အဆိုတော် ဂရေဟမ်ရဲ့ သမီးအကြီးလေးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ လတ်တလောမှ သီချင်းခွေအတွက် ပြင်ဆင်နေပါတယ်။ နောက်တစ်လလောက်နေရင်တော့ သူစီစဉ်နေတဲ့ အခွေလေး ထွက်နိုင်လိမ့်မယ်လို့တော့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။
Source: PannYaung Chel facebook
ပန်းရောင်ခြယ်ကို က မင်းသမီးလုပ်ဖို့တော့ အစီအစဉ်မရှိဘူးလားဆိုတဲ့ မေးခွန်းကို မေးတဲ့အခါမှာတော့ ပန်းရောင်ခြယ်က “ကိုယ့်ဘာသာကိုယ်လည်း သရုပ်မဆောင်တတ်ဘူးလို့ ထင်တယ်။ ကြော်ငြာလေးတွေ ၊ မြူးဇစ်ဗီဒီယိုလေးတွေ မှာပဲ သရုပ်ဆောင်နိုင်သေးတယ်လို့ထင်တယ်။” လို့ ဖြေကြားခဲ့ပါတယ်။
Source: PannYaung Chel facebook
သီချင်းနဲ့ ပတ်သက်ပြီး ညီမနှစ်ယောက်လည်း တိုင်ပင်တယ်၊ သားအဖသုံးယောက်လည်း တိုင်ပင်ဖြစ်တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ ညီမလေးကတော့ သူ့ထက်တောင် စိတ်အားထက်သန်ပြီး ဂီတနဲ့ ပတ်သက်ပြီး သိသင့်တဲ့ ဗဟုသုတတွေ ရှိတယ်လို့ ပြောပါတယ်။
Source: PannYaung Chel facebook
ညီမလေးက ခုချိန်မှာ အရမ်းကြိုးစားနေပြီး အဆိုတော်တစ်ယောက်ဖြစ်ဖို့ ဝမ်းစာဖြည့်နေကြောင်း ၊ ညီမလေးကိုလည်း အားပေးစေချင်ကြောင်း သူက ပြောသွားခဲ့ပါတယ်။
Source: PannYaung Chel facebook