး နာမည်ကြီးအတိုက်အခိုက် အားကစားနည်းပေါင်းစုံမှ စည်းမျဉ်းများကို ရောပြွန်ပြီး ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲတွင် ၀ိတ်တန်း (၁၀) ခုအထိ ခွဲထားပြီး ၀ိတ်တန်းအလိုက် ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ဟာဆိုရင် မစ်ဒယ်ဝိတ်နဲ့ Light ဟဲဗီးဝိတ်တန်းနှစ်ခုလုံးရဲ့ ရွှေခါးပတ်ချန်ပီယံဖြစ်ပါတယ်။
One Championship ဟာ အမျိုးသားပြိုင်ပွဲများသာမက အမျိုးသမီးပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပပေးလေ့ရှိပါတယ်။ ပထမဆုံး အမျိုးသမီး အချင်းချင်းထိုးသတ်တဲ့ပွဲစဉ်ကိုတော့ (၂၀၁၂) ခုနှစ် မတ်လ (၃၁) ရက်နေ့က စတင်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
Source: www.mymmanews.com
ထိုပြိုင်ပွဲရဲ့ ထိုးသတ်ပုံတွေဟာ စွဲလန်းစိတ်လှုပ်ရှားဖွယ်ကောင်းပြီး စီစဉ်သူတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ပွဲစဉ်တိုင်းရဲ့ အပြင်အဆင်၊ တီးလုံးသံတွေဟာ အစဉ် ဆန်းသစ်နေပါတယ်။ စပွန်ဆာတွေအနေနဲ့တော့ Facebook, Sony, LG အစရှိတဲ့ ကမ္ဘာနာမည်ကြီး ကုမ္ပဏီတွေက ပေးထားကြပါတယ်။
အဆိုပါပြိုင်ပွဲဟာ တရုတ်နဲ့ မြန်မာမှာဆိုရင် ပြည်တွင်းလိဂ် ရွေခါးပတ်ပွဲစဉ်တွေအထိ ကျင်းပပေးလေ့ရှိပါတယ်။ အဆိုပါပြိုင်ပွဲကို တစ်ကမ္ဘာလုံးက တိုက်ရိုက်ကြည်ရှုသူနဲ့ အားပေးသူပရိသတ် သန်းပေါင်းများစွာရှိပါတယ်။ မြန်မာလူမျိုး အောင်လအန်ဆန်ရဲ့ တောက်ပမှုနဲ့အတူ One Championship ပြိုင်ပွဲဟာ မြန်မာပြည်သူတို့ရဲ့ စိတ်ဝင်စားအာရုံစူးစိုက်မှုတို့ကို အပြည့်အဝရရှိလာပြီဖြစ်ပါတယ်။