သင့်ချစ်သူက အရမ်းအံ့သြပြီး အရင်ကထက်ပိုချစ်လာစေမယ့် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ဒါကတော့ အားလပ်ရက်မှာဖြစ်စေ၊ အချိန်တစ်ခုသီးသန့်ပေးပြီးဖြစ်စေ မီးဖိုချောင်ထဲဝင်လိုက်ရုံပါပဲ။

မီးဖိုခန်းထဲခဏ၀င်ကြည့်ပါ

Source: pnvnnuocngoai.vn

စားသောက်ဖွယ်ရာတွေချက်ပြုတ်ပြင်ဆင်တာဟာ မိန်းမတစ်ယောက်ထဲရဲ့တာဝန်လို့ ယူဆမထားပါနဲ့။ တမနက်ခင်းလောက်မီးဖိုထဲ ၀င်ချက်ပြုတ်လိုက်တာနဲ့ ချစ်ရတဲ့မိန်းကလေးရဲ့ တစ်သက်တာချစ်ခင်မှုကို ရသွားပါလိမ့်မယ်။

ကြိုးစားပြင်ဆင်ထားကြည့်ပါ

Source: twitter.com

ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအချိန်တွေထဲမှာ မီးဖိုချောင်ထဲဝင်တဲ့အချိန်လည်း ပါပါတယ်။ ကြိုးစားပြီးချက်ပြုတ်ထားတဲ့စားကောင်းသောက်ဖွယ်တွေနဲ့ မိသားစုကို အစွမ်းပြလိုက်ပါ။ စတိုင်အကျဆုံး ယောက်ျားဟာသင်ပဲပေါ့။

မိန်းကလေးတွေရဲ့ပါးစပ်ဖျားမှာနေရာယူကြည့်ပါ

Source: Shutterstock

ယောက်ျားတစ်ယောက်မီးဖိုထဲဝင်တာ ရှက်စရာမဟုတ်ပါဘူး။ တစ်ယောက်ထဲချက်ပြုတ်တာဖြစ်စေ၊ မိန်းမကိုညီပေးတာဖြစ်စေ၊ အဲ့အချိန်ဟာ ချစ်ခင်နှစ်လိုဖွယ်အကောင်းဆုံးအချိန်ပါ။