ခန္ဓာကိုယ်မှာအဆီတွေနဲ့ပိုလျှံနေတဲ့အခါ ကြွက်သားတွေရဲ့အလှအပတွေကို ပေါ်လွင်နိုင်မှာမဟုတ်တော့ပါဘူး။ ကြွက်သားတွေကို ပိုမိုပေါ်လွင်ဖို့အတွက် အဆီပိုတွေကို မိနစ် ၂၀ အတွင်း လျှော့ချချင်ပါသလား။

ပထမအဆင့်

Source: Men’s Health

သင့်တော်တဲ့အလေးချိန်ရှိတဲ့ ဝိတ်တုံးတစ်တုံးလိုအပ်ပါတယ်။ ခန္ဓာကိုယ်ကိုမတ်တတ်အနေအထားဖြင့် ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားပါ။ လက်နှစ်ဖက်မှာ ဝိတ်တုံးကိုကိုင်ထားပြီး ရှေ့တည့်တည့်မှာရှိပါစေ။ အဆိုပါအနေအထားအတိုင်း ဖြေးညှင်းစွာထိုင်ချပါ။ အောက်ထိမထိုင်ဘဲ ၃ချိုး၂ချိုးလောက်သာ ထိုင်ရမှာဖြစ်ပါတယ်။

ဒုတိယအဆင့်

Source: Golfication

ဒီအဆင့်မှာတော့ အမျိုးသားတိုင်းသိပြီးသားဖြစ်တဲ့ ဒိုက်ထိုးခြင်းပါပဲ။ အသက်ကိုပုံမှန်ရှူရှိုက်ပြီး ပထမအ ကြိမ်-၂၀၊ နောက်ခဏနားပြီး ဒုတိယအကြိမ်-၂၀။ ထိုသို့ပုံစံမျိုး (၃) ကြိမ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

တတိယအဆင့်

Source: menshealth.nl

တတိယအဆင့်မှာတော့ Kettlebell ကို အသုံးပြုရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကိုမတ်တတ်အနေအထားဖြင့် ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားပါ။ လက်နှစ်ဖက်မှာ Kettlbell ကိုကိုင်ထားပြီး ဒူးကိုအနည်းငယ်ကွေးလိုက်ပါ။ တဆက်ထဲ လက်ကခြေထောက်နှစ်ချောင်းကြားမှ အနောက်ဘက်ကိုလွှဲပါစေ။

စတုတ္ထအဆင့်

Source: Coach Mag

ဒီအဆင့်မှာ ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေတောင့်တင်းဖို့အတွက် လေ့ကျင့်မှာဖြစ်ပါတယ်။ အားကစားခန်းမမှာ လိုအပ်တဲ့ကိရိယာရှိမှာဖြစ်ပေမယ့် ကိုယ့်အိမ်မှာဆိုရင်တော့ သင့်တော်တဲ့အမြင့်ရှိတဲ့ခုံကို သုံးနိုင်ပါတယ်။ ပုံပါအတိုင်း ခြေထောက်တစ်ဖက်ကို ခုံပေါ်ကိုနောက်ပြန်တင်ထားပြီး ခန္ဓာကိုယ်ကို ၃ ချိုး ၂ ချိုး ဖြေးညင်းစွာထိုင်ချပေးပါ။ ခြေထောက်နှစ်ဖက်ကို အဆိုပါအတိုင်း တလှည့်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။