အမျိုးသားတိုင်းဟာ စိတ်တိုင်းကျခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြပါတယ်။ အများစုဟာ နေ့ရော၊ ညပါခန္ဓာကိုယ်ကျစ်လစ်တောင့်တင်းနိုင်ဖို့ကို ကြိုးစားလုပ်ဆောင်တတ်ကြပါတယ်။ သင့်အိမ်မှာ စိတ်တိုင်းကျအားကစားလုပ်ဆောင်ဖို့အတွက် Gym ခန်းမငယ်လေးတစ်ခု ရှိသင့်ပါတယ်။ ဘာတွေလိုအပ်မလဲနော်။
Abdominal Bench
Source: Powerhouse Fitness
ခန္ဓာကိုယ်ရင်အုပ်ကြွက်သားတွေ ကျစ်လစ်သန်မာဖို့အတွက် လိုအပ်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။ စိတ်တိုင်းကျလှပတောင့်တင်းတဲ့ ရင်အုပ်ကြွက်သားတွေကို ပုံဖော်နိုင်မှာပဲဖြစ်ပါတယ်။
Stationary Bike
Source: DICK’S Sporting Goods
ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေအတွက် အထူးသင့်တော်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ ပေါင်နဲ့ခြေသလုံးမှာရှိတဲ့ ကြွက်သားတွေကို ကျစ်လစ်သန်မာစေမှာပဲဖြစ်ပါတယ်။
Treadmill
Source: DICK’S Sporting Goods
သွေးလည်ပတ်မှုကောင်းမွန်စေပြီး သက်လုံကောင်းအောင်စွမ်းဆောင်ပေးနိုင်တဲ့ ကိရိယာပဲဖြစ်ပါတယ်။ အမောခံနိုင်ပြီး ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
Metal Plates/Bumper Plates
Source: DICK’S Sporting Goods
လက်မောင်းကြွက်သားတွေကို တောင့်တင်းသန်မာစေမှာဖြစ်ပါတယ်။ လုပ်ဆောင်ရတာလွယ်ကူပြီး မဖြစ်မနေထားရှိသင့်တဲ့ ကိရိယာတစ်ခုပဲဖြစ်ပါတယ်။