အလုပ်ထဲမှာပဲဖြစ်စေ၊ မိသားစုကိစ္စနဲ့ပဲဖြစ်စေ စိတ်တွေဖိစီးပြီး ပင်ပန်းနွမ်းနယ်နေပြီလား။ ဒါဆို အခင်မင်ရဆုံး မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ Home Party အသေးစားလေးတစ်ခု ကျင်းပပြီး စိတ်ကို ပျော်ရွှင်အောင်ပြောင်းလဲ ကြည့်လိုက်ပါ။

ပါတီကျင်းပမည့်နေရာ

Source : Aeropaca.Org

အိမ်မှာ သူငယ်ချင်းတွေနဲ့ ပါတီပွဲလေးတစ်ခု ကျင်းပချင်ပါတယ်။ ဒါပေမယ့်ကိုယ့်အိမ်မှာ လူကြီးတွေက ရှိနေတယ်။ ခြံဝန်းကလည်း ပါတီကျင်းပရလောက်အောင် ကျယ်ဝန်းမှုမရှိဘူး။ ဒါဆို သင့်အိပ်ခန်းရဲ့ ထပ်ခိုးထပ် လေးကို ရွေးချယ်လိုက်ပါ။

ဘယ်လိုလူတွေကိုဖိတ်မလဲ

Source : Canva

ပါတီပွဲကျင်းပမယ့်နေရာက အိမ်ထပ်ခိုးထပ်ဖြစ်တဲ့အတွက် အရမ်းကြီး ကျယ်ဝန်းနေမှာ မဟုတ်ပါဘူး။ ဒီ တော့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံးကိုတော့ ဘယ်ဖိတ်လို့ရမလဲနော်။ ကိုယ့်ရဲ့ အခင်ဆုံးမိတ်ဆွေ၊ သူငယ်ချင်းတွေကိုသာ သေချာရွေးချယ်ပြီး ဖိတ်သင့်ပါတယ်။

အဖျော်ယမကာနဲ့ စားသောက်ဖွယ်ရာများ

Source : Dreamstime.com

စိတ်တိုင်းကျ ဖြစ်စေမယ့် အဖျော်ယမကာမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ သဘောကျနှစ်သက်စေမယ့် စားသောက်စရာမျိုးကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

ဂရုပြုရရှောင်ကြဉ်သင့်

Source: x-default

အိမ်ထပ်ခိုးပေါ်မှာ ကျင်းပတဲ့ ပါတီပွဲဖြစ်တဲ့အတွက် အရမ်းကြီး ကဲဖို့တော့ အဆင်မပြေလောက်ဘူးနော်။ အဓိကအားဖြင့် အလွန်အမင်း ဆူညံမှုမဖြစ်အောင်တော့ သတိပြုရမှာဖြစ်ပါတယ်။

အိမ်ပြန်ချိန်

Source : celebrity-booking.com

ပါတီပွဲမှာ ပျော်ရွှင်ပြီးတဲ့နောက် ပါတီပွဲတက်ရောက်သူများအနေနှင့် ကိုယ့်ရဲ့ အိမ်ပြန်ချိန်ကို ဂရုပြုသင့်ပါတယ်။ မိုးလင်းတဲ့အထိ အိမ်ထပ်ခိုးပေါ်မှာတော့ ရှိမနေသင့်ပါဘူး။