Home Party ပွဲတစ်ပွဲဟာ သောက်စရာ အဖျော်ယမကာတွေကိုချည်း ဦးစားပေး စီစဉ်နေလို့ မရပါဘူး။ ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေကိုလည်း ပါတီဆင်နွှဲသူများ အံ့အားသင့်သွားလောက်အောင်ကို စီမံထား ဖို့ လိုအပ်ပါတယ်။ ဒါမှ အမိုက်စား Home Party လေးတစ်ခုအဖြစ် မိတ်ဆွေများက ကောင်းချီးပေးကြမှာ ဖြစ်ပါတယ်။
Blueberry Pie
Source : Instructables
ဂျုံနဲ့ပြုလုပ်ထားပြီး ဘလူးဘယ်ရီသီးလေးတွေကို မြှုပ်ထားတဲ့ အရသာကောင်းမွန်လှသော မုန့်တစ်မျိုးဖြစ်သည်။ အမေရိကန်နိုင်ငံမှာ လူကြိုက်များလှသော ကွတ်ကီးအမျိုးအစား တစ်မျိုးဖြစ်သည်။
Watermelon Pizza
Source : Go Dairy Free
တကယ့်ကို ပါတီပွဲနဲ့ လိုက်ဖက်တဲ့ စားကောင်းသောက်ဖွယ်တစ်မျိုး ဖြစ်ပါတယ်။ ပေါ့ပါးလန်းဆန်းမှု ကို အပြည့်အ၀ပေးနိုင်ပါလိမ့်မယ်။ ဖရဲသီးအစိတ်တွေပေါ်မှာ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတဲ့ အသီးအနှံပေါင်းစုံနဲ့ ပီဇာသဖွယ် ဆန်းသစ်ထားတဲ့ ဖရဲသီးပီဇာပဲ ဖြစ်ပါတယ်။
Banana Split Pops
Source : sugarkissed.net
ဒါဟာလည်း ပါတီပွဲတက်ရောက်လာသူတိုင်းကို ပြုံးပျော်ရွှင်သွားစေနိုင်တဲ့ သရေစာလေးတစ်မျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးကို ချောကလက်၊ ခရင်မ်၊ ရောင်စုံသကြားခဲလေးများ စတဲ့အရသာရှိတဲ့ အရာတွေကို တရစ်ချင်းစီ ဖုံးအုပ်ပြီး ရေခဲချောင်းသဖွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။
Ice Cream Cupcake
Source : Chowhound
အမိုက်စား အဆာပြေစားဖွယ် Cupcake တမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန် စားနေကျ Cupcake လို တော့မဟုတ်ဘူးနော်။ ဆန်းသစ်တဲ့ Ice Cream Cupcake လေးပဲ ဖြစ်ပါတယ်။