အမျိုးသားတစ်ယောက်အတွက် အလိုအပ်ဆုံးနဲ့ ခန့်ညားမှုအရှိနိုင်ဆုံးအသုံးအဆောင်တစ်ခုကတော့ ကားပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အရွယ်ရောက်တဲ့အမျိုးသားတိုင်း ယာဉ်မောင်းလိုင်စင်ရှိကြပါတယ်။ ကိုယ့်ကားလေးရဲ့အတွင်းပိုင်းကို သူများတွေထက် ထူးခြားအောင်ဘယ်လိုဒီဇိုင်းတွေနဲ့ အလှဆင်ကြမလဲ။

ရိုးရှင်းတဲ့ဒီဇိုင်း

Source: Pinterest

အရိုးဆုံးဟာ အဆန်းဆုံးဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ကြည့်လိုက်တာနဲ့အေးချမ်းသွားစေတဲ့ အရောင်များကိုသုံးပြီး ရိုးရှင်းတဲ့အတွင်းပိုင်းအပြင်အဆင်က ထူးခြားတဲ့စတိုင်တစ်ခုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ရှေးခေတ်ဒီဇိုင်း

Source: Chainimage

ကားအတွင်းပိုင်းအပြင်အဆင်ကို ထူးခြားဆန်းသစ်တဲ့စိတ်ကူးတွေနဲ့ ပြင်ဆင်ချင်ပါသလား။ ဒါဆိုရှေးခေတ်ဒီဇိုင်းတွေနဲ့ ပုံဖော်ကြည့်လိုက်ပါ။ ၁၉၉၀ ခုနှစ်ခန့်က ဒီဇိုင်းတွေဟာ ယနေ့ခေတ်မှာပြန်လည်ဆန်းသစ်နေပြီဖြစ်ပါတယ်။

အရောင်စုံကာလာများနဲ့လူငယ်ဒီဇိုင်း

Source: antonukhanov.livejournal.com

ကိုယ်ဟာ တက်ကြွလန်းဆန်းတဲ့စိတ်ခံစားမှုတွေနဲ့ ပျော်ရွှင်နေသူတစ်ယောက်ဆိုပါက ကိုယ့်ကားရဲ့အတွင်းပိုင်းပြင်ဆင်မှုတွေဟာလည်း လူငယ်ဆန်တဲ့ဒီဇိုင်းတွေဖြစ်သင့်တာပေါ့။ ကားအတွင်းပိုင်း အသုံးအဆောင်ပစ္စည်းတွေကို လူငယ်ဆန်ဆန်တွေ ရွေးချယ်သင့်ပါတယ်။

တည်ငြိမ်တဲ့ဒီဇိုင်း

Source: dailycarblog.com

ခန့်ညားတည်ငြိမ်တဲ့လူကြီးလူကောင်းစတိုင်နဲ့ သင့်အတွက် ကားအတွင်းပိုင်းဒီဇိုင်းအပြင်အဆင်ကို ရွေးချယ်တဲ့နေရာမှာ ခပ်ရင့်ရင့်အရောင်တွေနဲ့ လူကြီးဆန်တဲ့အသုံးအဆောင်တွေကို ဦးစားပေးသင့်ပါတယ်။