ပါတီတစ်ခုကို ကျင်းပတော့မှာလား။ ပါတီမှာ ဘာအရောင်တွေကို သုံးဖို့ စဉ်းစားပြီးပြီလဲ။ ပါတီမှာ သုံးမယ့် အရောင်တွေရဲ့ အဓိပ္ပါယ်ကိုရော သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ ပါတီကျင်းပရာမှာ သင်အသုံးပြုမယ့် အရောင်တွေရဲ့ အဓိပ္ပါယ်တွေကို သိဖို့အတွက် အခုအချိန်ပေးပြီး ဖတ်ကြည့်နော်။

Source: Shutterstock

ပါတီပွဲမှာ အနီရောင်ကို အသုံးပြုကြတာ ဘာအဓိပ္ပါယ်လဲ။ အနီရောင်ဆိုတာ တကယ်တော့ ရဲရင့်တောက်ပတဲ့ အဓိပ္ပါယ်ပါ။ အန္တရာယ်အရောင်ပါ။ စွဲလမ်းတပ်မက်မှုဆိုလည်း ဟုတ်သလို စိတ်လှုပ်ရှားမှုနဲ့ အင်အားပါပဲ။ ကိုယ့်ပါတီမှာ အနီရောင်သုံးမယ်ဆိုရင် အနီရောင်ရဲ့ အဓိပ္ပါယ်လေးတွေတော့ သိထားရပါမယ်။

Source: Shutterstock

လိမ္မော်ရောင်ကတော့ လန်းဆန်းတဲ့ အဓိပ္ပါယ်ပါ။ လတ်ဆတ်တက်ကြွတာ ၊ လူငယ်ဆန်တာ ၊ တီထွင်ဖန်တီးမှုအားကောင်းတာနဲ့ စွန့်စားရဲတဲ့ အဓိပ္ပါယ်တွေကို လိမ္မော်ရောင်က ကိုယ်စားပြုပါတယ်။ လိမ္မော်ရောင်ကို ပါတီမှာ သုံးမယ်ဆိုရင် ဒီအဓိပ္ပါယ်လေးတွေနဲ့ တွဲစပ်ဖို့တော့ လိုပါတယ်။

Source: Shutterstock

အဝါရောင်ကတော့ အကောင်းမြင်မှုလို့ ပြောရမှာပါ။ ကောင်းတဲ့ အရာတွေ ဖြစ်လာဖို့ မျှော်လင့်တာမျိုး ၊ အားပေးအားမြှောက်ပြုတာမျိုး ၊ ဂုဏ်ပြုတာမျိုး ၊ ပျော်ရွှင်မြူးထူးမှုတွေရဲ့ ကိုယ်စားပြု အရောင်ဟာ အဝါရောင်ပါ။ အဝါရောင်တွေနဲ့ ဖန်တီးထားတဲ့ ပါတီပြင်ဆင်မှုဟာ ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်မှုတို့ကို ကိုယ်စားပြုပါတယ်။

Source: Shutterstock

အစိမ်းရောင်ကတော့ သဘာဝဆန်တာပါ။ တက်ကြွရွှင်လန်းမှုတွေကိုလည်း အစိမ်းရောင်နဲ့ တင်စားတတ်ကြပါတယ်။ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တာတွေကိုလည်း အစိမ်းရောင်နဲ့ ကိုယ်စားပြုပါတယ်။ နောက် ကျန်းမာရေးအတွက်ကလည်း အစိမ်းရောင်ပါပဲ။ ကျောင်းတွေ ၊ ဆေးရုံတွေမှာ အစိမ်းရောင်သုံးတာဟာ ဒီသဘောပဲဖြစ်ပါတယ်။ အစိမ်းရောင်ရဲ့ အဓိပ္ပါယ်ကတော့ ရှင်သန်နေထိုင်ခြင်းပါ။

Source: Shutterstock

အပြာရောင်ကတော့ ယုံကြည်မှုပါ။ ရင်းနှီးနွေးထွေးမှု ၊ ယုံကြည်မှု ၊ စိတ်သက်သာရာရမှုတို့ရဲ့ အဓိပ္ပါယ်ကို အပြာရောင်နဲ့ ကိုယ်စားပြုပါတယ်။ ပါတီပွဲမှာ အပြာရောင် သုံးထားတာဟာ လုံခြုံစိတ်ချမှုတွေ စိတ်သက်သာရာရမှုတွေကို ခံစားရရှိစေနိုင်ပါတယ်။

ဒီတော့ ဒီအရောင်လေးတွေရဲ့ အဓိပ္ပါယ်နဲ့ အတူ ကိုယ်ကျင်းပမယ့် ပါတီရဲ့ theme နဲ့ လိုက်ဖက်မှုရှိမရှိ ရွေးချယ်ကြပါနော်။